ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင် တိုက်ရိုက်ကုန်သွယ်နိုင်ရန် ကြိုးပမ်းနေ

01 Jul 2022

မြန်မာနိုင်ငံ၊ ရခိုင်ပြည်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်းစတင်ကာ တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ကုန်သယ်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RSCCI) ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင်ဦးက ဆိုသည်။

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျောင်းသား ၁၆ ရာခိုင်နှုန်းကျော်ကျန်ရှိနေသေး

30 Jun 2022

ရခိုင်မြို့နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့ က စတင်ကာ ကိုဗစ်ကာကွ ယ်ဆေးထိုးပေးနေပြီး ယနေ့ ဇွန်လ  ၂၉ ရက်နေ့ အထိ ပထမအကြိမ် ဆေးထိုးပြီးသူဦးရေ ၈၃.၀၅% ထိရှိနေပြီး ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတို့ထံမှ သိရသည်။

ကရင်နီ စစ်ရှောင်ကလေးများအတွက် အာဟာရနှင့် ကျန်မာရေး စောင့်ရှောက်မှုများ လိုအပ်နေ

30 Jun 2022

ကယား (ကရင်နီ) ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန်ခွာ တိမ်းရှောင်နေရသည့် ကလေး ငယ်များ အတွက် အာဟာရနှင့် ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်နေသဖြင့် အကူအညီပေးကြရန် ကရင်နီလူငယ်အဖွဲ့ (Kayan Youth) က တောင်းဆိုလိုက်သည်။

ကျောက်တော်တွင် စစ်ဘေးရှောင်တစ်ချို့ အရေပြားရောဂါဖြစ်ပွားနေ

30 Jun 2022

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များအပါအဝင်လူဦးရေ ၃၅ ဦးမှာ အရေပြားရောဂါဖြစ်နေကြောင်း အဆိုပါစခန်းမှသိရသည်။

ရေယာဉ်ပေါ်တွင် ကန်ကျောက်ခံရသည့် ကျောက်ဆိပ်ရွာသားများ အကျဉ်းထောင်တွင် နှစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံထားရပြီဖြစ်သော်လည်း အမိန့်မချသေး

30 Jun 2022

မြန်မာစစ်တပ်က ရေယာဉ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ငါးဦးတို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည်မှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အမိန့်ချမှတ်ခြင်းမရှိသေးပေ။

ဖမ်းဆီးခံထားရသည့် ပလက်ဝ ရပ်ကျေး အုပ်/မှူးနှင့် အဖွဲ့ဝင်များ မိသားစုနှင့်တွေ့ခွင့် မရသေး

29 Jun 2022

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အုပ်ချုပ်မှူးနှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးမှာ ဖမ်းဆီးခံထားရ သည့်နေ့မှ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သတင်းရရှိသည်။

ဥကရစ်ထ စခန်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်

29 Jun 2022

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေမြို့နယ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းကို ကေအန်ယူ တပ်မဟာ (၆) KNDO၊ KNLA ပူးပေါင်းအဖွဲ့တို့က စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေသည့်အတွက် လက်ရှိတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိလာနေကြောင်း မြေပြင်သတင်း အရင်းအမြစ်ထံမှ သိရ သည်။

ဖမ်းဆီးခံထားရသည့် စစ်တွေမှ ကျေးရွာအုပ်/မှူး နှစ်ဦးကို အချိန် ၁ လ ကျော်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ

29 Jun 2022

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအား အချိန် ၁ လကျော်ကြာ သည့်တိုင် တစုံတရာ အဆက်အသွယ်မရသေးဖြစ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

သံတွဲ ပုလဲရတနာ (ဘက) ကျောင်းတွင် ကျောင်းသားဦးရေ တိုးလာသဖြင့် အကူညီအညီများလိုအပ်နေ

29 Jun 2022

ရခိုင်ပြည်၊ သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်၌ရှိသည့် ပုလဲရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ယခုနှစ် ကျောင်းသား၊ ကျောင်းသူဦးရေတိုးလာသဖြင့် ကျောင်းရပ်တည်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ပလက်ဝတွင် စက်သုံးဆီပြတ်တောက်မှုကြောင့် လျှပ်စစ်မီးမရသည်မှာ ၃ ရက်ခန့်အထိရှိလာ

29 Jun 2022

ပလက်ဝမြို့တွင် စက်သုံးဆီပြတ်တောက်နေသောကြောင့် လျှပ်စစ်မီးမရရှိသည်မှာ ၃ ရက်ခန့်ရှိနေပြီဟု  ဒေသခံများထံက သိရသည်။

လောင်းလုံးမြို့နယ်တွင် ၁၀ ရက်အတွင်း ဒေသခံ ၃၇ ဦး ဖမ်းဆီးခံရဟုဆို

28 Jun 2022

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကဒက်ကြီးကျေးရွာနှင့် ဂေါ့အင်းကျေးရွာတို့တွင် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်မှ ဇွန်လ (၂၆)ရက်နေ့အထိ ၁၀ ရက်အတွင် ဒေသခံ အမျိုးသား (၂၄) ဦး နှင့် အမျိုးသမီး (၁၃) ဦး စုစုပေါင်း (၃၇) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လက်ရှိတွင် အဆိုပါ ဒေသခံတို့အား မည်သည့်နေရာတွင်ထိန်း သိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်အားခတောင်းခံလွှာများတွင် မီတာယူနစ်ကွာဟနေမှုများ မကြာခဏ ဖြစ်ပွားနေဟုဆို

28 Jun 2022

ရခိုင်ပြည်၊ စစ်တွေမြို့ ရပ်ကွက်တစ်ချို့က နေအိမ်အချို့၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (လျှပ်စစ်ရုံး) မှ ကောက်ခံလာသည့် ဓာတ်အားခတောင်းခံလွှာများတွင် မီတာယူနစ်များ မှားယွင်းနေမှုများရှိနေပြီး ငွေကြေးပိုတိုးကောက်ခံမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရခိုင်တွင် ယခုလအတွင်း မြန်မာစစ်တပ်က ဒေသခံ ၄၀ ဦးကို ဖမ်းဆီးထားဟု AA ထုတ်ပြန်

28 Jun 2022

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ရေးတင်းမာပြီးနောက် မြန်မာစစ်တပ်က ကျောက်တော်၊မြောက် ဦး၊ပုဏ္ဏားကျွန်းနှင့်စစ်တွေမြို့တို့မှ ဒေသခံ ၄၀ ဦးကို ဖမ်းဆီးထားသည်ဟု AA ဘက်က သတင်းထုတ်ပြန်ထား သည်။

စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မသွားလာကြရန် ကျိုက်ထို ဒေသခံများများကို KNLA သတိပေး

28 Jun 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ဒေသခံများ ခရီးသွားရာတွင် စစ်ယာဉ်တန်း များနှင့် နီးကပ်စွာ မသွားလာကြရန် အထူး သတိပြုရမည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဇွန် ၂၆) တွင် အသိပေးလာသည်။

ရခိုင်မြို့နယ် ၃ ခုမှ ဒေသခံ ၃၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားကြောင်း AA ပြော

27 Jun 2022

ရခိုင်ပြည်တွင် ယခုရက်ပိုင်း အတွင်း စစ်တွေ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ အပြစ်မဲ့ အရပ်သား ပြည်သူ ၃၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်လိုက်သည်။

ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ်မရသောကြောင့် မိသားစုဝင်များ စိုးရိမ်နေ

27 Jun 2022

မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဒေသခံများနှင့် အဆက် အသွယ်မရရှိသေးအပြင် သတင်းအစအနလည်း လုံးဝမရသောကြောင့်  မိသားစုဝင်များ အလွန်စိုးရိမ်နေကြသည်။

တောတောင်သို့သွားရောက်ကာ ရှာဖွေစားသောက်ရာမှ မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသည့် စစ်ဘေးရှောင်များလာနေ

27 Jun 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာနေကြရသည့် စစ်ဘေးရှောင်များမှာ အခုနောက်ပိုင်း စားဝတ်နေရေးမလုံလောက်မှုများ ကြုံတွေ့ရလာသဖြင့် တောတောင်သို့ သွားရောက်ကာ ရှာဖွေစားသောက်ရာမှ မိုင်းကြောင့် သေဆုံးဒဏ်ရာရရှိသူများလာနေသည်။

တိုက်ပွဲများကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် ဒေသခံ သောင်းချီထွက်ပြေးနေရ

27 Jun 2022

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် မုန်းမြို့နယ်တွင် ကေအန်ယူနှင့် စစ်ကာင်စီတပ်တို့အကြား ဇွန်လ (၂၅ ) ရက်နှင့် (၂၆) ရက်နေ့ နှစ်ရက်ကြာထိတွေ့ တိုက်ပွဲများကြောင့် ဒေသခံသောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေး နေရကြောင်း သတင်းရရှိသည်။

ရခိုင်က မြို့နယ်အချို့တွင် စစ်ဆေးရေးတင်းကြပ်မှုများရှိသည့်အတွက် ခရီးသွားလာရေးအခက်တွေ့နေ

27 Jun 2022

ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်ကတင်းကြပ်စွာ စစ်ဆေးမှုရှိလာသည့်အတွက် ဒေသခံများခရီးသွားလာသည့်အခါ အခက်ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ဒေသခံနှစ်ဦးကို AA နှင့် ဆက်စပ်ပြီးဖမ်းဆီးထား

27 Jun 2022

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာမှ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Showing 3,081-3,100 of 8,345 items.