မောင်တောတွင် ကိုဗစ်အတည်ပြုလူနာသစ် ၂၀ ဦးထဲမှ ရောဂါအခံရှိသူတစ်ဦးသေဆုံး

03 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယနေ့ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၂၀ ဦး ထပ်တိုး လာပြီး ယင်းအထဲမှာ ဆီးချိုနှင့် သွေးတိုးရောဂါအခံရှိသူတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံမှ သိရသည်။

မောင်တောတွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်ညွှန်ကြားထား

03 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် Covid-19 ကူးစက်မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန် အကြောင်းကြားသည့်စာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အမ်းတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်

03 Jul 2021

အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  အား ဇူလိုင်လ ၂ ရက်နေ့မှစ၍ နှစ်လကြာ သက်တမ်းတိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

သံတွဲတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီး သေဆုံးခဲ့ကြောင်း မိသားစုပြော

03 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လူတစုမှသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များမှ ပြောဆိုသည်။

ကမ်းထောင်းကြီးတွင် ဆိတ်ကမ်းတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်ပစ်မှု များလာနေ

02 Jul 2021

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင်  အမှိုက်ပစ်မည့်နေရာမရှိသည့်အတွက် အမှိုက်များကို စည်းကမ်းမဲ့ ကမ်းထောင်းကြီးချောင်းတလျှောက် ပစ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ကျောင်းသားလေးဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ဘေး/စီမံ အမှုတွင် လိုပြ သက်သေများ စစ်ဆေးပြီးစီး၊ ဇူလိုင် ၁၆ ရက်နေ့တွင် လျှောက်လဲချက်ပေးမည်

02 Jul 2021

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ဇူလိုင်လ ၂ ရက်နေ့တွင် ကိုဗစ်ကြောင့် ရုံးမထုတ်ခဲ့သော်လည်း ဘေး/စီမံ အမှုမှ လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၀၀ ကျော်အထိရှိလာ

02 Jul 2021

ရခိုင်ပြည်၊ မင်းပြားမြို့တွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၄၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း ၁၆၀ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိထား

02 Jul 2021

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ၁၆၀ ဦးထံ၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မီးရှို့ခံရသည့် လက္ကာနှင့်ဖားပြိုကျေးရွာတွင် စစ်ကောင်စီမှ နေအိမ်များဆောက်လုပ်ပေး

02 Jul 2021

တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီ၏ အကူညီဖြင့် ပြန်လည်ဆောက်လုပ်နေသည်ဟု သိရသည်။

မိုးတွင်းကာလ ရခိုင်သို့လာမည့် ကုန်တင်ယာဉ်ကားများ ၁၆ တန်အထိသာ ခွင့်ပြုမည်

02 Jul 2021

ရခိုင်ပြည်အတွင်း အဝေးပြေးလမ်းမအချို့ကို ပြုပြင်ရန်နှင့် လမ်းများပျက်စီးနေခြင်း၊ တံတားများ ခိုင်ခံ့မှုအားနည်းခြင်းတို့ကြောင့် မိုးရာသီကာလအတွင်း ရခိုင်ပြည်သို့ ဝင်ရောက်လာမည့် ကားများကို ယာဉ်နှင့်ကုန်ပစ္စည်းပေါင်း၍ ၁၆ တန်အထိသာ ခွင့်ပြုတော့မည်ဟု သံတွဲခရိုင် လမ်းတံတားဦးစီးဌာနမှ သိရသည်။

ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိလာ၍ ကုန်သွယ်ရာ၌ အခက်အခဲများကြုံနေရ

01 Jul 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိလာသဖြင့် ကုန်သွယ်မှုပြုရာ၌ အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ

01 Jul 2021

■ စစ်တွေ၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ရောဂါပိုးတွေ့ရှိသူတစ်ဦး ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့သောကြောင့်  ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါအား မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သတိပေး ပြောဆိုခဲ့သည်။

မောင်တောတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ဆရာမလေးဦးတာဝန်ကျရာ ကျောင်း ၂ ကျောင်းနှင့် စာသင်ခန်း ၂ ခန်းကို ယာယီပိတ်

01 Jul 2021

မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ဆရာမလေးဦး တာဝန်ကျရာ စာသင်ကျောင်း ၂ ကျောင်းနှင့် စာသင်ခန်း ၂ ခန်းတို့ကို ယနေ့ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားလိုက်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မောင်တောမြို့တွင် နယ်ခြားစောင့် ၆ ဦးအပါအဝင် ၁၅ ဦး ကိုဗစ်ရောဂါပိုးတွေ့

30 Jun 2021

မောင်တောမြို့တွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၅ ဦးအထိ ကိုဗစ်ရောဂါပိုးတွေ့ရှိရပြီး ယခင်တွေ့ထားသူများထဲမှ နှစ်ဦးမှာ ဆေးရုံက ဆင်းခွင့်ရရှိကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံးကြီးက သိရသည်။

ALD တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးကို စွဲဆိုထားသည့် ပုဒ်မနှစ်ခုမှ ၅၀၅ (က) ကို ရုပ်သိမ်း

30 Jun 2021

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင်တစ်ဦး အပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ထဲမှ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မကို ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။

ကိုကျော်သန်းလှိုင် ပြန်လည်လွတ်မြောက်လာ၊ စရဖ ဖမ်းဆီးခဲ့ဟုဆို

30 Jun 2021

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ မနေ့က ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ရခိုင်လူငယ်များ စာပေဗဟုသုတတိုးပွားလာရန် ကျောက်ဖြူတွင် ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်

29 Jun 2021

ရခိုင်လူငယ်များ စာဖတ်ခြင်းနှင့် စာပေဗဟုသုတ တိုးပွားလာရေးကို ရည်ရွယ်၍ ကျောက်ဖြူမြို့ ကမ်းနားလမ်းတွင် စာပီကမ်းခြီ (စာပေကမ်းခြေ) အမည်ရှိ ရွေ့လျားစာကြည့်တိုက်ကို ဖွင့်လှစ်ထားကြောင်း သိရသည်။

မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ သီရိမင်္ဂလာခန့်မအား ယာယီဆေးရုံအဖြစ် အသုံးပြုရန်ပြင်ဆင်

29 Jun 2021

မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ သီရိမင်္ဂလာခန့်မအား ယာယီဆေးရုံအဖြစ်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ALD ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးအမှုတွင် လိုပြသက်သေအား ရုံးထုတ်စစ်ဆေး

29 Jun 2021

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့  ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးအမှုနှင့်ပတ်သက်ပြီး ဇွန်လ ၂၉ ရက်နေ့က တရားလိုပြသက်သေတစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်တောတွင် ကိုဗစ်ပိုးရှိသည့် အမျိုးသမီးတစ်ဦး အာရုံကြောများ ထိခိုက်ဟု သိရ

29 Jun 2021

မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး အာရုံကြောများထိခိုက်ပြီး စကားပြော၍ သိပ်မရတော့ကြောင်း သိရသည်။

Showing 4,841-4,860 of 8,354 items.