ကိုဗစ်ကူးစက်မှုကြောင့် ပလက်ဝမြို့နယ်တွင် စာသင်ကျောင်းများ ယာယီပိတ်ထားရ

21 Jun 2021

ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုရှိနေသည့်အတွက် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရသည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပလက်ဝမြို့ကို မီးဖြတ်တော့မည် မဟုတ်ဟု သိရ

21 Jun 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညနေ ၇ နာရီမှ ည ၁၀ နာရီထိ နေ့စဉ်ပုံမှန်ပေးနေသည့် လျှပ်စစ်မီးအား ဇွန်လ ၂၁ ရက်နေ့မှစပြီး လျှပ်စစ်မီးဖြတ်မည်ဟု နှိုးဆော်ခဲ့သော်လည်း ဒီဇယ်ဆီမှာ ယနေ့ ရောက်ရှိလာမည်ဖြစ်သည့်အတွက် ဖြတ်တောက်တော့မည် မဟုတ်ကြောင်း ပလက်ဝမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းတချို့ နေထိုင်ရေးအခက်ကြုံနေရ

20 Jun 2021

ရခိုင်ပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းတချို့ နေထိုင်ရေးအခက်အခဲ ကြုံနေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မောင်တောခရိုင် ထွေ/အုပ်ရုံးတွင် ဝန်ထမ်းနှစ်ဦး ကိုဗစ်ပိုးတွေ့

20 Jun 2021

ရခိုင်ပြည်၊ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်း ၂ ဦးတွင် ယနေ့ (ဇွန်လ ၂၀ ရက်)နေ့က ကိုဗစ်ပိုးစစ်ဆေးရာ၌ ကိုဗစ်ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျမှုကို ကုန်ဘွေကျေးရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကာကွယ်နေရ

20 Jun 2021

ကျောက်ဖြူမြို့နယ် ကုန်ဘွေကျေးရွာတွင် ဒီရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုကို ကြုံတွေ့နေရသည်မှာ ၁၀ စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

COVID-19 ကို မပေါ့ဆကြရန် ပြည်နယ်ကျန်းမာရေးဌာန သတိပေး

20 Jun 2021

ပြည်သူများအနေဖြင့် COVID -19 ကို မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က သတိပေးပြောဆိုလိုက်သည်။

ရခိုင်က မြို့ငါးမြို့တွင် လူငယ်များစာပေစိတ်ဝင်စားလာရန် Mobile Library ပြုလုပ်

20 Jun 2021

ရခိုင်ပြည်မှ စစ်တွေ၊ မင်းပြား၊ ရသေ့တောင်၊ ကမ်းထောင်းကြီးနှင့် ရမ်းဗြဲ မြို့တို့တွင် လူငယ်များအနေဖြင့် စာပေများကို ပိုမိုစိတ်ဝင်စားလာရန်ရည်ရွယ်ပြီး အပတ်စဉ် Mobile –Library ပြုလုပ်နေကြောင်း သိရသည်။

တောင်ကုတ်ယာဉ်တိုက်မှု လူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိ

19 Jun 2021

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာနှင့် ပေါက်ပြင်ကျေးရွာအနီးတွင် ဇွန်လ ၁၈ ရက်နေ့ ညနေ ၂ နာရီ ကျော်ခန့်တွင် ကားသုံးစီးဆင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ဆောင်ထားသူများ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို ရှုတ်ချကြောင်း သံရုံး ၄ ခု ထုတ်ပြန်

19 Jun 2021

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ဆောင်ထားသူများနှင့် ၎င်းတို့နှင့် ဆက်စပ်သူများအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးအပြည်ပြည်ဆိုင်ရာနေ့တွင် သံရုံး ၄ ခုက ပြတ်ပြတ်သားသားရှုတ်ချကြောင်း ပြောဆိုလိုက်သည်။

တရားရင်ဆိုင်နေရသည့် ရခိုင်ကျောင်းသားလေးဦး စားဝတ်နေရေးအခက်ကြုံနေရ

19 Jun 2021

စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ဘေး/စီ/မံ ဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်မှ ကျောင်းသားလေးဦးမှာ စားဝတ်နေရေးအခက်ကြုံတွေ့နေရကြောင်း ကျောင်းသားများထံမှ သိရသည်။

တောင်ကုတ်မြို့ မိုးပညာဒါနပရဟိအသင်း ဥက္ကဋ္ဌအပါအဝင် ၇ ဦးကို စစ်ဆေးနေကြောင်း ပြည်နယ်စစ်ကောင်စီပြော

19 Jun 2021

ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ မိုးပညာဒါနပရဟိတအသင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်း အပါအဝင် ၇ ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး လက်ရှိတွင် ၎င်းတို့ကို စစ်ဆေးမေးမြန်းနေကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးကို စစ်တပ်နှင့်ရဲ ဖမ်းဆီးသွားဟု မိသားစုဝင်များပြော

18 Jun 2021

တောင်ကုတ်မြို့နယ် လမူးအုပ်စု အမှတ် (၅) ရပ်ကွက် (၇)လမ်းတွင် နေထိုင်သူ ဦးအေးသန်းမောင်ကို ယနေ့ ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီက ယူနီဖောင်းဝတ်ဆင်ထားသည့် မြန်မာစစ်သားနှစ်ဦးနှင့် အရပ်ဝတ် ရဲနှစ်ဦးတို့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြန်မာတွင် လူ့အခွင့်အရေးကျဆင်းလာမှုအပေါ် ကုလသမဂ္ဂအဖွဲ့အစည်းများ စိုးရိမ်ထိတ်လန့်ဟုဆို

18 Jun 2021

မြန်မာနိုင်ငံတွင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးများဆိုင်ရာအခြေအနေ လျင်မြန်စွာ ယိုယွင်းကျဆင်းလာမှုကို ဖော်ပြနေသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် အထိတ်တလန့် စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အမ်းတွင် သက်တမ်းကုန် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးမှု စိုးရိမ်စရာမလိုကြောင်း ရခိုင်နယ်လုံဝန်ကြီးပြော

18 Jun 2021

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ ခမရ (၃၇၃) တပ်ရင်းအနီးတွင် သက်တမ်းကုန် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးရန် ဇွန်လ ၁၆ ရက်နေ့က ညွန်းကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆရာတော် အသျှင်တိက္ခိန္ဒြိယ ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ULA မှ သဝဏ်လွှာပေးပို့

18 Jun 2021

ရန်ကုန်မြို့ အင်းစိန်-ရွာမ ရပ်ကွက်ရှိ ရတနာဗောဓိကျောင်း၌ သီတင်းသုံးနေထိုင်သော ဆရာတော် အသျှင် တိက္ခိန္ဒြိယ ဇွန်လ ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ယနေ့ သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့်စွဲဆိုမှုများထဲမှ ရုပ်သိမ်းပေးလာသည့်အမှုပေါင်း ၂၁ မှုရှိပြီ

18 Jun 2021

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပြီးနောက် ရခိုင်ပြည်တွင် AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးပြီး  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုမှုများထဲမှ ပြန်လည်ရုပ်သိမ်းပေးလာသည့် အမှုပေါင်း ၂၁ မှုရှိကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

ကျောက်တော်နှင့်ပလက်ဝတွင် မိုင်းပေါက်ကွဲမှုကြောင့် ၂ ရက်အတွင်း အမျိုးသမီး ၂ ဦး ဒဏ်ရာရ

18 Jun 2021

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် မိုင်းနင်းမိသောကြောင့် အမျိုးသမီးနှစ်ဦး ခြေထောက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

လူ ၂၅ ဦး အသတ်ခံရသည့် ဖြစ်စဉ်အား KNU စုံစမ်းစစ်ဆေးမည်

17 Jun 2021

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကနဲလေး-မော်ခီးကြားရှိ အူးဟူချောင်းတံတားတည်ဆောက် ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အရပ်သား ၂၅ ဦးအား ကရင်အမျိုးသားကာကွယ်ရေးတပ်အဖွဲ့ (KNDO) က သတ်ဖြတ်လိုက်သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်က ငါး၊ ပုဇွန်များ ပြည်မဘက်သို့ တင်ပို့မရ၍ စစ်တွေမြို့တွင် လေလံတင်ရောင်းချ

17 Jun 2021

ရခိုင်ပြည် မြောက်ပိုင်းက ထွက်ရှိသည့် ငါး၊ ပုဇွန်များကို ရန်ကုန်နှင့် ပြည်မဘက်သို့ တင်ပို့မရ၍ စစ်တွေမြို့တွင် လေလံတင်ရောင်းချနေရကြောင်း သိရသည်။

ရခိုင်ပြည်တွင် မိုင်းအန္တရာယ်အသိပညာပေး ပိုမိုထိရောက်စွာဆောင်ရွက်ရန်လိုအပ်

17 Jun 2021

ရခိုင်ပြည်က တောင်သူများနှင့် တောတောင်ကိုမှီခိုလုပ်ကိုင်စားသောက်နေသည့် ဒေသခံများမှာ မိုးရာသီအတွင်း မိုင်းအန္တရာယ်ကိုစိုးရိမ်နေကြပြီး မိုင်းအပါအဝင် စစ်လက်နက်ကျန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းတို့က တောင်းဆိုကြသည်။

Showing 4,901-4,920 of 8,355 items.