မောင်တောတွင် နယ်စပ်မှခိုးဝင်လာသူ ၁၉ ဦးထဲမှ တစ်ဦးမှာ ကိုဗစ်ပိုးတွေ့

11 Jun 2021

ယခု ဇွန်လ ၈ ရက်နေ့က မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၉ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

စင်္ကာပူ ရခိုင်အသင်းခေါင်းဆောင်များ လွတ်မြောက်မှု AA ကြိုဆို၊ အပြုသဘောဆောင်သည့်တုန့်ပြန်မှုများ တုန့်ပြန်မည်ဟုဆို

10 Jun 2021

ရခိုင်အသင်း (စင်္ကာပူ)မှ ခေါင်းဆောင်များဖြစ်သည့် AA စစ်ဦးစီးချုပ်၏ညီအပါအဝင် ၁၀ ဦး လွတ်မြောက်လာသည့်အတွက် ကြိုဆိုပြီး AA အနေဖြင့် အပြုသဘောဆောင်သည့်တုံ့ပြန်မှုများကို ပြန်လည်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ပြောခွင့်ရ ဦးခိုင်သုခက DMG သို့ ပြောသည်။

မိုးရာသီရောက်လာသော်လည်း သံတွဲက ပုရစ်နှင့်ရေကောက်ကျေးရွာ နေအိမ်ဆောက်လုပ်ခြင်း ငွေကြေးအခက်အခဲကြောင့် မပြီးစီးနိုင်သေး

10 Jun 2021

သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာထဲ ပါဝင်သဖြင့် ပြောင်းရွေ့ကာ ကျေးရွာအသစ်တည်ဆောက်နေသည့် ရေကောက်ကျေးရွာသစ်နှင့် ပုရစ်ကျေးရွာတို့တွင် ငွေကြေးအခက်အခဲကြောင့် နေအိမ်ဆောက်လုပ်မှု မပြီးစီးသေးပေ။

ဘူးသီးတောင်နှင့် မြောက်ဦးက အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာအရေးယူပေးရန် အမေရိကန်ရောက် ရခိုင်အမျိုးသမီးများတောင်းဆို

09 Jun 2021

ဘူးသီးတောင်မြို့  ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၂၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းထံသို့ အမေရိကန်ရောက် ရခိုင်အမျိုးသမီးအဖွဲ့ (Arakanese women’s Association – USA) မှ ယနေ့ (ဇွန် ၉၊ ၂၀၂၁) ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

ပြန်ပေးဆွဲခံရသည့် မောင်တောက သားဖနှစ်ဦးမှာ ဖခင်ဖြစ်သူလွတ်လာ

09 Jun 2021

လက်နက်ကိုင်ဆောင်ထားသောလူတစ်စု၏ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်မှုကိုခံခဲ့ရသည့် မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားဖနှစ်ဦးမှာ ယခု ဇွန်လ ၈ ရက် နံနက်ပိုင်းက ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

လေမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်များ ပြန်ဆောက်ရန် အလှူရှင်လိုအပ်

09 Jun 2021

လေမုန်တိုင်းကြောင့် ပြိုပျက်သွားသည့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၂၀၀ ခန့်ကို လက်ရှိအချိန်ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

AA စစ်ဦးစီးချုပ် ညီ၊ ညီမနှင့် ယောက်ဖအပါအဝင် ဖမ်းဆီးခံထားရသူ ၁၀ ဦး ပြန်လည်လွတ်မြောက်

09 Jun 2021

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ညီမနှင့် ယောက်ဖ အပါအဝင် ဖမ်းဆီးခံထားရ သူ ၁၀ ဦးမှာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များကြောင့် ရခိုင်မှာ ထိခိုက်သေဆုံးမှု မြင့်မားလာ

09 Jun 2021

ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီက ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ စစ်လက်နက်ပစ္စည်းအကြွင်းအကျန် ပေါက်ကွဲမှုကြောင့် အရပ်သားလေးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု

08 Jun 2021

 မြန်မာစစ်တပ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၀(ည) တို့နှင့် တရားစွဲဆိုထားသည့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ကမာကျေးရွာမှ ကိုအောင်နိုင်စိုး၊ ချက်ဖေါက်ကျေးရွာမှ ကိုဌေးမောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ လမူးကျေးရွာမှ ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့၏ အမှုအား ပြန်လည်ရုပ်သိမ်းပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့ကြသည်။

ရခိုင်စစ်ဘေးရှောင် မူလတန်းကျောင်းသားများကို ပြည်နယ်စစ်ကောင်စီမှ ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့မည်

08 Jun 2021

ရခိုင်ပြည်ရှိ စစ်ဘေးရှောင် မူလတန်းကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်စစ်ကောင်စီမှ တစ်ဦးလျှင် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောသည်။

သံတွဲတွင်ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လက်မခံမှုများရှိနေ

08 Jun 2021

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ကို ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများနှင့် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များ စုစည်းညှိနှိုင်းပြီး မနေ့က ဇွန်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

စစ်တွေတွင် ကိုဗစ်ပိုးတွေ့လူနာ ၉ ဦးထပ်တိုး လက်ရှိ ပိုးတွေ့လူနာ ၁၂ ဦးအထိရှိ

08 Jun 2021

ဘင်္ဂလားဒေ့ရှ်မှ စစ်တွေသို့ပြန်လာသည့် လူ ၉ ဦးတွင် ယနေ့ ဇွန်လ ၈ ရက်နေ့က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အသက် ကိုးနှစ်အရွယ် အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှု ဥပဒေအရထိရောက်စွာ အရေးယူပေးရန်တောင်းဆို

07 Jun 2021

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် အသက် ကိုးနှစ်အရွယ်အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သတ်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒုက္ခသည်စခန်းတာဝန်ရှိသူများက တောင်းဆိုကြသည်။

ရခိုင်လူငယ်များ ခေတ်နှင့်အညီ စွမ်းရည်မြင့်ဖို့ လူမှုအဖွဲ့များနှင့်ပရဟိတအဖွဲ့များ သင်တန်းပေး

07 Jun 2021

နည်းပညာမြင့်မားလာသည့် ယခုခေတ်ကာလတွင် ရခိုင်ပြည်က မျိုးဆက်သစ်လူငယ်များ စွမ်းရည်မြင့်ရန်လိုအပ်နေသည့်အတွက် ရခိုင်ပြည်ထဲက မြို့နယ်တော်တော်များများတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီးအခွင့်အရေးနှင့် ဖက်ဒရယ်ရေးရာတို့ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပရဟိတလူငယ်အသင်းအဖွဲ့များက သင်ကြားပေးနေကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် မကြာခင်က ဖြစ်ပေါ်ခဲ့သည့် ယာစ်မုန်တိုင်းကြောင့် ရခိုင်တွင် ဒီရေပင်တစ်ထောင်ကျော်ပျက်စီး

07 Jun 2021

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ယာစ်မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ကိုယ်ထူကိုယ်ထစိုက်ပျိုးထားသည့် ဒီရေပင်တစ်သိန်းကျော်ထဲမှ တစ်ထောင်ကျော်ပျက်စီးသွားကြောင်း ဒီရေပင်စိုက်ပျိုးနေသူများထံမှ သိရသည်။

အကြမ်းဖက်ပုဒ်မနှင့် မြန်မာစစ်တပ်မှ တရားစွဲထားသည့် တောင်ကုတ်ဒေသခံ ၉ ဦး ပြန်လွှတ်ပေးရေး မိသားစုဝင်များတောင်းဆို

07 Jun 2021

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး ပြန်လည်လွတ်မြောက်လာရန် မိသားစုဝင်များကမျှော်လင့်နေကြသည်။

ရခိုင်တွင် တိုက်ပွဲနှစ်နှစ်ကျော်အတွင်း လယ်ဧက ခြောက်သောင်းကျော်မစိုက်ပျိုးနိုင်ခဲ့

07 Jun 2021

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်တွင် မိုးစပါးစိုက်ပျိုးသည့် လယ်ဧက ဆယ်သိန်းကျော်ရှိသည့်အနက် လယ်ဧက ခြောက်သိန်းကျော်မှာ မစိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

မိုးပညာဒါန ပရဟိတ သင်တန်းကျောင်း ဥက္ကဌအပါအဝင် ၇ ဦးကို တပ်မတော်မှ ဖမ်းဆီးထားဟု မိသားစုဝင်များပြောဆို

07 Jun 2021

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါန ပရဟိတအသင်း ဥက္ကဌ ကိုအောင်လှိုင်ဝင်းအပါအဝင် (၇ )ဦးကို ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်များကပြောဆိုသည်။

ပုဏ္ဏားကျွန်းတွင် စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံး

04 Jun 2021

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင်  စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးမှု ဖြစ်ပွားခဲ့ တယ်လို့  ပုဏ္ဏားကျွန်းမြို့မရဲစခန်းတာဝန်ရှိသူများထံမှ သိရသည်။

မောင်တော အောင်ဇေယျကျေးရွာရှိရေကန်၌ တောဆင်ရိုင်း ၄ ကောင် နွံနှစ်လျှက်ရှိ

04 Jun 2021

ရခိုင်ပြည် မောင်တောမြို့နယ် အောင်ဇေယျကျေးရွာရှိ ရေကန်၌ တောဆင်ရိုင်း ၄ ကောင် ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရွံ့များဖြင့်နှစ်မြှုပ်လျှက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Showing 4,941-4,960 of 8,355 items.