မီးရှို့ခံ ဖားပြိုနှင့်လက္ကာရွာမှ နေအိမ်များပြန်ဆောက်ရန် ထောက်ပံ့ငွေအပြည့်မရသေး

20 Nov 2021

တိုက်ပွဲကာလအတွင်းကမီးရှို့ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတို့မှ နေအိမ်အလုံး ၂၀၀ ကျော်ကို ပြန်လည်ဆောက်လုပ်လျက်ရှိရာ စစ်ကောင်စီမှပေးအပ်သည့်ထောက်ပံ့ငွေများကို အပြည့်အဝမရရှိကြသေးကြောင်း အဆိုပါကျေးရွာသားများကပြောသည်။

လက္ကာရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်းပြန်

19 Nov 2021

၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်တို့အမှုကို ယနေ့(နိုဝင်ဘာလ ၁၉ ရက်နေ့)တွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

မာန်အောင်လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့ပေးရန် တင်ပြထား

19 Nov 2021

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က လေယာဉ်ကွင်းတွင် ပြေးလမ်းတိုးချဲ့လုပ်ဆောင်ပေးရန်အတွက် တင်ပြထားကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်နေ၍ ဒုက္ခသည်များကိုထောက်ပံ့နေသည့် ငွေပမာဏတိုးမြှင့်ပေးရန် WFP သုံးသပ်နေ

19 Nov 2021

ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဒုက္ခသည်များအားငွေထောက်ပံ့မှုပမာဏကို တိုးမြှင့်ပေးရန် သုံးသပ်နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ လက်ရှိဌာနေကိုယ်စားလှယ် Mr. Marcus Prior က DMG သို့ပြောသည်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း A-1 အဆင့်(၂)ကို စတင်လုပ်ဆောင်

17 Nov 2021

ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း A-1 အဆင့်(၂)ကို တောင်ကိုးရီးယားအခြေစိုက် Posco International ကုမ္ပဏီက စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

လုံခြုံမှုအာမခံချက်ပေးနိုင်မှ တင်းမကျေးရွာသားများကို နေရပ်ပြန်ခွင့်ပြုမည်ဟု ပြည်နယ်စစ်ကောင်စီပြော

16 Nov 2021

နေရပ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားများကို လုံခြုံမှု အာမခံချက်ပေးနိုင်သည့်အနေအထားရောက်မှ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

အထက်မြက်လှဲစစ်ဘေးရှောင်စခန်းမှ ကလေး ၂၈၀ ကျော်အတွက် အနွေးထည် ၁၀၀၀ ကျော်လှူဒါန်း (Photo News)

16 Nov 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းရှိ ကလေးငယ် ၂၈၀ ကျော်အတွက် အနွေးထည်အလုံး ၁၀၀၀ ကျော်ကို ရခိုင်အမျိုးသမီးများကွန်ရက်မှ ယခုရက်ပိုင်းအတွင်းက လှူဒါန်းခဲ့သည်။

စစ်သုံးပန်း ၁၅ ဦးကို AA ပြန်လွှတ်၊ မတရားဖမ်းဆီးခံထားရသည့် ပြည်သူများနှင့် AA အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန်ရည်ရွယ်ကြောင်းပြော

16 Nov 2021

တိုက်ပွဲကာလအတွင်းကဖမ်းဆီးထားသည့် စစ်သုံးပန်း ၁၅ ဦးကို လူသားချင်းစာနာမှုအရ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ ပြောသည်။

မြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန် NLD ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သူများနှင့်တွေ့ဆုံသွားမည်ဟု မစ္စတာဆာဆာကာဝါပြော

16 Nov 2021

လက်ရှိမြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သည့်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကပြောကြားခဲ့သည်။

တောင်ကုတ်မှ ကင်ဆာရောဂါခံစားနေရသည့် လေးနှစ်အရွယ်ကလေးငယ်အား ဆေးကုသရန်အကူအညီလိုအပ်

16 Nov 2021

တောင်ကုတ်မြို့နယ် ကမ်းဒေးအုပ်စု၊ အဘေရွာကျေးရွာမှ အရိုးကင်ဆာရောဂါခံစားနေရသည့် လေးနှစ်အရွယ်ယောကျ်ားလေးအတွက် ဆေးကုသရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း ကလေး၏မိဘများကပြောသည်။

ညောင်လေးပင်ခရိုင်တွင် KNU တပ်မဟာ(၃)မှ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

14 Nov 2021

ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၃)နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများကို ကရင်လူမှုအဖွဲ့အစည်းများနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်းများမှ နှစ်ရက်တာ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က KNU သတင်းစဉ်-KIo FM ၌ ဖော်ပြသည်။

ဖမ်းဆီးထားသည့် တရားမဝင်သစ်များကို လေလံတင်ရောင်းချခြင်းမပြုမီ ပျက်စီးမှုများရှိနေ

14 Nov 2021

ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို စနစ်တကျထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လေလံတင်ရောင်းချမည့်အချိန်မတိုင်မီ သစ်များမှာ ၃၀ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(RCA)၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ပြောသည်။

နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ရှိ စာသင်ကျောင်းများဆောက်လုပ်ရန်နှင့် ဒုက္ခသည်စခန်းများအတွက် ဒေါ်လာ ၈ ဒသမ ၅ သန်း ထောက်ပံ့ရန်လျာထားကြောင်းပြော

14 Nov 2021

ရခိုင်ပြည်နယ်အတွင်းမှ အာဟာရဓာတ်ချို့တဲ့နေသည့် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် မွတ်ဆလင် ဒုက္ခသည်များအတွက် ဒေါ်လာ ၈ ဒဿမ ၅ သန်းထောက်ပံ့ပေးသွားရန်လျာထားကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောသည်။

လက်ရှိငြိမ်းချမ်းနေသည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် AA နှင့် အွန်လိုင်းမှတွေ့ဆုံပြီးပြောခဲ့ဟု မစ္စတာဆာဆာကာဝါပြော

14 Nov 2021

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည့်အနေအထားကို ဆက်လက်ပြီးထိန်းသိမ်းထားရန်အတွက် ရက္ခိုင့်တပ်တော်(AA)နှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ပြောသည်။

မြောက်ဦးတွင် ၁၁ ကြိမ်မြောက်အကျွတ်အလွတ်ကထိန်ပွဲတော်ကို မြောက်ဦးဆရာတော်ဦးဆောင်ပြုလုပ်

14 Nov 2021

မြောက်ဦးမြို့တွင် ရတနာပါလနာရေးကူညီမှုအသင်း၌ မြောက်ဦးဆရာတော်မှဦးဆောင်၍ မကျွတ်မလွတ်သေးသည့်သတ္တဝါများအတွက် ၁၁ ကြိမ်မြောက် အကျွတ်အလွတ်ကထိန်အလှူမင်္ဂလာပွဲတော်ကို နိုဝင်ဘာ ၁၃၊ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မစ္စတာဆာဆာကာဝါ ဒုတိယအကြိမ်စစ်တွေရောက်ရှိ

14 Nov 2021

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်နေ့)တွင် စစ်တွေမြို့သို့ ဒုတိယအကြိမ်အဖြစ်ရောက်ရှိလာသည်။

ပေါက်တောမြို့နယ်တွင် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက်သွားလာနေ၍ ဒေသခံများစိုးရိမ်

14 Nov 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာအချို့တွင် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက်သွားလာနေမှုကြောင့် ဒေသခံများမှ စိုးရိမ်လျက်ရှိနေကြသည်။

vပုဏ္ဏားကျွန်း-ရသေ့တောင်သွားလမ်းကို ပြန်ပိတ်ထားဟုဒေသခံများပြော

14 Nov 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ထားသည့်လမ်းကို နိုဝင်ဘာလပထမအပတ်မှစ၍ ဖြတ်သန်းသွားလာခွင့် ပြန်ပိတ်ထားကြောင်း ဒေသခံများကပြောသည်။

လေးတောင်မြို့အဖြစ်သတ်မှတ်ပြီး ၂ နှစ်ကျော်ကြာအထိ မြို့တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြီးမြောက်သေး

13 Nov 2021

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ လေးတောင်တိုက်နယ်ကို မြို့အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး ၂ နှစ်ကျော်ကြာသည်အထိ မြို့တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့်သာပြီးမြောက်သေးကြောင်း လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

စစ်တွေမြို့မဈေးကြီးအနီး ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် လမ်းအချို့ကို တစ်လမ်းမောင်းစနစ် ပြန်လည်ကျင့်သုံး

13 Nov 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးအနီး ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် နိုဝင်ဘာလ ၁၃ ရက်နေ့က လမ်းအချို့ကို တစ်လမ်းမောင်းစနစ်ဖြင့် မောင်းနှင့်သည့်စနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြာင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်) မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ပြောသည်။

Showing 4,181-4,200 of 8,345 items.