တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
21 Dec 2024
တိုက်ပွဲကာလက မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ အရပ်သားများအား ဖမ်းဆီးသတ်ဖြစ်မှုများ ရှိခဲ့သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
21 Dec 2024
တိုက်ပွဲကာလက မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ အရပ်သားများအား ဖမ်းဆီးသတ်ဖြစ်မှုများ ရှိခဲ့သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
21 Dec 2024
နားဒေါင်ကျကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ခက်ခဲလာနေကြခြင်း ဖြစ်သည်။
21 Dec 2024
ယခင်က ပြည်မဘက်မှတင်သွင်းသည့် ပန်းများကို ဝယ်ယူအသုံးပြုမှု များပြား၍ ဒေသထွက်ပန်းများမှာ ရောင်းအားကျဆင်းပြီး ဈေးကွက်အတွင်း မှေးမှိန်ခဲ့ရသော်လည်း လက်ရှိတွင် ဝယ်ယူမှုများသဖြင့် ပန်းစိုက်ပျိုးသူများမှာ အဆင်ပြေနေကြသည်။
21 Dec 2024
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ခြောက်လကျော်အတွင်း နိုင်ငံတဝန်းတွင် အရပ်သား ၆၃၃ ဦး သေဆုံးခဲ့ကြောင်း AAPP ၏ ဒီဇင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
21 Dec 2024
အာရက္ခတပ်တော်၏ ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမက စစ်ကောင်စီကို တော်လှန်နေကြသော တော်လှန်ရေးအဖွဲအစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှု ဖြစ်ကြောင်း AA က ဆိုသည်။
21 Dec 2024
“ဂွမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ပြီးလို့ရှိရင် ဂွမြို့ကနေ ဧရာဝတီ-ငသိုင်းချောင်းဖက်က ရိုးမတောင်ပေါ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာရှိပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
20 Dec 2024
တောဖျားချောင်းဒေသတွင် ရွာပေါင်း ၂၀ ကျော်ရှိပြီး ကျန်းမာရေးနှင့်ပတ်သက်၍ ပိုးရွှီပြင်တိုက်နယ်ဆေးရုံကို အဓိကအားထားနေရကာ အဆိုပါ ဆေးရုံတွင်လည်း ဆေးဝါးပြတ်လပ်လျက် ရှိနေသည်။
20 Dec 2024
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့သော ရခိုင်စစ်မျက်နှာတွင် ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၈ ခုရှိသည့်အထဲမှ ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
20 Dec 2024
သံတွဲ - ဂွလမ်းပေါ်ရှိ ၅၆၃ တပ်ရင်းမှ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား တစ်ချို့ကို ဖမ်းဆီးရမိခဲ့ကာ ကျန်တပ်သားများမှာ ခမရ ၅၆၂ သို့ တပ်ဆုတ်ခွာ ပူးပေါင်းသွားကြောင်း သိရသည်။
20 Dec 2024
ယစ်မျိုးကုန်များအား ရောင်းချခြင်း၊ သိုလှောင်ခြင်းနှင့် သောက်သုံးခြင်းများကို ဒီဇင်ဘာ ၂၀ ရက်မှစ၍ လုံးဝ ပိတ်ပင်လိုက်ခြင်းဖြစ်၍ ရောင်းချသောက်သုံးပါက ထိရောက်စွာ အရေးယူသွားမည်ဟု AA က ဆိုထားသည်။
19 Dec 2024
AA သည် စစ်တွေနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ စစ်တွေကို ဝိုင်းရံပိတ်ဆို့ထားသည်။ AA တပ်ဖွဲ့ဝင်အချို့မှာလည်း စစ်တွေမြို့နယ်ထဲသို့ ဝင်ရောက်လှုပ်ရှားနေပြီး စစ်ကောင်စီနှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များ ရှိနေသည်။
19 Dec 2024
လက်ရှိတွင် နပခဌာနချုပ်တစ်ခုသာ ကျန်ရှိတော့ပြီး အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ နပခဌာနချုပ်မှာလည်း မကြာခင် AA လက်ထဲကျရှုံးတော့မည့် အခြေအနေဖြစ်သည်။
19 Dec 2024
ပြီးခဲ့သည့် မိုးရာသီက ဓာတ်မြေဩဇာဈေးနှုန်း အလွန်ကြီးမားသဖြင့် တောင်သူအများစုမှာ ဓာတ်မြေဩဇာကို လုံလောက်စွာ သုံးစွဲနိုင်ခြင်း မရှိခဲ့ကြပေ။ ယင်းအပြင် ဇူလိုင်၊ ဩဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကထောင်နဲ့ချီ ပျက်စီးခဲ့ရသဖြင့် စပါးများကို နောက်တစ်ကြိမ် အစားထိုး စိုက်ပျိုးခဲ့ရသည်။
19 Dec 2024
စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ရာထူးမှဖယ်ရှားပြီး (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကွဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
19 Dec 2024
“ကျောက်ပန္ဒူနားကနေ ကြည့်ရင်တော့ နေဗီကို မြင်ရတယ်။ သူတို့ ငါးယောက်က ငါးရှာပြီး ပြန်လာတာမှာ လက်နက်ကြီးပစ်တာနဲ့တိုးတော့ နှစ်ယောက်က လက်နက်စမှန်လို့ ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
19 Dec 2024
အဆိုပါလမ်းကြောင်မှာ တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့သို့ စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေသည့် စစ်ကောင်စီ၏ အဓိက လမ်းကြောင်းတစ်ခုဖြစ်၍ ယင်းလမ်းကြောင်းကို AA ထိန်းချုပ်လိုက်ပါက စစ်ကောင်စီအတွက် ဆုံးရှုံးမှု ကြီးမားသွားမည် ဖြစ်သည်။
18 Dec 2024
အာဏာသိမ်းပြီးချိန်မှစ၍ ချမှတ်ထားခဲ့သည့် မြန်မာ့အရေးဖြေရှင်းချက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ ယနေ့တိုင် လုံးပန်းနေသဖြင့် မြန်မာနိုင်ငံရေးအခင်းအကျင်း ဖြေရှင်းနိုင်ရန် အာဆီယံကို အားကိုး၍ မရနိုင်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခက်တို့က ရှုမြင်ကြသည်။
18 Dec 2024
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ရှိ ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့၌ ယာယီနေထိုင်နေသည့် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ခန့်ကို စစ်ကောင်စီက တစ်ပတ်အတွင်း အပြီးပြောင်းရွှေ့ခိုင်းထား၍ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
18 Dec 2024
ရခိုင်ပြည်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုတွင် WFP တံဆိပ်ပါ ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းများအရ သိရပြီး ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲ၍ ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း WFP က ထုတ်ပြန်သည်။
18 Dec 2024
၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် စစ်ဘေးရှောင်များသည် စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးခံရသည့်အပြင် ကြမ်းတမ်းစွာ ပြောဆိုခံရခြင်းများအထိ ဖိနှိပ်ခံနေရကြောင်း ပြောဆိုကြသည်။