လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ရခိုင်ဝန်ကြီးချုပ်ဟောင်းအမှုကို စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

25 Jun 2021

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုဗစ်ကြောင့် ယခင်နှစ်ကမကျင်းပနိုင်ခဲ့သည့် မာန်အောင်မှ ရွက်လှေငယ်ပြိုင်ပွဲကို ယခုနှစ်တွင်ပြန်လည်ကျင်းပ

25 Jun 2021

ဆယ်စုနှစ်တစ်ခုကြာ နှစ်စဉ်ကျင်းပလာခဲ့သည့် မာန်အောင်မြို့နယ်မှ ရွက်လှေငယ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် မကျင်းပနိုင်ခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပလျက်ရှိသည်။

အလိုတော်ပြည့်ဆရာတော်ကြီး၏ ၇၇ နှစ်ပြည့်မွေးနေ့တွင် စစ်ဘေးရှောင်များနှင့် အခြေခံအလုပ်သမားများကို စားသောက်ကုန်များလှူဒါန်း

24 Jun 2021

ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး၏ သက်တော် ၇၇ နှစ်ပြည့်မွေးနေ့တွင် ရခိုင်ကစစ်ဘေးရှောင်များနှင့် အခြေခံအလုပ်သမားဖြစ်သည့် အနှေးယာဉ်ဆိုက်ကားသမားများကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့သည်ဟု သိရသည်။

စစ်တွေတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရမှု ALA မဟုတ်ဟု ငြင်းဆို

24 Jun 2021

စစ်တွေမြို့တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခြင်းမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (ALA) မှ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သင့်ကြောင်း အရပ်ဖက်အဖွဲ့များပြော

24 Jun 2021

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့လူနာများ တိုးလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သိမ်းသင့်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များက တိုက်တွန်းပြောဆိုကြသည်။

ရခိုင်မှ စစ်ရှောင်ကလေးငယ်များတွင် အရေပြားနှင့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာများဖြစ်ပေါ်နေကြောင်း သိရ

24 Jun 2021

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းအချို့မှ ကလေးများတွင် အရေပြားရောဂါ လက္ခဏာဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အဖုအထိပ်များဖြစ်ပေါ်ခြင်းနှင့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာဖြစ်သည့် ဖျားနာခြင်း၊ ပျော့အန်ခြင်းနှင့် ဝမ်းလျော့ခြင်းများ ဖြစ်ပွားနေကြောင်း လူမှုအဖွဲ့အစည်းနှင့် ဒုက္ခသည်စခန်းတာဝန်ခံများထံမှ သိရသည်။

ရခိုင်ပြည်အတွင်း မျက်စိ၊ ကျောက်ကပ် ဝေဒနာရှင်များကို အခမဲ့ဆေးကုပေးနေသည့် ရွှေကရုဏာ ဖောင်ဒေးရှင်းတွင် အလှူရှင်များလိုအပ်နေ

24 Jun 2021

ရခိုင်ပြည်အတွင်းက မျက်စိအတွင်းတိမ်ဝေဒနာရှင်များ၊ ကျောက်ကပ်ဝေဒနာရှင်များကို ကျောက်ကပ်သွေးသန့်စင်ပေးမှုများ၊  နှလုံးအထူးကုများနှင့် အထွေထွေလူနာများကို အခမဲ့ဆေးကုသပေးနေသည့် ရွှေကရုဏာဖောင်ဒေးရှင်းတွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲရှိများရှိနေသည်ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူများထံမှ သိရသည်။

မောင်တောတွင် ကိုဗစ်ပိုးတွေ့လူနာ ယနေ့တစ်ဦး ထပ်တိုး၊ စုစုပေါင်း ၇ ဦးအထိရှိလာ

24 Jun 2021

မောင်တောမြို့ ၄ မိုင်မှ အရပ်သားအမျိုးသမီးတစ်ဦးတွင် ယနေ့ ဇွန်လ ၂၄ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ ရှိရကြောင်း မောင်တောခရိုင်ဆေးရုံက သိရသည်။

သဘာဝဒဏ်ကြောင့် ပျက်စီးသွားသည့် စညှင်းစစ်ဘေးရှောင်စခန်းကို အလှူရှင်းများ၏ အကူအညီဖြင့် ဆောက်လုပ်နေ

24 Jun 2021

လေဒဏ် မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခန်းကို ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူညီအညီဖြင့် ပြည်လည်ဆောက်လုပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ပြည်တွင် ဓနိဖူးများကို သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် ထုတ်လုပ်နေ

24 Jun 2021

ရခိုင်ပြည် မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည့် ဓနိပင်များမှ အဖူးများကို အခြောက်လှန်းကာ သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် စတင်ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။

ရမ်းဗြဲမြို့ရပ်ကွက်အချို့တွင် ရေ ၂ ပေခန့်မြင့်တက်

24 Jun 2021

မိုးရက်ဆက်ရွာသွန်းခြင်းကြောင့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ရပ်ကွက်အချို့၌ ရေများပြည့်လျှံလာပြီး ၂ ပေခန့် မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့နယ် ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

24 Jun 2021

ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ဒေါင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန်လ ၂၂ ရက်နေ့က မီးရှို့ဖျက်စီး ခံလိုက်ရကြောင်း ယင်းအုပ်စု၏ စာရေးထံမှ သိရသည်။

ရခိုင်တွင် ပိုးတွေ့လူနာ ၆ ဦး ထပ်တိုး၊ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၈၆ ယောက်ထိရှိလာ

24 Jun 2021

ရခိုင်ပြည်ရှိ စစ်တွေ၊ တောင်ကုတ်၊ မောင်တောမြို့နယ်တို့တွင် ဇွန်လ ၂၃ ရက်နေ့တွင် ကိုဗစ်ရောဂါ ပိုး ၆ ဦးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

23 Jun 2021

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ခမရ (၃၇၃) တပ်ရင်းအနီးတွင် သက်တမ်းကုန် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးရန် ဇွန်လ ၁၆ ရက်နေ့က ညွှန်ကြားခဲ့ပြီး အဆိုပါ သက်တမ်းကုန် လက်နက်များကို ဖောက်ခွဲဖျက်ဆီးခြင်းသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်းဖြစ်ပြီး ဒေသခံများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြောခဲ့သည်။

မောင်တောတွင် နောက်ထပ်ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့

23 Jun 2021

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သူ၏ ဝန်ဝမ်းတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက် သူတို့နှင့်ထိတွေ့ခဲ့သူ ထွေ/အုပ်ဝန်ထမ်း ၅ ဦးအား အသွားအလာကန့်သတ်ပြီး ရောဂါပိုးစစ်ဆေးရာတွင် ယနေ့ ဇွန်လ ၂၃ ရက်နေ့ နောက်ထပ် ဝန်ထမ်း ၁ ဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရကြောင်း သိရသည်။

တောင်ကုတ်တွင် အချုပ်သားနှစ်ဦးထံ ကိုဗစ်ပိုးတွေ့

23 Jun 2021

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်သားနှစ်ဦးထံ၌ ကိုဗစ်ရောပါပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။

ကျောင်းသား ၁၃၀၀ ကျော် ပညာသင်ကြားနေသော ပုလဲရတနာဘကကျောင်းတွင် အလှူရှင်များ လိုအပ်နေဆဲ

23 Jun 2021

ရခိုင်ပြည်၊ သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား ၁၃၀၀ ကျော်အတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ပလက်ဝမှ စာသင်ကျောင်းများ ယနေ့ ပြန်လည်ဖွင့်လှစ်

23 Jun 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ်ကြောင့်ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အုန်းသီးခွံနှင့်ပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်ဖော်ဆောင်ပေးရန်လိုအပ်

23 Jun 2021

အုန်းသီးခွံနှင့်ပြုလုပ်နေသည့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအချို့ကို ရခိုင်ပြည် သံတွဲမြို့နယ်အတွင်း ဖန်တီးလုပ်ကိုင်လျက်ရှိနေကြသည်။

ရခိုင်ကစစ်ရှောင်စခန်းများတွင် ရိက္ခာမပြတ်အောင် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီပြော

22 Jun 2021

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများ ပြတ်တောက်သွားအောင်ထိ အခြေအနေမဆိုးအောင် စီစဉ်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ တာဝန်ရှိသူများက ပြောသည်။

Showing 4,881-4,900 of 8,355 items.