သံတွဲမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦးထပ်တိုး၊ ၃၁ ဦးအထိ ရှိလာ

29 Jun 2021

သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ယနေ့ ၆ ဦးထပ်တိုး၍ ဇွန်လ ၂၄ ရက်နေ့ကစ၍ ၃၁ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

စစ်ကျန် လက်နက်ပစ္စည်းများကို စုပုံ မထားရန် REC တိုက်တွန်း

29 Jun 2021

စစ်ကျန်လက်နက်ပစ္စည်းများကို တစ်နေရာတည်းတွင် စုပြုံထားခြင်းမျိုး မပြုလုပ်ကြရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက တိုက်တွန်းလိုက်သည်။

သံတွဲတွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၉ ဦးအမှုကို ကိုဗစ်ကြောင့် ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်း

29 Jun 2021

ရခိုင်ပြည် သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်  တရားစွဲဆိုခံထားရသူ ၉ ဦး အမှုကို ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ရုံးချိန်းထားသော်လည်း ကိုဗစ်ရောဂါကြောင့် ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်ရသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

မောင်တောတွင် သုံးလအတွင်း တရားမဝင်သစ်တန်ချိန် ၁၀၀ ခန့်နှင့် မော်တော်ဘုတ် ၈ စီးတို့ကိုဖမ်းမိ

29 Jun 2021

မောင်တောမြို့ နတ်မြစ်ဝတွင် သုံးလအတွင်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် သစ်တန်ချိန် ၁၀၀ ခန့်နှင့် မော်တော်ဘုတ် ၈ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မင်းပြား ဝါးတောင်စစ်ရှောင်ခစန်းတွင် အရေးပေါ်အကူအညီများလိုအပ်နေ

29 Jun 2021

မင်းပြားမြို့နယ်၊ လေးမြို့ချောင်းကမ်းအနီးရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အလှူရှင်များမရောက်ရှိသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေ၍ ယခု မိုးရာသီကာလတွင် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်အခဲရှိနေပြီး အရေးတကြီးအကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

ALD ပါတီဝင် ဦးဇော်ဝင်းထွန်းဖမ်းဆီးခံရမှု မိသားစုဝင်များစိုးရိမ်

28 Jun 2021

စစ်တွေမြို့ ၊ ကျေးပင်ကြီးရပ်ကွက်တွင် နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) ပါတီမှ လက်ရှိ စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ (ယာယီ) ဥက္ကဌဖြစ်သည့် ဦးဇော်ဝင်းထွန်းအား ယနေ့ (ဇွန်လ ၂၈ရက်) နေလယ် ၁ နာရီကျော်ခန့်တွင် အိုးတန်းရပ်ကွက်၌ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

သံတွဲတွင် တရားရုံးဝန်ထမ်း ၄ ဦး၌ ကိုဗစ်ပိုးတွေ့

28 Jun 2021

ရခိုင်ပြည်၊ သံတွဲမြို့တွင် တရားရုံးဝန်ထမ်း ၄ ဦး၌ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိရသဖြင့် လက်ရှိသံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၅ ဦးရှိလာကြောင်း သိရသည်။

ရခိုင်တွင် ကိုဗစ်ကြောင့် လူသေဆုံးမှုရှိလာသော်လည်း ကျောင်းနှင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရန် အစီစဉ်မရှိသေးကြောင်း ပြည်နယ်စစ်ကောင်စီပြော

28 Jun 2021

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယနေ့ (၂၈.၆.၂၀၂၁) နံနက်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သော်လည်း အခြေခံပညာကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးတို့ကို ပိတ်သိမ်းရန် အစီစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောသည်။

ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၁၄ ဦးရှိ၊ ယင်းအထဲမှ တစ်ဦးသေဆုံး၊ မပေါ့ဆရန် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှအသိပေး

28 Jun 2021

စစ်တွေ၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ရောဂါပိုးတွေ့ရှိသူတစ်ဦး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မောင်တောတွင် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦး အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ လေးဦးထပ်တိုး

28 Jun 2021

ရခိုင်ပြည်၊ မောင်တောမြို့တွင် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦး ထပ်တိုးလာကြောင်း ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် မောင်တောခရိုင် ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။

မောင်တောမြန်မာ့စီးပွါးရေးဘဏ်ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့

27 Jun 2021

ရခိုင်ပြည် မောင်တောမြို့ မြန်မာ့စီးပွါးရေးဘဏ်ဝန်ထမ်းတစ်ဦး၌ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ရခိုင်တွင် COVID -19 ပိုးတွေ့လူနာများလာမှုအပေါ် ကျောင်းသားမိဘများစိုးရိမ်

26 Jun 2021

ရခိုင်တွင် COVID-19 ပိုးတွေ့လူနာတွေ့ရှိမှုများလာသည်နှင့်အမျှ ကျောင်းသားမိဘများမှာ သားသမီးများ၏ ကျန်းမာရေးအပေါ်စိုးရိမ်မိကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

မြန်မာစစ်တပ်မှ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုကျူးလွန်နေခြင်းကို အရေးယူရန် နိုင်ငံတကာသို့ လူ့အခွင့်ရေးအဖွဲ့များတိုက်တွန်း

26 Jun 2021

မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ ကျူးလွန်နေခြင်းကို အပြစ်ပေးအရေးယူရန် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ လူ့အခွင့်အရေးအဖွဲ့ ၈ ဖွဲ့မှ နိုင်ငံတကာသို့ တိုက်တွန်းလိုက်သည်။

မောင်တောတွင် ဒေသတွင်းကိုဗစ်ကူးစက်သူ ၃ ဦးထပ်တိုး၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးပါဝင်

26 Jun 2021

မောင်တောမြို့နယ်တွင် ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကိုဗစ်ကူးစက်ခံရသူ ၃ ဦး ထပ်တိုးလာပြီး ယင်းအထဲတွင် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

သံတွဲမှ ကိုဗစ်အတည်ပြုလူနာနှင့် ဆက်စပ်သူ ၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိ

26 Jun 2021

ရခိုင်ပြည်၊ သံတွဲမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့် ဆက်စပ်သူ ၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိရကြောင်း ဇွန်လ ၂၅ ရက်နေ့က သံတွဲမြို့နယ်ဆေးရုံအုပ်မှ အတည်ပြုပြောကြားသည်။

ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရဟု မိသားစုဝင်များပြော

25 Jun 2021

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ ရန်ကုန်လေဆိပ်တွင် ယနေ့ (ဇွန်လ ၂၅ ရက်) ဖမ်းဆီးခံရကြောင်း မိသားစုဝင်များက DMG သို့ အတည်ပြုပြောဆိုသည်။

တင်းမကျေးရွာသားများ အောက်တိုဘာလတွင် နေရပ်ပြန်ရန် စစ်ကောင်စီနှင့်သဘောတူညီ

25 Jun 2021

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ လာမည့် အောက်တိုဘာလတွင် နေရပ်ပြန်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် သဘောတူညီချက်ရယူခဲ့ကြောင်း ယင်းကျေးရွာသားများထံမှသိရသည်။

ရခိုင်ကျောင်းသား ၄ ဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အမှုတွင် သက်သေများစစ်ဆေးပြီးစီး၊ ဘေး/စီ/မံအမှုတွင် လိုပြသက်သေတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိ

25 Jun 2021

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသား ၄ ဦးကို ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ရခိုင်ဝန်ကြီးချုပ်ဟောင်းအမှုကို စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

25 Jun 2021

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

Showing 4,861-4,880 of 8,354 items.