ရခိုင်တွင် ဝက်အများအပြားသေဆုံးနေရသည့်အကြောင်းအရင်းကို ရှာဖွေနေ

24 Dec 2021

ရခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဝက်များအစုလိုက်သေဆုံးနေသည့်အတွက် မည်သည့်ရောဂါကြောင့် သေဆုံးရသည့်ကို ဓာတ်ခွဲစမ်းသပ်ရန်ပို့ဆောင်ထားကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မင်းပြားမြို့နယ်တွင် လယ်သမားတစ်ဦးပိုင်ဆိုင်သည့် စပါးစည်း(ကောက်လှိုင်း)များ မီးလောင်ဆုံးရှုံး

24 Dec 2021

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာတွင် မွတ်ဆလင်အမျိုးသားတစ်ဦးပိုင်ဆိုင်သည့် ရိတ်သိမ်းပြီးစပါးစည်း(ကောက်လှိုင်း)များ မီးလောင်းဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းနှင့် ကရင်တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံကျေးရွာသားများ တိမ်းရှောင်မှုပိုများလား

24 Dec 2021

စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်ကဒေသအချို့တွင် မြန်မာစစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား စစ်ရေးပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဒေသခံအများစုမှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်မှု ပိုမျာလာနေပြီး အခက်အခဲများစွာရင်ဆိုင်နေကြရကြောင်း သိရသည်။

မောင်တောမှ အသတ်ခံရသည့် ထွေ/အုပ်ဝန်ထမ်း၏ ရုပ်အလောင်းကိုသဂြိုဟ် (သတင်းတို)

24 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသတ်ခံရသည့် ရပ်/ကျေးစာရေး ကိုဆန်းဌေးနိုင်၏ ရုပ်အလောင်းကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) နေ့လည်ပိုင်းတွင် မောင်တောမြို့သုဿန်၌ သဂြိုဟ်ခဲ့သည်။

စစ်တွေမြို့တွင်ပြုလုပ်သည့် မဇ္ဈိမတံခါးပန်းချီပြပွဲ(သတင်းတို)

24 Dec 2021

မဇ္ဈိမတံခါးပန်းချီပြပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)မှစတင်၍ ၂၆ ရက်နေ့အထိ ၃ ရက်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

ရခိုင်တွင်ဖြစ်ပွားနေသည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများသည် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ကြောင်း ကျောင်းသားအဖွဲ့အစည်းသုံးခုမှ စုပေါင်းထုတ်ပြန်

24 Dec 2021

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင်ဖြစ်ပွားနေသည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများသည် ရက္ခိုင်ပြည် တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေသည့် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ မွတ်ဆလင်ကျောင်းသား၊ကျောင်းသူများနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)တို့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

မောင်တောမှ ထွေ/အုပ်ဝန်ထမ်းအသတ်ခံရမှုတွင် ကျူးလွန်သူတစ်ဦးကိုဖမ်းဆီးထားဟု ရဲကပြော၊ ကျန်သုံးဦး ထွက်ပြေးနေဟုဆို

24 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးအသတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိထားပြီး ကျန်သုံးဦးမှာထွက်ပြေးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သိရသည်။

မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ပြော

23 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး အသတ်ခံရမှုတွင် သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ရခိုင်တစ်ပြည်လုံးရှိ ဟိုတယ်နှင့်တည်းခိုခန်း ၆၆ လုံးကို COVID-19 Safe Service အသိအမှတ်ပြုတံဆိပ် ထုတ်ပေးထား

23 Dec 2021

ရခိုင်တစ်ပြည်လုံးရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၆၆ လုံးကို COVID-19 Safe Service အသိအမှတ်ပြု တံဆိပ်များထုတ်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မောင်တောတွင် မူလတန်းကျောင်းသားနှစ်ဦး ကားတိုက်ခံရပြီးသေဆုံး

23 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့မှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) နေ့လည် ၁ နာရီအချိန်က ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခံနေရ

23 Dec 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးကုန်သွယ်ရောင်းချနေသူများရှိသောကြောင့် တောဆင်ထိန်းသိမ်းစောင့်ရှောက်ရန် ကင်းလှည့်ဝန်ထမ်းများ လိုအပ်လျက်ရှိနေသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလက်စတစ်အမှုန့်ပါဝင်မှု များပြားနေသည့်အပေါ် သတိပြုကြရန် ပညာရှင်များသတိပေး

23 Dec 2021

မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းများတွင် ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ရေထဲ၌ ပလတ်စတစ်အမှုန့် (Microplastics)ပါဝင်မှု ပိုမိုများပြားလာသည့်အပေါ် သတိပြုကြရန်လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးများ သေးဘိုဘော်ကျေးရွာသို့ကျရောက်၊ ဒေသခံများ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေရ

23 Dec 2021

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ သေးဘော့ဘိုးကျေးရွာသို့ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက်အစောပိုင်းအချိန်တွင် မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးခဲ့ပြီး ဒေသခံများမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

မောင်တောတွင် ထွေ/အုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ (သတင်းတို)

23 Dec 2021

မောင်တောမြို့ အမှတ်(၁) ရပ်ကွက် ရှိတ္တာရွာမှ ထွေ/အုပ်ဝန်ထမ်းတစ်ဦး ယနေ့ နံနက် ၁ နာရီ အချိန်ခန့်က သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

လှည်းကူးတွင် CDM သူနာပြုသင်တန်းသူတစ်ဦး၏နေအိမ် ချိတ်ပိတ်ခံရ၊ မန္တလေးမှ ထိန်းသိမ်းခံ သားဖွားဆရာမတစ်ဦးကိုပြန်လွှတ်ပြီး ဦးလေးဖြစ်သူကိုဖမ်းဆီး

22 Dec 2021

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်နေထိုင်သည့် CDM သူနာပြု ဒုတိယနှစ်ကျောင်းသူတစ်ဦး၏နေအိမ်ကို မြန်မာစစ်တပ်လက်အောက်ခံများမှ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

ရခိုင်က ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို ပုဒ်မထပ်တိုးတရားစွဲထား

22 Dec 2021

ရခိုင်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်အောင်တို့နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် ထပ်တိုးတရားစွဲဆိုထားကြောင်း ရှေ့နေထံမှသိရသည်။

မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦး ရေနစ်မြုပ်ပြီး ပျောက်ဆုံးနေ

22 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းဒူကျေးရွာမှ ကျောင်းဆရာတစ်ဦးမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က အဖော်များနှင့်ငါးမျှားသွားရာမှ လှေနစ်မြုပ်ပြီး ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။

မောင်တောမှ ရန်ကုန်သို့သွားသည့် ကလေးများအပါအဝင် မွတ်ဆလင် ၇၇ ဦး တောင်ကုတ်တွင်ဖမ်းဆီးခံရ၊ ကလေးတစ်ဦးသေဆုံး

22 Dec 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရန်ကုန်သို့သွားသည့် ကလေးများအပါအဝင် မွတ်ဆလင် ၇၇ ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)တွင် တောင်ကုတ်မြို့နယ်အတွင်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ခမီကြိမ်ချောင်းဆည်မှ ခြောက်နှစ်ကြာသည့်တိုင် ရေပေးဝေမှုမရှိသေး

22 Dec 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ ၁၁ မိုင်ခန့်အကွာတွင်ရှိသော ခမီကြိမ်ချောင်း‌ဆည်ကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိခြောက်နှစ်ကျော်ကြာသည့်တိုင် ရေပေးဝေမှုမရှိသေးကြောင်း သိရသည်။

မြောက်ဦးမြို့နယ်မှ နွားများဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်တွင် သံသယရှိသူလေးဦးကို အေအေကခေါ်ယူစစ်ဆေးနေ

22 Dec 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မုချာကျေးရွာတွင်ဖြစ်ပွားခဲ့သော နွားငါးကောင်ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိသူလေးဦးကို ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးရန်ခေါ်ဆောင်သွားကြောင်း နွားပိုင်ရှင်ထံမှ သိရသည်။

Showing 4,001-4,020 of 8,345 items.