ဖမ်းဆီးခံထားရသည့် မိုးပညာဒါနကျောင်းဥက္ကဋ္ဌအား တပ်မှ တောင်ကုတ်ရဲစခန်းသို့လွှဲပြောင်းထားဟုဆို

15 Jul 2021

တောင်ကုတ်မြို့နယ် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းအား တပ်မတော်မှ တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ဇူလိုင် ၁၄ ရက်နေ့က လွှဲပြောင်းလိုက်ကြောင်း ကိုအောင်လှိုင်ဝင်း၏ မိသားစုဝင်များထံမှ သိရသည်။

မင်းပြားတွင် တစ်ခြားဒေသမှဝင်ရောက်လာသူများနှင့် သံသယလူနာများအားထားရှိရန် Quarantine Center ၂ ခုကို ကြိုတင်ပြင်ဆင်ထား

15 Jul 2021

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် တစ်ခြားဒေသများမှ ဝင်ရောက်လာသူများ၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သည့် သံသယလူနာများအားထားရှိရန် Quarantine Center (၂)ခုကို ကြိုတင်ပြင်ဆင်ထားကြောင်း မြို့နယ်ကောင်စီဝင်ထံမှ သိရသည်။

မြောက်ဦးတွင် ယခုလအကုန်၌ အောက်ဆီဂျင် စထုတ်နိုင်တော့မည်

15 Jul 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တည်ဆောက်ပြီးစီးလျှက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်ထုတ်စက်များရောက်ရှိလာပြီဖြစ်သည့်အတွက် ဇူလိုင် ၁၄ ရက်နေ့က စတင်တပ်ဆင်နေပြီဖြစ်သည်ဟု မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းပိတ်လိုက်သဖြင့် အလုပ်သမားမိသားစု ၉၀၀ ကျော် စားဝတ်နေရေးခက်ခဲနိုင်

15 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်မှုကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်သဖြင့် ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်း ပြောဆိုကြသည်။

တောင်ကုတ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီး ၂ ဦး ထပ်မံသေဆုံး

15 Jul 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး ၂ ဦးမှာ ယနေ့နံနက်ပိုင်းက သေဆုံးခဲ့ကြောင်းသိရသည်။

ရခိုင်တွင် ကိုဗစ်ကာလအတွင်း ဆေးဝါးတချို့ ပြတ်လပ်မှုရှိနေ

15 Jul 2021

လက်ရှိကိုဗစ်ကာလတွင် လူသုံးအများဆုံးဖြစ်သည့် ဗီတာမင် C၊ ဘီတာမင် D 3၊ ဇင့် ၊ paracetamol(ပါရာစီတာမော့)၊ Oximeter(အောက်ဆီဂျင်တိုင်းစက်) စသည့်ဆေးဝါးများမှာ ပြည်မကုမ္ဗဏီများတွင် ပြတ်လပ်နေသည့်အတွက် မှာယူရာတွင် ကြန့်ကြာနေခြင်း၊ လမ်းခရီးအခက်အခဲများကြောင့် ရခိုင်ပြည်ဈေးကွက်တွင် ပြတ်လပ်နေကြောင်း ဧကရာဇ်အားမာန်ဆေးကုမ္ဗဏီမှ Admin manager ကိုထွန်းမင်းဦးကပြောသည်။

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကို lockdown ချ

15 Jul 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတစ်ခုလုံးကို လူအဝင်အထွက်ကန့်သတ်ပြီး lockdown ချလိုက်ကြောင်း စခန်းတာဝန်ခံမှပြောသည်။

ဇူလိုင် ၁၇ရက်နေ့မှ ၂၅ရက်နေ့အထိ ရုံးပိတ်ရက်များသတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

14 Jul 2021

ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ရက်နေ့အထိ မြန်မာနိုင်ငံရှိ အစိုးရရုံးများကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင်လ ၁၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ရခိုင်သို့လာရောက်သူများကို Quarantine ထားရှိသွားမည်

14 Jul 2021

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ထားသည့်မြို့နယ်များမှ ရခိုင်သို့လာရောက်သူများကို Quarantine ထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇူလိုင် ၁၄ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

မာန်အောင်တွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦး စတွေ့

14 Jul 2021

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၂ ဦးစတင်တွေ့ရှိရကြောင်း မာန်အောင်အခြေစိုက် လူမှုအဖွဲ့အစည်းထံမှ သိရသည်။

ရခိုင်ရှိ ကုန်း၊ ရေ၊ လေလမ်းကြောင်းများကို စည်းကမ်းချက်များ တင်းကြပ်စွာ လုပ်ဆောင်ထားကြောင်း ပြည်နယ်ကောင်စီပြော

14 Jul 2021

ရခိုင်ရှိ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းများကို ပိတ်ပင်ထားခြင်းမပြုလုပ်ဘဲ စည်းကမ်းချက်များတင်းကျပ်စွာ လုပ်ဆောင်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောသည်။

သံတွဲခရိုင်ဆေးရုံရှိ COVID-19 အရေးပေါ်လူနာများအတွက် အောက်စီဂျင် မလုံလောက်သည့် အခြေအနေကြုံတွေ့နေရဟုဆို

14 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဆေးရုံကြီးတွင် ကုသနေသည့် COVID-19 အရေးပေါ်လူနာများအတွက် အောက်စီဂျင်မလုံလောက်သည့် အခြေအနေအနေနှင့် ကြုံတွေ့နေရကြောင်း သံတွဲမြို့နယ်မှ COVID-19 အရေး ကူညီဆောင်ရွက်ပေးနေသည့် ဆရာတော်ဦးတေဇိန္ဒက DMG သို့ မိန့်ဆိုသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ

14 Jul 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ ၁၆ ဦးရှိ

14 Jul 2021

ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၉၉၆ ဦးအထိရှိလာပြီး ဇူလိုင် ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၁၄ ရက်နေ့တွင် သိရသည်။

စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို တစ်ပတ်လျှင် နှစ်ရက်ပိတ်မည်ဖြစ်ပြီး ကျန်ရက်များတွင် COVID စည်းကမ်းနှင့်အညီ ကြပ်မတ်ဖွင့်လှစ်သွားမည်ဟုဆို

14 Jul 2021

ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေသည့်အတွက် စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို တစ်ပတ်လျှင် စနေ့နေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအချိန်ထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့အနီးတွင် တပ်မတော်သားများရှိနေ၍ ဒေသခံများ လယ်ယာထွန်ယက်စိုက်ပျိုးရန် စိုးရိမ်မှုရှိနေကြ

14 Jul 2021

ရခိုင်ပြည်နယ်၌ လက်ရှိ တိုက်ပွဲများငြိမ်သက်နေသော်လည်း ရသေ့တောင်မြို့နယ်ရှိ ကျေးရာအချို့အနီးတွင် တပ်မတော်သားများ ရှိနေခြင်းကြောင့် ထွန်ယက်မစိုက်ပျိုးနိုင်သည့် လယ်ယာမြေများရှိနေသည်ဟု ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ဆိုင်ရာ စည်းကမ်းများကို လိုက်နာမှုအားနည်းနေပြီး ဌာနဆိုင်ရာများအနေဖြင့် အထူးကြပ်မတ်ရန်လိုအပ်နေ

14 Jul 2021

လက်ရှိတွင်ဖြစ်ပွားနေသော COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာမှုအားနည်းချက်ရှိနေပြီး ဌာနဆိုင်ရာများအနေဖြင့်လည်း အထူးကြပ်မတ်ပေးရန် လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုမှုများရှိနေသည်။

သံတွဲတွင် အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ရန် မြေနှင့် အဆောက်အဦးအလှူရှင်ရရှိထားပြီဖြစ်သော်လည်း စက်ဝယ်ယူရန် ငွေကြေးလိုအပ်နေသေး

14 Jul 2021

သံတွဲမြို့နယ်အတွင်း အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေမှုတွင် မြေနေရာနှင့် အဆောက်အဦးအလှူရှင်များ ရရှိထားပြီဖြစ်သော်လည်း စက်ဝယ်ယူရေးအတွက် အလှူရှင်များလိုအပ်နေသေးကြောင်း ဦးဆောင်လုပ်ကိုင်နေသူများထံမှ သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် တစ်နိုင်ငံလုံးရှိ ပညာရေးရုံးဝန်ထမ်းများအား အင်အား ၅၀ ရာခိုင်နှုန်းစီနှင့် နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် ရုံးတက်ရောက်နိုင်ရန် စီစဉ်ထား

13 Jul 2021

မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးရုံးဝန်ထမ်းများကို COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရန် အင်အား ၅၀ ရာခိုင်နှုန်းစီနှင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ရုံးတက်ရောက်နိုင်ရန် ညွှန်ကြားထားကြောင်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထပ်ဆင့်ညွှန်ကြားစာအရ သိရသည်။

Showing 4,761-4,780 of 8,351 items.