သံတွဲနှင့် တောင်ကုတ်ရှိ ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ

Admin 07 Nov 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ် ဆင်ခေါင်းရွာနှင့် ညောင်ခြေထောက်ရွာ၊ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတို့ကို ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရခိုင် စစ်ရှောင်စခန်းများတွင် သက်ကြီးပိုင်းများ လေဖြတ်ခြင်း မြင့်တက်လာ 

Admin 07 Nov 2024

စစ်ဘေးရှောင်စခန်းတွင် အမိုးအကာမလုံခြုံမှု၊ အနွေးအထည်မလုံလောက်မှု၊ ကြမ်းပြင်ပေါ်တွင် အခင်းမရှိဘဲ အိပ်စက်ရခြင်းတို့ကြောင့် သက်ကြီးပိုင်းများမှာ လေဖြတ်ရောဂါ အဖြစ်များလာခြင်း ဖြစ်သည်။

ဂွမြို့နယ်ရှိ တိုင်ကျိုးနှင့် ပုဂံတောင်စခန်းတို့ကို AA သိမ်းပိုက်

Admin 07 Nov 2024

ဂွမြို့နှင့် ၁၇ မိုင်ခန့်အကွာရှိ တိုင်ကျိုးကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

စစ်တွေတွင် ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုခွင့် ကန့်သတ်ခံနေရ 

Admin 07 Nov 2024

အောက်တိုဘာ လဆန်းပိုင်းမှစ၍ ဘုရားကျောင်းတက်ကာ ဝတ်ပြုမည်ဆိုပါက လူဦးရေစာရင်းနှင့်အတူ ရဲစခန်းထောက်ခံစာ (သို့မဟုတ်) ရပ်ကွက်ထောက်ခံစာများ ပါရှိမှ ဝတ်ပြုခွင့်ရကြသည်။

အမ်းက တပ်ရင်းနှစ်ခုကို AA တစ်ပြိုင်နက်တည်း သိမ်းပိုက် 

Admin 07 Nov 2024

“လောလောဆယ်မှာ အမ်းတိုက်ပွဲအခြေနေကတော့ တစ်နေရာတည်းကို ထိုးတိုက်နေတာမျိုး မဟုတ်ဘူး။ ဖြန့်ကျက်ပြီး တိုက်နေတာ။ တိုက်ပွဲကတော့ အပြင်းဆုံးအခြေအနေလို့ပြောလို့ရတယ်” ဟု မြေပြင် စစ်ရေး အခြေအနေသိရှိသူတစ်ဦးက ပြောသည်။ 

ကမ္ဘာတွင် စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်ရေး ဆောင်ရွက်နေဟု စစ်ခေါင်းဆောင်ပြော 

Admin 06 Nov 2024

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ အဓိကထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရေး ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ခရီးစဉ်တွင် ‌ပြောကြားလိုက်သည်။

တပ်စွဲတပ်သားများ ထွက်ပြေးပြီးနောက် အမ်း ဒိုင်ကြီးရွာကို စစ်ကောင်စီ ဗုံးကြဲ

Admin 06 Nov 2024

ဒိုင်ကြီးကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် အကျအရှုံးများ၍ တပ်ဆုတ်ထွက်ပြေးသွားပြီးနောက် ဗုံးကြဲခံရခြင်းဖြစ်သည်။

စနစ်ပြောင်းတော်လှန်ရေးအပေါ်  တရုတ်ဖိအား အကျိုးမရှိဟု NUG ပြော

Admin 06 Nov 2024

တရုတ်၏ ဖိအား မရှိလျှင် စစ်ကောင်စီအပေါ် တော်လှန်ရေးမှာ အလျှင်အမြန် ပြီးမည်ဖြစ်ပြီး ဖိအားရှိနေ၍ ပိုမိုရုန်းကန်ရသည့် အပြင် ပြည်သူ၏ စိုးရိမ်မှုမြင့်တက်စေသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

နယ်စပ်ဒေသတည်ငြိမ်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်ထံ စစ်ခေါင်းဆောင်တင်ပြ 

Admin 06 Nov 2024

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်နေဆဲ

Admin 05 Nov 2024

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံတဝန်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီး ၆ ဦးသာ ရှိခဲ့သော်လည်း အောက်တိုဘာလတွင်  သေဆုံးဒဏ်ရာရရှိသည်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်လာသည်။

စစ်တွေတွင် ဟိန္ဒူ သုံးထောင်ခန့် စားဝတ်နေရေး အကျပ်အတည်းကြုံနေ  

Admin 05 Nov 2024

ဟိန္ဒူအများစုမှာ ဆံသဆိုင်၊ ထီးပြင်၊ အဝတ်လျှော်၊ ပလုံလောက်၊ ကူလီထမ်း စသည့် အခြေခံလက်လုပ်လက်စားများဖြစ်ပြီး လက်ရှိကာလတွင် အဆိုပါအလုပ်များဖြင့် ရပ်တည်ရခက်ခဲလာ၍ ဝမ်းရေးအတွက် ရိုက်ခတ်မှုများ ရှိလာနေသည်။ 

အမ်းတွင် AA သိမ်းပိုက်ထားသော ရေဒါစခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင် 

Admin 05 Nov 2024

လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကို အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ AA သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရှိနေသည်။

အမ်းမြို့နယ်တွင် စစ်ဘေးရှောင် သုံးထောင်ကျော် အရေး‌‌ပေါ်အကူအညီများ လိုအပ်နေ 

Admin 05 Nov 2024

ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံလာသူများဖြစ်ပြီး အမ်းမြို့ပေါ်မှ ထွက်ပြေးလာသူများလည်း ပါဝင်သည်။

ရခိုင်က မြို့နယ်အချို့တွင် စက်သုံးဆီအတု ပြုလုပ်ရောင်းချမှု ကျယ်ပြန့်နေ 

Admin 05 Nov 2024

အိန္ဒိယစက်သုံးဆီကို အရောင်တင်မုန့်နှင့် ရောစပ်ကာ နေပူလှန်းပြီးနောက် အောက်တိန်း(အရောင်) အဖြစ် ပြောင်းလဲသွားသော စက်သုံးဆီများကို ကာလပေါက်ဈေးအတိုင်း ရောင်းချနေကြခြင်းဖြစ်သည်။

RSO အဖွဲ့ ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ 

Admin 05 Nov 2024

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နခခ(၅) တပ်စခန်းမှလွဲ၍ နယ်မြေအားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော်က ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေစဉ် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ 

မောင်တော နခခ (၅) ကို AA ပြန်လည်ထိုးစစ်ဆင်

Admin 04 Nov 2024

နခခ (၅) စခန်းသိမ်းတိုက်ပွဲသည် အောက်တိုဘာ နောက်ဆုံးအပတ်တွင် လျော့ကျခဲ့သော်လည်း ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည် ပြင်းထန်လာခြင်းဖြစ်သည်။ လက်ရှိတွင် AA ထိုးစစ်သည် နခခ (၅) နှင့် နီးကပ်လာနေပြီး ၄ ဖာလုံခန့်သာ ကွာဝေးတော့သည်။

တင်းမရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်

Admin 04 Nov 2024

တင်းမကျေးရွာနှင့် အနီးတဝိုက်မှာ ယခင်စစ်ရေးကာလက စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ဒေသတစ်ခုဖြစ်သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်များစွာ ရှိနေသည်။ 

တောင်ကုတ် ပန်းမြောက်တောင်ပေါ်ရှိ အမြောက်တပ်ကို AA သိမ်းပိုက်

Admin 04 Nov 2024

တောင်ကုတ်တွင် အောက်တိုဘာလကုန်နေ့မှစ၍ AA ၏ ထိုးစစ်ဆင်မှုများစတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် ပန်းမြောက်တောင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်ကာ အမြောက်တပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲခံရ၍ မောင်တော ဇူလမွတ်ဆလင်ရွာတွင် နေအိမ်အများအပြား မီးလောင်ပြာကျ

Admin 04 Nov 2024

ဇူလကျေးရွာတွင် အိမ်ခြေ ၁,၀၀၀ နီးပါးရှိပြီး မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ-၅ တပ်ရင်းနှင့် လေးဖာလုံခန့်အကွာတွင် တည်ရှိသည်။

ပြည်မရောက် ရခိုင်များ ပြည်ပနိုင်ငံများသို့ အလုံးအရင်း ထွက်ခွာနေကြ

Admin 04 Nov 2024

ရခိုင်ဒေသခံများမှာ ထိုင်း၊ မလေးနှင့် တရုတ်နိုင်ငံများသို့ အများအပြားထွက်ခွာကြပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပြည်ပထွက်ခွာသူ လူ ၇၀ မှ ၁၀၀ ကြားရှိပြီး တရားမဝင်လမ်းကြောင်းဖြင့် အများဆုံးသွားကြကာ တရားဝင် သွားရောက်သူများလည်း ရှိသည်။ 

Showing 181-200 of 8,275 items.