ရေဖြူမြို့နယ်မှ လူငယ်(၁၇)ဦး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရ

29 Sep 2022

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဒေသခံလူငယ် အနည်းဆုံး ၁၇ ဦးခန့်မှာ စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ်၏ဖမ်းဆီးခြင်းကို ခံထားရကြောင်း ဒေသခံများကပြောသည်။

အသုံးပြုပြီးသားစက္ကူများကို တစ်သျှူးကြမ်းအဖြစ် စစ်တွေမြို့တွင် ပြန်လည်ထုတ်လုပ်နေ

29 Sep 2022

အသုံးပြုပြီးသည့် စက္ကူများကို တစ်သျှူးကြမ်းအဖြစ် ပြန်လည်ထုတ်လုပ်မှုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁၅)တွင် လုပ်ကိုင်လျက်ရှိသည်။

ဖမ်းဆီးရမိသူများနှင့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်ရှိဟု AA ဆို

28 Sep 2022

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် မိမိတို့မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများမှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်ဟု ရက္ခိုင့် တပ်တော်(AA)က ယနေ့(စက်တင်ဘာလ ၂၈ ရက်)၊ညနေပိုင်းတွင် ထုတ်ပြန်သည်။

ရခိုင်တွင် သြဂုတ်လမှစတင်ကာ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ နီးပါးရှိလာဟု ကုလဆို

28 Sep 2022

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသာချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)က ယနေ့ (စက်တင်ဘာလ ၂၈ ရက်)တွင် ထုတ်ပြန်သည်။

တပ်နယ်မြေနှင့် မလွတ်ကင်းဟုဆိုကာ မင်းဂံရပ်ကွက်မှ နေအိမ် ၆ အိမ်ကို နောက်ဆုတ်ခိုင်း

28 Sep 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခလရ ၃၅၄ တပ်ရင်း တပ်နယ်မြေခြံစည်းရိုးနှင့် မလွတ်ကင်းဟုဆိုကာ မင်းဂံရပ်ကွက် အကွက်(၁၀) ကယ်ဆယ်ရေးလမ်းရှိ နေအိမ်(၆)အိမ်ကို ၁၀ ပေခန့်စီ နောက်ဆုတ်ခိုင်းထားသဖြင့် ဆုတ်ပေးလိုက်ရသည်ဟု အိမ်ပိုင်ရှင်များကပြောသည်။

တပ်ပိုင်မြေဟုဆိုကာ သံတွဲမှ နေအိမ်(၇၀)ခန့်ကို မြန်မာစစ်တပ်က ဖယ်ရှား

28 Sep 2022

တပ်ပိုင်မြေဟု အကြောင်းပြချက်ဖြင့် သံတွဲမြို့နယ်၊ ဂျိုင်သာကျေးရွာရှိ နေအိမ်(၇၀)ခန့်ကို ယနေ့(စက်တင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က လာရောက်ဖယ်ရှားခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ တိုက်ပွဲကြောင့် ချောင်းဆုံကျေးရွာသားများ ရွာလုံကျွတ်ထွက်ပြေး

28 Sep 2022

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ဘုရားတောင်ကျေးရွာရှိ နယ်ခြားစောင့်တပ်(BGF) စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့(စက်တင်ဘာ ၂၈ ရက်) နံနက်(၆)နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ချောင်းဆုံကျေးရွာသား ထောင်ချီထွက်ပြေးနေရကြောင်း သိရသည်။

မိုးဗြဲတွင် စစ်ရှောင်ကလေးငယ် (၅၀၀)ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

28 Sep 2022

ကယား(ကရင်နီ) မိုးဗြဲမြို့နယ်တွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များထဲတွင် ကလေးငယ်(၅၀၀)ကျော်ပါဝင်နေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လာကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ည ၁၀ နာရီတွင် ဆိုင်ပိတ်ရမည့်အမိန့်ကြောင့် ဆိုင်ပိုင်ရှင်များနှင့် လက်လုပ်လက်စားများထိခိုက်

27 Sep 2022

ပြည်နယ်မြို့တော် စစ်တွေတွင် ည ၁၀ နာရီမထိုးမီ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် လမ်းဘေးဆိုင် စသည်တို့ကိုပိတ်ရမည်ဟု အမိန့်ထုတ်ပြန်ထားသောကြောင့် ဆိုင်ပိုင်ရှင်များနှင့် လက်လုပ်လက်စားဈေးသည်များမှာ စားဝတ်နေရေး ထိခိုက်မှုရှိကြသည်ဟုဆိုသည်။

ကိုရင်ဆို့အမှုကို ၆ လအတွင်း အပြီးအစီးဆောင်ရွက်သွားမည်

27 Sep 2022

စစ်ကောင်စီက ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ၏ အမှုကို ၆ လအတွင်းတွင် အပြီးအစီးဆောင်ရွက်သွားမည်ဟု ယနေ့(စက်တင်ဘာလ ၂၇ ရက်) ရုံးထုတ်တွင် တရားသူကြီးကပြောဆိုလိုက်ကြောင်း သိရသည်။

ရခိုင်တွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့ရှိလူနာ ၁၃ ဦးအထိ ရှိလာ

27 Sep 2022

ရခိုင်ပြည်တွင် ယခုစက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃ ဦးအထိရှိလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပရဟိတသမား ကိုအမ်းသားကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်

27 Sep 2022

ရခိုင်ပြည်အတွင်းက စစ်ဘေးဒုက္ခသည်များကို စားဝတ်နေရေးအကူအညီများပံ့ပိုးပေးနေသည့် ပရဟိတသမား ကိုအမ်းသားကြီး (ခ) ဦးသန်းရွှေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့်  အမှုဖွင့်ထားကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မင်းပြားတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၄ ဦးဒဏ်ရာရ

27 Sep 2022

မင်းပြားမြို့နယ်တွင် ယနေ့(စက်တင်ဘာလ ၂၇ ရက်နေ့)၊ နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးဒဏ်ရာရရှိပြီး နေအိမ်တစ်အိမ်ပျက်စီးသွားကြောင်း သိရသည်။

ဘူးသီးတောင် သပိတ်တောင်ရွာသား (၆)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး၊ မိသားစုနှင့်အဆက်အသွယ်မရ

26 Sep 2022

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာသား (၆)ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ တစ်စုံတစ်ရာအဆက်အသွယ်မရသေးသည့်အတွက် မိသားစုများကစိုးရိမ်နေကြသည်။

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်မှ ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

26 Sep 2022

မြန်မာစစ်တပ်မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် စက်တင်ဘာလ(၂၃)ရက်နေ့က အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှသိရသည်။

ကျောက်ဖြူတွင် ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ထပ်မံဖမ်းဆီး

26 Sep 2022

ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ ဒေသခံနှစ်ဦးကို ယမန်နေ့(စက်တင်ဘာလ ၂၅ ရက်)တွင် မြန်မာစစ်တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းပြား ခေါင်းလောင်းချောင်းဘုန်းကြီးကျောင်း ပစ်ခတ်ခံရမှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ

26 Sep 2022

မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်သဖြင့် ခိုလှုံနေသည့် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်းသုံးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျရောက်ပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

26 Sep 2022

ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာတွင် ယမန်နေ့(စက်တင်ဘာလ ၂၅ ရက်နေ့)၊ ည ၁၁ နာရီကျော်အချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားသည်။.

မြောက်ဦးမြို့မှ ညီအစ်ကိုနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

25 Sep 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ကိုသန်းထွန်းနှင့် အစ်ကိုဖြစ်သူ ကိုကျော်သန်းနိုင်တို့ကို ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက် ၉ နာရီခန့်တွင် မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းပြားမြို့ပေါ်တွင် လက်နက်ကြီးကျ၍ နေအိမ်တချို့ ထိခိုက်ပျက်စီး

25 Sep 2022

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ အလယ်ဈေးရပ်ကွက်(မြို့မဈေးကြီးအနီး)တွင် ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက် ၁ နာရီအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

Showing 2,581-2,600 of 8,345 items.