ပြည်သူများ ခရီးသွားလာရာတွင် လိုက်နာရမည့်အချက်များကို AA အသိပေး

22 Jul 2022

မြန်မာစစ်တပ်က ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှု၊ စစ်ဆေးမှုများကိုပြုလုပ်နေသောကြောင့် ခရီးသွားလာရာတွင် ဂရုတစိုက်သွားလာကြရန် ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၁ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်လိုက်သည်။

ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်တွင် Virus တွေ့သည့် ရခိုင်မှ လုပ်ငန်းရှင်အချို့၏ ပို့ကုန်များကို ပြည်ပတင်ပို့ခွင့် ယာယီရပ်နားထား

22 Jul 2022

ရခိုင်မှ တရုတ်နိုင်ငံသို့တင်ပို့နေသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် ၁၀ ဦး၏ပို့ကုန်များ၌ White Spot Syndrome Virus(WSSV)ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ပို့ကုန်များကို ပြည်ပတင်ပို့ခွင့် ယာယီရပ်နားထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မော်လမြိုင် အထကကျောင်း ဘေးနံရံပြိုကျပြီး လူ ၅ ဦးသေဆုံး

22 Jul 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဘေးနံရံပြိုကျမှုကြောင့် အနီးအနားရှိ ဒေသခံ(၅)ဦး ပိမိကာ သေဆုံးခဲ့ပြီး တစ်ဦးမှာ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်က ကူးတိုလှေဖြင့်ကျောင်းတက်ရသည့် ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများ မရရှိသေး

22 Jul 2022

ရေလမ်းခရီးကိုအသုံးပြုကာ ကူးတို့လှေဖြင့်ကျောင်းတက်နေရသည့် ရခိုင်ပြည်အတွင်းက ကျောင်းသား၊ကျောင်းသူများမှာ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေးအတွက် အသက်ကယ်အင်္ကျီများလိုအပ်နေသော်လည်း လက်ရှိအချိန်ထိ မရရှိသေးကြောင်း သိရသည်။

AA နှင့်ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူခရိုင်မှ ဒေသခံ ၉ ဦးကို ထောင်သုံးနှစ်ချမှတ်

21 Jul 2022

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၉ ဦးကို ကျောက်ဖြူခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများ ဘဝရပ်တည်နိုင်ရေး အကူအညီများလိုအပ်

21 Jul 2022

ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှာ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ထိခိုက်သွားသူများနှင့် ကူညီနေသည့်  အဖွဲ့အစည်းများထံမှ သိရသည်။

ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ထိုင်းဘတ်ငွေ ဈေးနှုန်းမြင့်တက်

21 Jul 2022

မြန်မာပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေဈေးနှုန်း မတည်ငြိမ်မှုအကျိုးဆက်အဖြစ် ထိုင်းဘတ်ငွေ လဲလှယ်မှုနှုန်းများမှာ ယခုရက်ပိုင်းအတွင်း၌ အဆမတန်မြင့်တက်လာနေကြောင်း ထိုင်း-မြန်မာကုန်သွယ်ရေးလုပ်ငန်းများထံမှ သိရသည်။

မြန်မာစစ်တပ်က လမ်းပိတ်ထားသဖြင့် စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၀ ခန့်မှဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေ

21 Jul 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ကဒေသခံများ အဓိကကူးလူးဆက်သွယ်နေရသည့် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့တွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။

မောင်တောမြောက်ပိုင်း ကျေးရွာတာဝန်ခံတစ်ဦး ဖမ်းဆီးခံရပြန်

21 Jul 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာအုပ်စု၊ သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံ တစ်ဦးကို မနေ့က(ဇူလိုင်လ ၁၉ ရက်) နံနက် ၁၁ နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှသိရသည်။

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ဇွန်လအတွင်း ပို့ကုန် ၂ ဒဿမ ၉၀ သန်းဖိုး တင်သွင်းနိုင်ခဲ့

21 Jul 2022

ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်တင်သွင်းမှုနှုန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉၀ သန်းဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကျောက်တော်မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

21 Jul 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးမှာ ပြီးခဲ့သည်(ဇူလိုင်လ ၁၉ ရက်) ညနေ ၁၀ နာရီကျော်မှစပြီး ပျောက်ဆုံးနေသည်မှာ ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

KNU တပ်မဟာ(၆)နယ်မြေအတွင်း ဒေသခံ သေဆုံးဒဏ်ရာရသူ (၇၀)ကျော်လာ

21 Jul 2022

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း အဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံထိခိုက်သေဆုံးသူ ၇၁ ဦးအထိရှိလာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်သည်။

ရသေ့တောင်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်တပ်ကတပ်စွဲထား၍ စစ်ဘေးရှောင်များထွက်ပြေး

20 Jul 2022

ရခိုင်ပြနယ်ည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းဝင်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် စစ်ဘေးရှောင်များ တိမ်းရှောင်နေကြရကြောင်း သိရသည်။

AA နှင့်ဆက်စပ်ပြီး တရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံနှစ်ဦး ထောင်သုံးနှစ်ချမှတ်ခံရ

20 Jul 2022

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကို ယနေ့(ဇူလိုင်လ ၂၀ ရက်)တွင် စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။

အယူခံတင်ထားသည့် ပလက်ဝဒေသခံကို ထောင်ဒဏ်တစ်နှစ်လျှော့

20 Jul 2022

နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို ယနေ့(ဇူလိုင်လ ၂၀ ရက်)က ချင်းပြည်နယ်၊ မတူပီခရိုင်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက်သည်ဟု သိရသည်။

မောင်တော ကြိမ်ချောင်းအုပ်/မှူးနှင့် ရွာသား ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

20 Jul 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ၂ ဦးကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဘုန်းကြီးနှစ်ပါး ကျောင်းထိုင်နေသည်ဟုဆိုကာ ချိတ်ပိတ်

20 Jul 2022

သံတွဲမြို့၊ သရော်တောကျေးရွာရှိ ရတနဂုဏ်ရည်သရော်တော ကျောင်းတိုက်တွင် ဘုန်းကြီးနှစ်ပါး ကျောင်းထိုင်နေသည်ဟု အကြောင်းပြချက်ဖြင့် ဇူလိုင်လပထမပတ်တွင် စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်ဟု သိရသည်။

စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ မြောက်ဦးဒေသခံတစ်ဦး ဆေးကုသနေရဟု မိသားစုဝင်များဆို

19 Jul 2022

မြန်မာစစ်တပ်၏ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရမှုကြောင့် မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်မှ အမျိုးသားတစ်ဦးမှာ ဒဏ်ရာများစွာရရှိခဲ့ကာ ရန်ကုန်သို့သွားရောက်ပြီး ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များကပြောသည်။

ရသေ့တောင်တွင် မြန်မာစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများကြောင့် ဈေးဆိုင်ခန်းတချို့ပိတ်ထားရဟုဆို

19 Jul 2022

ရသေ့တောင်မြို့၊ ပြားချောင်းကြီးကျေးရွာအနီး ဝန်းကျင်သို့ ယနေ့(ဇူလိုင်လ ၁၉ ရက်) နံနက် ၈ နာရီခန့်က မြန်မာစစ်တပ်အင်အား(၁၀၀)ခန့်က လက်နက်အစုံဖြင့်ရောက်ရှိလာခြင်းကြောင့် ဒေသခံများထွက်ပြေးနေရပြီး မြို့ပေါ်တွင်လည်း ဈေးဆိုင်တချို့ကိုပိတ်ထားကြကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ခံ ၂ ဦးကို စစ်တပ်ကဖမ်းဆီး

19 Jul 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဒေသခံနှစ်ဦးကိုယနေ့(ဇူလိုင် ၁၉ ရက်) နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

Showing 2,961-2,980 of 8,345 items.