ရခိုင်တွင် ခရီးသည်တင်ယာဉ်များ ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲနေရသည့်အတွက် ကားခဈေးနှုန်းပုံမှန်ထက် မြင့်တက်နေဟုဆို

05 Aug 2021

ရခိုင်ပြည်နယ်တွင် ပြည်တွင်း၌ပုံမှန်ပြေးဆွဲနေသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ခရီးသည်တင်ယာဉ်စီးခဈေးနှုန်းများမှာ ပုံမှန်ထက်တိုးမြင့်လျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် ကျောက်တော်မြို့မဈေးကို အချိန်အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်ခွင့်ပြု

05 Aug 2021

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောက်တော်မြို့၊ မြို့မဈေးကို ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအချိန်ထိ ရောင်းချခွင့်ပြုထားကြောင်း ယနေ့ သြဂုတ် ၅ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ကာလ Stay at Home နောက်ထပ် ၂ ပတ် ထပ်တိုးကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်

04 Aug 2021

ရခိုင်ပြည်အတွင်း ကိုဗစ်ကာလ Stay at Home နောက်ထပ် ၂ ပတ် ထပ်တိုးကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်

ရေနစ်မြုပ်ခဲ့သည့် သံတွဲအောက်ဆီဂျင်စက်ရုံကို ယခုရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်တော့မည်ဟုဆို

04 Aug 2021

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် အောက်ဆီဂျင်စက်ရုံကို ယခုရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက DMG သို့ မိန့်သည်။

မြောက်ဦးတွင် EPC မီးပြတ်နေသည့်အတွက် အောက်ဆီဂျင်စက်ရပ်တန့်ထားရပြီး လူနာများအတွက် စိုးရိမ်နေရ

04 Aug 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် နန်းရိပ်ဂရုဏာအောက်ဆီဂျင်စက်ရုံမှ အောက်စီဂျင် ထုတ်လုပ်မှု ရပ်တန့်ထားရကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ရခိုင်တွင် COVID တတိယလှိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးသူ မြင့်တက်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူပြော

04 Aug 2021

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးမှု မြင့်တက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ကိုဗစ်ကာလတွင် စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

04 Aug 2021

မျိုးရိုးဗီဇပြောင်း ကိုဗစ်တတိယလှိုင်းကာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝ မရရှိကြကြောင်း သိရသည်။

တောင်ကုတ်တွင် ကိုဗစ်ရောဂါနှင့်သေဆုံးသူ ၄၉ ဦးထိရှိလာပြီးနောက် မြို့တွင်း ကျန်းမာရေးဖြင့် ဆေးခန်းပြရန် အခက်အခဲရှိနေ

03 Aug 2021

တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာနေပြီး မြို့တွင်း၌ ဆေးခန်းများပိတ်ထားသဖြင့်  ရိုးရိုးဖျားနာခြင်းများအတွက် ဆေးခန်းပြသရန် အခက်အခဲရှိနေကြာင်း တောင်ကုတ်ဒေသခံများက ပြောနေကြသည်။

COVID-19 ရောဂါကူးစက်ခံရသည်ဟုသံသယရှိပါက နေအိမ်တွင်း ဆေးမကုကြရန် ပြည်နယ်ကောင်စီပြော

03 Aug 2021

ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် COVID -19 ရောဂါကူးစက်ခံရသည်ဟုသံသယရှိပါက နေအိမ်အတွင်းကြိတ်ပြီး ဆေးမကုကြရန် ပြည်နယ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းကဆိုသည်။

မောင်တောမြို့နယ်မြောက်ပိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများကို ရွာချင်းဆက်တံတားပျက်စီးနေ၍ သယ်ယူရန်အခက်အခဲရှိနေ

03 Aug 2021

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက်တံတားအချို့ပျက်စီးနေသဖြင့် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်ဘေးစီမံဌာနနှင့် လူမှုအဖွဲ့အစည်းများမှ ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများကို သယ်ယူရန်ခက်ခဲနေကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်ထွက်သူများကို အရေးယူမှု စတင်လုပ်ဆောင်

03 Aug 2021

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျလာစေရန်ရည်ရွယ်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်တို့ပူးပေါင်းကာ နေ့လည် ၁၂ နာရီနောက်ပိုင်း လိုအပ်ချက်မရှိဘဲ အပြင်ထွက်သူများနှင့် Mask မတပ်သူများကို သြဂုတ် ၃ ရက်နေ့မှစတင်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံနှင့် အမ်းမြို့နယ်တို့မှ ကျေးရွာတချို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၉ ရက်အထိရှိလာ

03 Aug 2021

ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံမြို့နယ်မှ ကျေးရွာ(၄)ရွာနှင့် အမ်းမြို့နယ်မှ ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ယနေ့သြဂုတ် ၃ ရက်နေ့အထိဆိုလျှင် ၉ ရက်အထိကြာမြင့်နေပြီဖြစ်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ဥပဒေရေးဆွဲပြီးဖြစ်သဖြင့် တရားရေးဌာနကို ဖွင့်ခြင်းဖြစ်ကြောင်း AA ပြော

03 Aug 2021

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှာ တရားစီရင်ရေးနှင့်ပတ်သက်၍ ဥပဒေရေးဆွဲထားပြီးဖြစ်သဖြင့် တရားရေးဌာနကိုဖွင့်ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

စင်ကာပူမှ ဘင်္ဂလားဒေ့်ရှ်သို့မောင်းနှင်လာသည့် သင်္ဘောတစ်စင်း ရေဝင်မှုဖြစ်၍ မောင်းသူမဲ့မျောပါလာသည့်အတွက် ပြည်တွင်းရေယာဉ်များ သတိပြုသွားလာကြရန် ရေကြောင်းသတိပေးချက်ထုတ်ပြန်

03 Aug 2021

စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ မောင်းနှင်လာသည့် ဗီယက်နမ်နိုင်ငံ (Tan Binh Co Ltd)ပိုင် ပနားမားနိုင်ငံမှတ်ပုံတင်သင်္ဘော MV Tan Binh 127 (IMO 9240043)သည် ရေဝင်မှုဖြစ်ပွားပြီး မောင်းသူမဲ့မျောပါသွားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာမှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသွားသည့် နာရေးကိစ္စများကို လုပ်ဆောင်နေသည့် We Love Kyauktaw လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းများလိုအပ်နေ

03 Aug 2021

ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည့် နာရေးကိစ္စများအပါ အဝင် ပိုးသတ်ဆေးဖြန်းခြင်းစသည့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ဦးဆောင်နေသည့် We Love Kyauktaw လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်မှ ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်းများတွင် PPE အပါအဝင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လိုအပ်နေ

02 Aug 2021

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့် လူမှုအဖွဲ့အစည်းများတွင် သေဆုံးလူနာများနှင့် ပို့တွေ့လူနာများအား ကူညီလုပ်ဆောင်ပေးရာ၌ အသုံးပြုရသည့် PPE ဝတ်စုံအပါအဝင် အခြားကိုဗစ်ကာကွယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ရမ်းဗြဲမြို့နယ် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ရခိုင်တိုင်းရင်းသား ပညာရေးဝန်ထမ်းအရာရှိဟောင်းတစ်ဦးကို ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်

02 Aug 2021

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းယူသွားသည့် ပညာရေးဝန်ထမ်းဟောင်းတစ်ဦးကို လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့မှ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်နေ့က ခန့်အပ်လိုက်ကြောင်း သိရသည်။

ရခိုင်တွင်ဖြစ်ပွားသည့် အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်းထုတ်ပြန်

02 Aug 2021

ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် ဖြစ်ပွားသည့် အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)သို့ တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်တောက်နေ

02 Aug 2021

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများပြတ်တောက်နေကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

Showing 4,641-4,660 of 8,351 items.