ထိုင်ဝမ်နှင့် ယူကရိန်းနိုင်ငံရေးအခြေအနေတို့ကို ဆက်စပ်နှိုင်းယှဉ်ရန် မသင့်လျော်ဟု ထိုင်ဝမ်ပြောကြား
02 Mar 2022
ထိုင်ဝမ်၏ နိုင်ငံရေးအခြေအနေနှင့် ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေတို့သည် လုံးဝကွဲပြားခြားနားသောကြောင့် ထိုင်ဝမ်နိုင်ငံရေးအခြေအနေနှင့် ယူကရိန်းနိုင်ငံရေး အခြေအနေတိုကို့ ဆက်စပ်ပြောကြားနေရန် မသင့်လျော်ကြောင်းနှင့် လူအများအနေဖြင့် “ယနေ့ ယူကရိန်းပြီးရင် မနက်ဖြန် ထိုင်ဝမ်” ဟုဆိုခြင်းဖြင့် အခြေအနေကို လှုံ့ဆော်ရန် မကြိုးစားသင့်ကြောင်း ထိုင်ဝမ်အစိုးရက တနင်္လာနေ့တွင် ပြောကြားသည်။