အစာအဆိပ်သင့်၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည့် စစ်ဘေးရှောင် ၇ ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်

08 Jul 2021

စစ်တွေမြို့ မင်းဂံအကွက် (၁၇) ရှိ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ်(၁) မှ အစာအဆိပ်သင့်၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည့် စစ်ဘေးရှောင် ၇ ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း သိရသည်။

PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နေရာတွင် နိုင်အောင်မငေးကို တာဝန်ပေးအပ်

07 Jul 2021

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို တာဝန်မှ နုတ်ထွက်ခြင်းပြုပြီး ၎င်း၏နေရာတွင် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးကို အဖွဲ့ခေါင်းအဖြစ် တာဝန်ပေးအပ်ကြောင်း ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမနှင့် ကျောင်းသားကျောင်းသူ ၂၁ ဦးအထိ ရှိလာ

07 Jul 2021

အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားသည့် ရခိုင်ပြည်တွင် ဇူလိုင်လ ၆ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ကျောင်းဆရာမ ၈ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ (၂၀၀) ကျော်အထိရှိလာ

07 Jul 2021

ရခိုင်ပြည်တွင် ယခုနှစ် ၂၀၂၁ ဇန်နဝါရီလမှ  ဇူလိုင် ၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၂၁၄) ဦးအထိ ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

COVID-19 ရောဂါထိန်းချုပ်နိုင်ရန် မြောက်ဦးမြို့မဈေးမှ အသား၊ ငါး၊ ဟင်း ဈေးတန်းကို ဝရစ်တောကွင်းသို့ ယာယီပြောင်းရွေ့မည်

07 Jul 2021

မြောက်ဦးမြို့တွင် COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ ဟင်းသီး၊ ဟင်းရွက်ဈေးတန်းနှင့် အသားငါးဈေးတန်းကို ယနေ့ ဇူလိုင် ၇ ရက်နေ့မှစတင်ပြီး ဆေးရုံအဟောင်းအနီးရှိ ဝရစ်တောကွင်းသို့ ပြောင်းရွေ့သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင် ၇ ရက်တွင် သိရသည်။

စစ်တွေတွင် စစ်ဘေးရှောင် လင်မယားနှစ်ဦး အစာအဆိပ်သင့်၍ သေဆုံးပြီး ခုနှစ်ဦးအရေးပေါ်ဆေးကုသမှု ခံယူနေရ

07 Jul 2021

ရခိုင်ပြည် စစ်တွေမြို့ မင်းဂံအကွက် (၁၇) ဝိဘဇ္ဇတဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ် (၁) တွင် နေထိုင်သည့် စစ်ဘေးရှောင် လင်မယားနှစ်ဦးမှာ အစာအဆိပ်သင့်၍ ဇူလိုင် (၆) ရက် ည ၁၀ နာရီကျော်ခန့်တွင် သေဆုံးသွားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) မှ သိရသည်။

တောင်ကုတ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

07 Jul 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးမှာ ဇူလိုင်လ ၆ ရက်နေ့ ည ၉ နာရီအချိန်က သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောတွင် ကိုဗစ်ပိုးတွေ့သည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၃၀ ကျော်ထပ်တိုး

06 Jul 2021

မောင်တောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသည့် နယ်ခြားစောင့်ရဲဝန်ထမ်း ၃၀ ကျော် ထပ်မံတိုးလာကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

ရခိုင်ပြည်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၀၀ ကျော်အထိရှိလာ

06 Jul 2021

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဇူလိုင် ၅ ရက်နေ့က COVID-19 ရောဂါပိုးတွေ့ရှိသူ (၃) ဦးရှိခဲ့ပြီး ဇူလိုင် (၅)ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၅၀၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။

ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ALD ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံ သုံးဦးအမှုတွင် လိုပြသက်သေနှစ်ဦးကို စစ်ဆေး

06 Jul 2021

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင် တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို စွဲဆိုထားသည့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) အမှုနှင့် ပတ်သတ်ပြီး ဇူလိုင်လ ၅ ရက်နေ့တွင် တရားလိုပြသက်သေနှစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူများရှိလာသည့်အတွက် မပေါ့ဆရန် ULA ထုတ်ပြန်

06 Jul 2021

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ ယခင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလများထက် အရေအတွက်များလာသည့်အတွက် မပေါ့ဆရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်သည်။

မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့လူနာများလာ၍ အောက်ဆီဂျင်နှင့် အစားအသောက်များ လိုအပ်မှုရှိဟုဆို

05 Jul 2021

ရခိုင်ပြည်၊ မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့လူနာများလာ၍ အောက်ဆီဂျင်နှင့် အစားအသောက်များ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

တေးသံရှင် ထူးအယ်လင်းမှ ရခိုင်စစ်ရှောင် ၃၀၀၀ ခန့်ကို လာရောက်ကူညီမည်

05 Jul 2021

ရခိုင်စစ်ဘေးရှောင်များကို ကူညီရန်အတွက် ရခိုင်သို့ ဇူလိုင် ၆ ရက်နေ့တွင် စတင်ထွက်ခွာလာမည်ဖြစ်ပြီး ရခိုင်ပြည်ရှိ ဆိုင်ကယ်ချစ်သူများအဖွဲ့နှင့် ချိတ်ဆက်ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက DMG သို့ ပြောသည်။

သံတွဲတွင် Stay at Home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေးအခက်တွေ့နေ

05 Jul 2021

သံတွဲမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများနှင့် ဆက်စပ်ပြီး stay at home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေးအခက်အခဲရှိနေကြောင်း သိရသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများကို ခေတ္တပိတ်နိုင်ရန် ပြည်နယ်စစ်ကောင်စီ စီစဉ်

05 Jul 2021

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်များငံများတွင်လည်း ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းအား ခေတ္တပိတ်ထားနိုင်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်ကျောင်းသားများကို ပညာသင်ကြားပေးနေသည့် မဟာကရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် အလှူရှင်များ လိုအပ်

04 Jul 2021

စစ်ဘေးရှောင်ကျောင်းသားများကို ပညာသင်ကြားပေးနေသည့် တောင်ကုတ်မြို့မှ မဟာကရုဏာတော် ပညာရေးဖောင်ဒေးရှင်းတွင် စားသောက်ရေးနှင့် ကျောင်းသို့ သွားရေးလာရေး အခက်အခဲများရှိနေ၍ အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

မောင်တောတွင်ကိုဗစ်လူနာ ၂ ဦးသေဆုံး နယ်ခြားစောင့် ၁ ဦးပါဝင်

04 Jul 2021

မောင်တောမြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ကိုဗစ်အတည် ပြုလူနာ ၂ ဦး သေဆုံးရာတွင် နယ်ခြားစောင့် ၁ ဦးပါဝင်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူတွင် ပညာရေးဝန်ထမ်းတစ်ဦးအပါဝင် အမျိုးသမီး၂ ဦး ကိုဗစ်ပိုးတွေ့

04 Jul 2021

ကျောက်ဖြူမြို့နယ် ဝါးတောပြင်ကျေးရွာ အ.မ.က ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမတစ်ဦးနှင့် ယင်းဆရာမ၏ ညီမဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

သံတွဲတွင် ပိုးတွေ့လူနာ ၅ ဦးနှင့် ကွာရတင်းထားသူ ၂၇ ဦးတို့ ဆေးရုံမှဆင်းခွင့်ရ

04 Jul 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၅ ဦးနှင့် ကွာရတင်းထားရှိသူ ၂၇ ဦးတို့မှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ALD ပါတီဝင် ဦးဇော်ဝင်းထွန်းဖမ်းဆီးခံရမှု ၇ ရက်ကြာသည့်တိုင် မိသားစုနှင့်အဆက်သွယ်မရ

03 Jul 2021

ဇွန်လ၂၈ ရက်နေ့က လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုက ဖမ်းဆီးသွားသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) ပါတီမှ လက်ရှိ စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ (ယာယီ) ဥက္ကဌဖြစ်သည့် ဦးဇော်ဝင်းထွန်းနှင့် မိသားစုဝင်များမှာ ၇ ရက်ကြာသည့်တိုင် အဆက်သွယ်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

Showing 4,821-4,840 of 8,354 items.