မင်းပြားတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ၍ မွတ်ဆလင် ၂၃ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ 

Admin 18 Mar 2024

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သာဒေ(မွတ်ဆလင်)ကျေးရွာကို ယနေ့ မတ်လ ၁၈ ရက်၊ နံနက် ၁ နာရီကျော်အချိန် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၂၃ ဦးသေဆုံးပြီး၊ ၃၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ရှုံးနေသော စစ်ကောင်စီ ရခိုင်ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ်ဆောင်လာ 

Admin 18 Mar 2024

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။ 

ရသေ့တောင်ကို AA သိမ်းပိုက်လိုက်ပြီ

Admin 18 Mar 2024

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို မတ်လ ၁၇ ရက် ညနေ ၄ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်လိုက်သည်။

ပေါက်တောမြို့နယ်တွင် လက်နက်ကြီးကျ၍ ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦးသေဆုံး 

Admin 17 Mar 2024

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာအတွင်း ယနေ့ မတ်လ ၁၇ ရက် နေ့လည် ၁ နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရခိုင်စစ်ဘေးရှောင် သုံးသိန်းကျော် အကူအညီများလိုအပ်နေ 

Admin 17 Mar 2024

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ သုံးသိန်းကျော်အထိရှိလာနေပြီး၊ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

ရခိုင်တွင် မိုင်းနင်းမိ၍ အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်

Admin 17 Mar 2024

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနင်းမိ၍ အရပ်သား ထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေပြီး ယခုလအတွင်း မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိလာသည်။ 

မြောက်ဦးမြို့ကို စစ်ကောင်စီဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေဆုံး 

Admin 17 Mar 2024

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ မြောက်ဦးမြို့ကို မတ်လ ၁၇ ရက် နံနက် ၅ နာရီကျော်အချိန်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီက ကျေးရွာအနီးတပ်စွဲထား၍ ကျောက်ဖြူဒေသခံ ထောင်ချီထွက်ပြေး

Admin 16 Mar 2024

စစ်ကောင်စီတပ်က ကျေးရွာအနီးတပ်စွဲထားမှုကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ကုလားဘာ၊ အူချေနှင့် ဇိုင်ချောင်းကျေးရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ စိုးရိမ်ကြောက်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ 

AA သိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီက လေကြောင်းပစ်ခတ်

Admin 16 Mar 2024

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားသော မြို့များကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ နေ့စဉ်ရှိနေသည်။ 

ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

Admin 16 Mar 2024

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

မင်းပြားတိုက်ပွဲအတွင်း အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီ သတ်ဖြတ်ခဲ့

Admin 13 Mar 2024

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်အထိ ရခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

ကျောက်တော်ရှိ စစ်ကောင်စီဌာနချုပ်ကို AA ထိုးစစ်ဆင်နေ

Admin 17 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချူပ် စကခ(၉) ကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဇန်နဝါရီ ၁၇ ရက်၊ နံနက်(၆) နာရီခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ 

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက စစ်အင်အား အလုံးအရင်းနှင့်ဖြည့်တင်းနေ

Admin 17 Jan 2024

ရခိုင်ပြည် မြောက်ပိုင်းဘက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တောင်ပိုင်းဘက်တွင်လည်း စစ်ကောင်စီက စစ်အင်အားများကို အလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း သိရသည်။

ကျောက်တော် စကခ(၉)ကပစ်ခတ်သည့် လက်နက်ကြီးကျ၍ သရက်တပင်ရွာသားတစ်ဦး သေဆုံး 

Admin 17 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွက်ကဲမှူးဌာနချုပ် စကခ(၉)မှ ယနေ့ နံနက် ၆ နာရီကျော်အချိန် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သရက်တပင်ရွာသားတစ်ဦး သေဆုံးသွားသည်။

စစ်ကောင်စီလက်ချက်ကြောင့် ရခိုင်တွင် နှစ်ရက်အတွင်း အရပ်သားသေဆုံးဒဏ်ရာရသူ ၁၅ ဦးရှိ

Admin 17 Jan 2024

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၅ ၊ ၁၆ နှစ်ရက်တာအတွင်း အရပ်သားသေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးအထိ ရှိသည်။  

ရသေ့တောင်က ကျေးရွာ ၁၀ ခန့်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ

Admin 17 Jan 2024

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ကျေးရွာပေါင်း ၁၀ ခန့်ကို ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်၊ ည ၇ နာရီကျော်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

AA ထိန်းချုပ်ရာ ပလက်ဝတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Admin 16 Jan 2024

ပလက်ဝဒေသကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်လိုက်ပြီဟု ကြေညာပြီးနောက်တစ်နေ့ ဇန်နဝါရီ ၁၅ ရက်တွင် ပလက်ဝမြို့နှင့် အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး၊ ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားသည်။

မင်းပြားမြို့တွင် တိုက်ပွဲပြင်းထန်နေ

10 Jan 2024

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) နံနက် ၅ နာရီကျော်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး/ငယ်များအပြင် ရဟတ်ယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အပေါက်ဝရွာသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

10 Jan 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကံစောက်တောင်ရှိ စစ်ကောင်စီ ၅၃၉ တပ်ရင်းမှ ယနေ့(ဇန်နဝါရီ ၁၀ ရက်) နံနက် ၄ နာရီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အပါက်ဝကျေးရွာသားတစ်ဦး သေဆုံးပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြောက်ဦးတွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်သွားသည့် အရပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့

Admin 10 Jan 2024

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီက မြို့အတွင်းသွားလာနေသည့် အရပ်သားသုံးဦးကို လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Showing 101-120 of 7,354 items.