ကာဘူးလ်ဆေးရုံကို အိုင်အက်စ် တိုက်ခိုက်မှုကြောင့်လူ ရ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

04 Nov 2021

အစ္စလာမ်မစ် စစ်သွေးကြွများသည် အင်္ဂါနေ့တွင် အာဖဂန်မြို့တော်ရှိ စစ်ဆေးရုံတစ်ခုသို့  အဝင်ဝ၌  ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးလူ ရ ဦးသေဆုံးခဲ့ကြောင်း တာလီဘန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ရေငုပ်သင်္ဘော စာချုပ်ကိစ္စတွင် ဩစတြေးလျ ဝန်ကြီးချုပ်သည် သူ့အား လိမ်ညာခဲ့ကြောင်း ပြင်သစ်သမ္မတမက်ခရွန် ပြော

03 Nov 2021

ဩစတြေးလျဝန်ကြီးချုပ်သည် ဖျက်သိမ်းလိုက်သော ရေငုပ်သင်္ဘော ရောင်းဝယ်မှု သဘောတူညီချက်တွင် သူ့အား ပြောင်ပြောင်တင်းတင်းလိမ်ညာခဲ့သည်ဟု ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ သမ္မတ၏ပြောကြားချက်ကြောင့် ရှိနှင့်ပြီးသား သံတမန်ရေးရာ အကျပ်အတည်းကို ပို၍ကြီးမားလာစေကြောင်း သတင်းက ဆိုသည်။

နှစ်ပတ်ကျော် ပျောက်ဆုံးနေသော လေးနှစ်အရွယ်ကလေးငယ်အား ကျန်းမာစွာ ပြန်တွေ့

03 Nov 2021

ပျောက်ဆုံးနေသော လေးနှစ်အရွယ် ကလေးငယ်အား ကျန်းကျန်းမာမာဖြင့် ပြန်လည်တွေ့ရပြီဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်သံတမန်ဟောင်းနှင့် ဓားစာခံညှိနှိုင်းရေးသမား ဘီလ်ရစ်ချတ်ဆန် မြန်မာသို့ ရောက်ရှိ

02 Nov 2021

အမေရိကန်သံတမန်ဟောင်းနှင့် ဓားစာခံညှိနှိုင်းရေးသမား ဖြစ်သူ ဘီလ်ရစ်ချတ်ဆန်သည်  “လူသားချင်းစာနာမှု အကူအညီပေးရေး အထူးအစီအစဉ်” တစ်ရပ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ အဖွဲ့အစည်းက ပြောကြားလိုက်သည်။

ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့်သေဆုံးသူ ၅ သန်းပြည့်ပြီ

02 Nov 2021

ကိုဗစ်ရောဂါကြောင့် သေဆုံးရသူစုစုပေါင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၅ သန်းပြည့်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက တရားဝင်သတင်းရင်းမြစ်များထံမှ စုစည်းထားသည့် စာရင်းများအရ သိရသည်။

ပစိဖိတ်ဒေသ အင်တာနက်ကေဘယ်လိုင်းများအရေး အမေရိကန်-တရုတ် တင်းမာမှုများလွန်ဆွဲ

01 Nov 2021

ပစိဖိတ်ဒေသတွင် အင်တာနက်တပ်ဆင်ရေးသည် အမေရိကန်အစိုးရ၏ စီမံကိန်းတစ်ခုအဖြစ် အစပြုခဲ့ပြီး လက်ရှိအချိန်ထိလည်း အမေရိကန်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေဆဲဖြစ်သည်။ တရုတ်ကုမ္ပဏီများသည် ပင်လယ်ရေအောက် ကေဘယ်ကြိုးများ သွယ်တန်းပေးရာတွင် ပါဝင်လာခဲ့ရာ ပထဝီနိုင်ငံရေးသည် ပစိဖိတ်ကျွန်းဆွယ်တခွင်တွင် အင်တာနက်ကေဘယ်ကြိုးများ တပ်ဆင်ပေးမှုအတွက် ချမှတ်ရမည့် အဓိက ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုး သက်ရောက်လာသည်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်ပြော

01 Nov 2021

ချင်းပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ် ၁၀၀ ကျော်နှင့် ဘုရားရှိခိုးကျောင်းများအား မီးရှို့ဖျက်ဆီးမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း သတင်းများ ထွက်ပေါ်လာသည့်အပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် “အသည်းအသန် စိုးရိမ်ပူပန်” ကြောင်း ပြောကြားလိုက်သည်။

ဘရာဇီးတွင် ဘဏ်ဓားပြဂိုဏ်းအား ရဲတပ်ဖွဲ့ဝင်စီးရာတွင် ဂိုဏ်းသား ၂၅ ဦး သေဆုံး

01 Nov 2021

ဘရာဇီးတွင် ဘဏ်ဓားပြဂိုဏ်းတစ်ခုအား ဝင်ရောက်စီးနင်းရာ၌ ဂိုဏ်းသား ၂၅ ဦး သေဆုံးခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်တွင် အသက် ၅ နှစ်နှင့် ၁၁ နှစ်ကြား ကလေးများအတွက် ဖိုင်ဇာကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ပြု

01 Nov 2021

အမေရိကန်ပြည်ထောင်စုတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များအတွက် ထိုးနှံရန် ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်း သောကြာနေ့တွင် အတည်ပြုလိုက်ပြီဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တာလီဘန်များနှင့် တွေ့ဆုံမည့် အမျိုးသားသီးသန့် နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းအပေါ် မကျေနပ်မှုများ ရှိနေ

31 Oct 2021

တာလီဘန်တို့လက်အောက်တွင် အင်အားစုအားလုံး ပါဝင်သည့် အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်စေရေးအတွက် ကျယ်ကျယ်လောင်လောင် တောင်းဆိုထားကြသော ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ကူညီထောက်ပံ့ရေးအဖွဲ့များသည် သဘောထားတင်းမာသော အစ္စလာမစ်ဝါဒီများနှင့် တွေ့ဆုံရန် အမျိုးသားများချည်းသာ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များကို ကာဘူးမြို့သို့ စေလွှတ်ခဲ့သည့်အတွက် ယခုအခါ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံဥက္ကဌသစ် ကမ္ဘောဒီးယား မြန်မာအပေါ် ဆက်လက်ဖိအားပေးသွားမည်

30 Oct 2021

အာဆီယံဥက္ကဌသစ် ဖြစ်လာမည့် ကမ္ဘောဒီးယားအနေဖြင့် မြန်မာအာဏာပိုင်များအား အတိုက်အခံများနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဖိအားပေးသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုဗစ်ကာကွယ်ဆေး သောက်ဆေးဖော်မျူလာကို ဆင်းရဲနိုင်ငံများနှင့် မျှဝေမည်

29 Oct 2021

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုပေးထားသည့် အဆင်းရဲဆုံးနိုင်ငံများအတွက် ကိုဗစ်သောက်ဆေးကို သက်သာသောနှုန်းထားဖြင့် ထုတ်လုပ်ဖြန့်ချိနိုင်ရန် လိုင်စင်ချပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် သောက်ဆေးထုတ်လုပ်သည့် မာ့ခ် (Merck) ကုမ္ပဏီက ပြောကြားလိုက်သည်။

မှတ်တမ်းအရ ၂၀၂၀ တွင် အာရှသည် အပူချိန်အမြင့်ဆုံး ခံစားခဲ့ရဟု ကုလသမဂ္ဂအဖွဲ့ ပြော

29 Oct 2021

မှတ်တမ်းအရ ၂၀၂၀ ခုနှစ်တွင် အာရှဒေသသည် အပူအလွန်ကဲဆုံး ခံစားခဲ့ရသည် ဟု ၂၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးညီလာခံ (COP26) မတိုင်မီ အင်္ဂါနေ့တွင် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။ ထိုပြင်းထန်လွန်ကဲသော ရာသီဥတုကြောင့် အာရှတိုက်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

လွတ်လပ်မှုအတွက် အာရှနိုင်ငံများနှင့် ရပ်တည်မည်ဟု အမေရိကန်သမ္မတ ပြော

29 Oct 2021

အမေရိကန်ပြည်ထောင်စုအနေဖြင့် ပင်လယ်ရေပြင်များ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်ရာတွင် အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ ရပ်တည်သွားမည်ဟု ဗုဒ္ဓဟူးနေ့ကျင်းပသည့် အာဆီယံထိပ်သီးညီလာခံ၌ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

နယ်စပ်ကာကွယ်ရာတွင် အင်အားတောင့်တင်းရန် တရုတ် ဥပဒေသစ်ပြဌာန်း

28 Oct 2021

တရုတ်နှင့်အိန္ဒိယကြား မပြီးဆုံးနိုင်သေးသော လိပ်ခဲတည်းလည်း အခြေအနေ၊ တာလီဘန်ထိန်းချုပ်ထားသည့် အာဖဂနစ္စတန်အရေးနှင့် အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတို့၏ နောက်ဆက်တွဲသက်ရောက်မှုများကို စိုးရိမ်ပူပန် နေခြင်းတို့ကို ကာကွယ်သည့် အနေဖြင့် တရုတ်သည် နယ်စပ်ကို အင်အားကောင်းအောင် ကာကွယ်ရန် ဥပဒေတစ်ခုကို ပြဌာန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအာဏာပိုင်များကို စင်္ကာပူဝန်ကြီးချုပ် တိုက်တွန်း

28 Oct 2021

မြန်မာအာဏာပိုင်များအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အထူးကိုယ်စားလှယ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာလ ၂၆ ရက်နေ့တွင် တိုက်တွန်းလိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တွင် ကလေးများအပေါ် ဖိအားလျှော့ပေါ့ရန် မိဘများအား ညွှန်ကြားသည့် ဥပဒေသစ် ‌ကြေညာ

27 Oct 2021

ကလေးငယ်များအား အိမ်စာလုပ်ခိုင်းခြင်း နှင့် သီးသန့် စာသင်ကြားခြင်းဟူသော  “နှစ်ခုတွဲဖိအားများ” ကို မိဘများနှင့် အုပ်ထိန်းသူများ လျှော့ချရန် သတ်မှတ်ပြဌာန်းထားသော မိသားစုပညာရေး ဥပဒေတစ်ရပ်ကို တရုတ်နိုင်ငံတွင် အတည်ပြု‌ကြေညာလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြစတြေးလျရှိ အသက်မပြည့်သည့်ကလေးများ လူမှုမီဒီယာသုံးရာတွင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက် လိုအပ်

27 Oct 2021

သြစတြေးလျသည် မီဒီယာကုမ္ပဏီများကို အသက် ၁၆ နှစ်အောက် သုံးစွဲသူများအတွက် မိဘ အုပ်ထိန်းသူ သဘောတူညီချက်ရရှိရန် ဆောင်ရွက်ရမည့်အစီအစဉ်ကို ရေးဆွဲနေပြီး လိုက်နာရန်ပျက်ကွက်ပါက အင်တာနက်ပလက်ဖောင်းများ အနေဖြင့် ဒဏ်ကြေး သြစတြေးလျဒေါ်လာ ၁၀ သန်း (အမေရိကန် ဒေါ်လာ ရ.၅သန်း) အထိပေးဆောင်ရမည်ဟု အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေးကြေညာလိုက်သည်။

အနောက်ဘက်ကမ်းတွင် အခြေချနေအိမ်သစ် ၁၃၀၀ ကျော် အစ္စရေး တည်ဆောက်မည်

Foreign Desk 26 Oct 2021

အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေတွင် ဂျူးအခြေချနေထိုင်သူ များအတွက် နေအိမ်များ ထပ်မံဆောက်လုပ်မည့် အစီအစဉ်များကို အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ပါလက်စတိုင်းလူမျိုးများ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများနှင့် အိမ်နီးချင်းဂျော်ဒန်နိုင်ငံတို့က ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးနှင့် NUG တို့ တွေ့ဆုံ

Foreign Desk 26 Oct 2021

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နှင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များသည် တနင်္လာနေ့က တွေ့ဆုံခဲ့ကြကြောင်း အိမ်ဖြူတော်က တနင်္လာနေ့နှောင်းပိုင်းတွင် သတင်းထုတ်ပြန်သည်။

Showing 921-940 of 1,579 items.