စစ်ရှောင်စခန်းများမှ တက္ကသိုလ်ဝင်တန်းများကို အခမဲ့ပညာသင်ကြားပေး

17 Jun 2021

ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသော စစ်ရှောင် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများကို စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီမှ ဦးဆောင်ပြီး အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။

ရခိုင်စစ်ဘေးရှောင်ကလေးငယ် ၃၀ ရာခိုင်နှုန်း ကျောင်းမတက်နိုင်သေး

16 Jun 2021

ပြီးခဲ့သည့် ဇွန်လတစ်ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်အတွင်း ကျောင်းတက်သူ ၉၇ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၉၀ ကျော်အထိရှိလာ

16 Jun 2021

ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလအတွင်းမှ  ဇွန်လ ၁၅ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၉၄ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မင်းပြားတွင် ဝမ်းရောဂါကူးစက်ခံရသည့် ကလေးငယ် ၂၀၀ ကျော် ကျန်းမာရေးကောင်းမွန်လာ

16 Jun 2021

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ နဂါးရာကျေးရွာအုပ်စု၊ ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကူးစက်နေသည့် ကလေးငယ် ၂၀၀ ကျော်မှာ ကျန်းမာရေးကောင်းမွန်လာသည်ဟု မင်းပြားမြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်တွင် ကိုဗစ်ပြန့်ပွားမှုမရှိအောင် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တင်းကျပ်စွာ ဆောင်ရွက်နေကြောင်း စစ်ကောင်စီပြော

16 Jun 2021

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါပြန့်ပွားမှုမရှိအောင် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို စည်းကမ်းတကျ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ပြောသည်။

မိုးရာသီ ဆက်လက်နေထိုင်ရေး စစ်ရှောင်စခန်းများ ဆောက်လုပ်ရန် အရေးပေါ်လိုအပ်နေ

16 Jun 2021

ပြီးခဲ့သည့် နှစ်များက ဆောက်လုပ်နေထိုင်နေကြသည့် စစ်ရှောင်ယာယီတဲအိမ်များကို လက်ရှိတွင် ပြန်လည်မွမ်းမံဆောက်လုပ်ပေးခြင်းမရှိပါက ယခုနှစ်မိုးရာသီနေထိုင်ရန် အလွန်အခက်အခဲဖြစ်မည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်တွေမြို့မဈေးရှိ ပျံကျဈေးသည်များကို နေရာရွှေ့ပြောင်းထား

16 Jun 2021

စစ်တွေမြို့ မြို့မဈေးကြီးအတွင်းရှိ ပျံကျဈေးသည်များကို ဈေးအနီးရှိ BXT ဆိပ်ကမ်းမြေယာပေါ်တွင် အသစ်ဆောက်လုပ်ထားသော ဈေးသစ်သို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ နတ်မြစ်ကို ဖြတ်ကူးဝင်ရောက်သူတစ်ဦးအား ကုန်သွယ်ရေး မော်တော်ရေယာဉ်မှ ကယ်တင်ခဲ့ရ

15 Jun 2021

တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နတ်မြစ်ကိုဖြတ်ကူးကာ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာသူတစ်ဦးအား ယနေ့ (ဇွန်လ ၁၅ ရက်) နံနက် ၇ နာရီကျော်အချိန်တွင် မြန်မာဘက်ကုန်သွယ်ရေးမော်တော်ရေယာဉ်တစ်စီးမှ ကယ်တင်ခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောတွင် သိန်းပေါင်း ၂၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

15 Jun 2021

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၉၀၀ ကျော်ခန့် တန်ဖိုးရှိသည့် WY စာတန်းပါ ဆေးပြားပေါင်း ၁၉၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဂွမြို့နယ်မှ အသက် ၁၃ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရမှု တရားမျှတမှုကို လိုလားကြောင်း မိခင်ဖြစ်သူတောင်းဆို

15 Jun 2021

ရခိုင်ပြည်၊ ဂွမြို့နယ်မှ ကျေးရွာတစ်ရွာတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် တရားမျှတမှုကို လိုလားကြောင်း မိခင်ဖြစ်သူက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများနှင့် ဘေးဒုက္ခများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေရှိနေကြောင်း ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

15 Jun 2021

မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများနှင့် ဘေးဒုက္ခများ ဆက်လက်ဖြစ်ပွားမည့်အခြေအနေရှိနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောကြားလိုက်သည်။

ရခိုင်တွင် ကလေးသူငယ်များအပေါ် အဓမ္မကျုးလွန်မှုမြင့်လာ

15 Jun 2021

ရခိုင်ပြည်တွင် ကလေးသူငယ်များအပါအဝင် အမျိုးသမီးများအပေါ် အဓမ္မပြုမှုဖြစ်စဉ်များ မြင့်တက်လာနေကြောင်း Legal Clinic Myanmar (ရခိုင်) အဖွဲ့၏ စစ်တမ်းများအရ သိရသည်။

ကယားပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိလာ၊ တိုက်ပွဲကြောင့် သေဆုံသူ ၅၀ အထိရှိနေ

14 Jun 2021

ကယားပြည်နယ်တွင် မေလကစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိလာနေပြီး သေဆုံသူ ၅၀ ဦးအထိရှိနေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဆည်တည်ဆောက်ရာတွင် ပါဝင်သွားသည့် မြေယာများအတွက် လျော်ကြေးငွေကို ၃ နှစ်ကြာသည့်တိုင် မရရှိသေးကြောင်းပြော

14 Jun 2021

ရခိုင်ပြည် မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအုပ်စုတွင် လျှိုပိတ်ဆည်တည်ဆောက်ရာ၌ မြေယာ ပါဝင်သွားသူများမှာ ၃ နှစ်ကြာသည့်တိုင် လျော်ကြေးငွေ မရရှိကြသေးကြောင်း ဒေသခံမြေပိုင်ရှင်များက ပြောသည်။

ကျေးရွာအနီး မြန်မာတပ်မတော် တပ်စွဲထား၍ အောင်ဇေယျရွာသားများ ရွာပြန်ချင်သော်လည်း မပြန်ရ

14 Jun 2021

ရခိုင်ပြည်အတွင်း လက်ရှိအချိန်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ငြိမ်သက်နေခြင်းကြောင့် မိမိကျေးရွာကို လုပ်ကိုင်စားသောက်ဖို့ ပြန်ချင်နေကြသော်လည်း ကျေးရွာအနီးက တောင်ပေါ်တွင် မြန်မာစစ်တပ်မှ တပ်စွဲထား၍ မပြန်နိုင်သေးကြောင်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စု အောင်ဇေယျကျေးရွာသားများက ပြောသည်။

မင်းဘူး-အမ်း ကားလမ်းတွင် လမ်းချော်ပိတ်ဆို့မှုကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရ

12 Jun 2021

ပြည်မဘက်မှ ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းမှုလုပ်ဆောင်ရာတွင် အသုံးပြုမှု အများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်း မိုးရာသီဆိုလျှင် ကားလမ်းချော်ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မောင်တောတွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးအထိရှိလာ၊ ကိုဗစ်သတိပေးချက်များ လှည့်ပတ်ကြေညာ

12 Jun 2021

ဒုတိယမြောက် ကိုဗစ်ရောဂါပိုးတွေ့ရှိသူမှာ မောင်တောမြို့နယ် ဇူလကျေးရွာသို့ ဇွန်လ ၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်သည်။ ယင်းအပြင် ပထမ ကိုဗစ်ပိုးတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ် ဘာဟူခါလီဒုက္ခသည်ခန်းမှ အသက် ၃၆ နှစ်အရွယ် မာမတ်တော်ယုပ် ဖြစ်သည်။

ရခိုင်အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကိုးရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း လှူဒါန်းမည်

11 Jun 2021

ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကိုးရီးယား သမ္မတနိုင်ငံမှ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့မှ တစ်ဆင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)သန်း လှူဒါန်းမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များ ပျက်ပြားယုတ်လျော့စေရန် အားထုတ် ကြိုးပမ်းနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့က စိုးရိမ်ဆဲ

11 Jun 2021

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးနောက် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ စနစ်တကျချမှတ်ကာ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များ ပျက်ပြားယုတ်လျော့စေရန် ဆက်လက်အားထုတ်ကြိုးပမ်းနေမှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အနေဖြင့် အလွန်စိုးရိမ်ဆဲဖြစ်ကြောင်း ပြောသည်။

Showing 4,921-4,940 of 8,355 items.