သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းလိုင်းခန်း အရှေ့ ကမ်းပါးပြိုကျမှုကြောင့် ဝန်ထမ်းများကို နေရာပြောင်းရွှေ့ထားရ

29 Jul 2021

သံတွဲမြို့ရှိ ရေအားလျှပ်စစ်စီမံကိန်း ဝန်ထမ်းလိုင်းခန်း အရှေ့ကမ်းပါး ပြိုကျမှုကြောင့် ဝန်ထမ်းများကိုနေရာပြောင်းရွှေ့ထားရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

သံတွဲရေဘေးသင့်ပြည်သူများကို ဆန်တစ်ပတ်စာနှင့် အခြားပစ္စည်းများ ပြည်နယ်စစ်ကောင်စီက ပေးအပ်ကူညီမည်

29 Jul 2021

သံတွဲမြို့နယ်မှ ရေဘေးသင့်ပြည်သူများကို ရခိုင်ပြည်နယ်စစ်ကောင်စီက ဆန်တစ်ပတ်စာနှင့် အခြားပစ္စည်းများ ပေးအပ်ကူညီပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်တွင် သိရသည်။

စစ်တွေကားဂိတ်အနီး ပေါက်ကွဲမှု ၅ ခုဖြစ်ပွား

28 Jul 2021

စစ်တွေမြို့ အဝေးပြေးကားအနီး ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၉ နာရီခွဲတွင် ပေါက်ကွဲမှု ၄ ခုနှင့် ၁၀ နာရီခွဲခန့်တွင် ပေါက်ကွဲမှု ၁ ခု စုစုပေါင်း ပေါက်ကွဲမှု ၅ ခုဖြစ်ပွားခဲ့ကြောင်း DMG သတင်းထောက် ပေးပို့ချက်အရ ကနဦး သိရသည်။

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက် တံတား ၄ စင်းအထိပျက်စီးနေ၍ ကျေးရွာပေါင်း ၃၀ ခန့် သွားလာရေးခက်ခဲနေ

28 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက်တံတား ၄ စင်းအထိပျက်စီးနေ၍ ကျေးရွာပေါင်း ၃၀ ကျော် သွားလာရေးခက်ခဲလျက်ရှိကာ အစားအသောက်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် သီဟိုအေးကျေးရွာတွင် နေအိမ်များ ရေနစ်မြုပ်နေ၍ အရေးပေါ်အကူအညီများလိုအပ်နေ

28 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်အနီးရှိ သီဟိုအေးကျေးရွာအတွင်း နေအိမ်များရေနစ်မြုပ်လျက်ရှိကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းရှိ ကိုဗစ်ပိုးတွေ့လူနာများ ဆေးရုံးဆင်းခွင့်ရ၍ စခန်းအား lockdown ပြန်ဖွင့်

28 Jul 2021

ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးအထိရှိခဲ့သည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံးမှဆင်းသွားကြပြီးဖြစ်သောကြောင့် စခန်းအား ဇူလိုင်လ ၂၃ ရက်နေ့မှစပြီး Lock down ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဦးစားပေးဖြန့်ပေးရန်စီစဉ်နေကြောင်း ပြည်နယ်ကောင်စီပြော

28 Jul 2021

ကိုဗစ်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်သန့်ဆေး၊ ဆပ်ပြာစသည်တို့ကို ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများသို့ ဦးစားပေးအနေဖြင့်ဖြန့်ပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

ရခိုင်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်ဟုဆို

28 Jul 2021

ရခိုင်ပြည်နယ်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။

စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် ရေကြီးမှုကြောင့် သံတွဲဒေသခံများ စားရေးသောက်ရေးအခက်အခဲရှိနေ

28 Jul 2021

စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် သံတွဲမြို့နယ်မှရေကြီးခဲ့မှုကြောင့် လက်ရှိမှာရေပြန်ကျသွားပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားရေးသောက်ရေးအကူညီအညီများ လိုအပ်နေကြောင်း သိရသည်။

သံတွဲက အောက်ဆီဂျင်စက်ရုံ ၂၅ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်သွားခဲ့သည်ဟုဆို

28 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကောင်စီမှ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှာ ရေကြီးမှုကြောင့် ၂၅ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

သံတွဲတွင် ရေပြန်ကျသွားပြီ

28 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့က ရေကြီး ရေလျှံဖြစ်ပြီး စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့ကာ ဆေးရုံအပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မီးသင်္ဂြိုဟ်စက်နှင့် နေအိမ်အများအပြား ရေနစ်မြုပ်မှုဖြစ်ခဲ့သည်။

ပလက်ဝတွင် ကိုဗစ်ကူးစက်သူ ယခုထက်ပိုများလာပါက ကျန်းမာရေးဝန်ထမ်းများ အခက်အခဲဖြစ်လာနိုင်ကြောင်းပြော

28 Jul 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၃၄ ဦးထိ ရှိလာနေပြီး ယင်းအထဲတွင် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်နေကြောင်း သိရသည်။

သံတွဲမြို့ရှိ မီးသင်္ဂြိုဟ်စက်ရေနစ်မြုပ်နေ၍ ကိုဗစ်ဖြင့်သေဆုံးသည့် အလောင်း ၂ လောင်းကို မြပြင်ရပ်ကွက်ရှိ မီးသင်္ဂြိုဟ်စက်တွင် ပြောင်းရွှေ့သင်္ဂြိုဟ်ရန်စီစဉ်

27 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ရေကြီးရေလျှံနေမှုကြောင့် သံတွဲမြို့ရှိ မီးသင်္ဂြိုဟ်စက်မှာရေနစ်မြုပ်လျက်ရှိသဖြင့် ကိုဗစ်ဖြင့်သေဆုံးသူ ၂ ဦး၏အလောင်းကို မြပြင်ရပ်ကွက်မီးသင်္ဂြိုဟ်စက်တွင် သင်္ဂြိုဟ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ANP ထုတ်ပြန်

27 Jul 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုမှ ယနေ့ဇူလိုင် ၁၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

မြောက်ဦးအောက်ဆီဂျင်စက်ရုံမှထွက်သော အောက်ဆီဂျင်များကို မြောက်ဦးဆေးရုံမှအပ အခြားနေရာများကိုဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းထားမည်

27 Jul 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသောအောက်ဆီဂျင်များကို ယနေ့ ဇူလိုင် ၂၇ ရက်မှစ၍ အခြားမြို့နယ်များသို့ဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။

မောင်တောမြောက်ပိုင်းတွင် ရေကြီးပြီး အိမ်ခြေ ၃၀၀ ကျော် ရေနစ်မြုပ်နေ၊ ရွာချင်းဆက်တံတား ၃ စင်း ရေစီးနှင့်မျောပါ

27 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးရေလျှံ မှုကြောင့် ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်မှာ ရေနစ်မြုပ်နေကြောင်းနှင့် ရွာချင်းဆက်တံတား ၃ စင်းမှာလည်း ရေထဲမျောပါသွားခဲကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

သံတွဲခရိုင်ဆေးရုံအတွင်း ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရ

27 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲခရိုင်ဆေးရုံတွင် ယနေ့(ဇူလိုင် ၂၇ ရက်) နံနက်ပိုင်းက ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

တင်းမကျေးရွာသားများ အောက်တိုဘာလတွင် နေရပ်ပြန်ရေးမှာမသေချာသေး

27 Jul 2021

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ လာမည့် အောက်တိုဘာလတွင် နေရပ်ပြန်ရန် ပြည်နယ်ကောင်စီနှင့် သဘောတူညီထားသော်လည်း လက်ရှိမှာ ကျေးရွာအတွင်း ပြန်လည်နေရာချထားရေးကိစ္စများ လုပ်ဆောင်သည်ကို မတွေ့ရသေးကြောင်း ၎င်းကျေးရွာသားများကပြောသည်။

Showing 4,681-4,700 of 8,351 items.