မုပ္ပလင်တွင် မီးရထားမိုင်းခွဲခံရခြင်းကြောင့် ရန်ကုန်-မော်လမြိုင်ရထားများ အသွားအလာရပ်ထား

12 Feb 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းဖြစ်သည့် မုပ္ပလင်နှင့် စွပ္ပနူးကြားရှိ ဦးကြာရိုး မီးရထာားသံလမ်းတံတားကို KRF ပူးပေါင်းအဖွဲ့မှ ယမန်နေ့(ဖေဖော်ဝါရီ ၁၁ ရက်)က မိုင်းခွဲခဲ့ကြောင်း သိရသည်။

ရခိုင်က မြို့နယ် ၆ မြို့နယ်ခန့်တွင် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ

12 Feb 2022

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်နေ့) နံနက်ပိုင်းမှစတင်ကာ မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည်ဟု ဒေသခံများထံမှသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်တဝက်လျော့ချ

12 Feb 2022

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက်လျော့ချလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီ၏သတင်းစာဖြစ်သော မြန်မာ့အလင်းတွင်ဖော်ပြသည်။

ပြည်ထောင်စုနေ့ အခမ်းအနားကို ANP မတက်၊ ALP တက်မည်

11 Feb 2022

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် တက်ရောက်မည်မဟုတ်သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က တက်ရောက်မည်ဟု သိရသည်။

မွန်ပြည်နယ်တွင် ၁၀ ရက်အတွင်း ကိုဗစ်တွေ့ရှိသူ ၁၇၀ ကျော်ရှိ

11 Feb 2022

မွန်ပြည်နယ်တွင် ယခုဖေဖော်ဝါရီလပထမအပတ်မှစပြီး ကိုဗစ်ကူးစက်ခံရသူ ပိုမိုများပြားလာနေကြောင်း ဒေသခံပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

ရခိုင် MSME လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်

DMG 11 Feb 2022

ရခိုင်ပြည်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်ဆောင်ရွက်နေပြီး လုပ်ငန်းရှင်များကိုလည်း ပူးပေါင်းပါဝင်ကြရန်ဖိတ်ခေါ်ကြောင်း MSME Association Rakhine ဖြစ်မြောက်ရေး (ယာယီကော်မတီ) မှ ဒုဒုဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းနိုင်က DMG သို့ ပြောသည်။

ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၄)နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနားပြုလုပ်

11 Feb 2022

ရခိုင်ပြည်တပ်မတော်(AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း (၂၄)နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်ကို ဗိုလ်ချုပ်၏မွေးရပ်မြေ မင်းပြားမြို့နယ်၊ ရွှေချောင်းကျေးရွာ၌ ယနေ့(ဖေဖော်ဝါရီလ ၁၁ ရက်နေ့)တွင် ပြုလုပ်ခဲ့သည်။

ရခိုင်တွင် FDA ထောက်ခံချက်မရှိသည့် (အသားချောင်း)ဟော့ဒေါ့ရောင်းချမှုများကို ရှောင်တခင်စစ်ဆေးသွားမည်

11 Feb 2022

ရခိုင်ပြည်နယ်တွင် FDA ထောက်ခံချက်မရှိသော ဟော့ဒေါ့များရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်များကို ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ပြည်နယ်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းက DMG သို့ပြောသည်။

မင်းပြားတွင် မိုင်းပေါက်ကွဲပြီး သေဆုံးသွားသူ၏ရုပ်အလောင်းကို သုံးရက်အကြာမှ ရှာတွေ့

10 Feb 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် မင်းပြားမြို့နယ်၊ သလူချောင်းကျေးရွာအနီး မင်းဖူးတောင်တန်းပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးသွားသည့် ဒေသခံတစ်ဦး၏ရုပ်အလောင်းကို ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်နေ့)တွင် တွေ့ရှိခဲ့သည်။

သံတောင်မြို့နယ်တွင် စစ်တပ်က အင်အားထပ်တိုးချထားမှုကြောင့် ဒေသခံများစိုးရိမ်မှုရှိနေ

10 Feb 2022

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်)မှစပြီး မြန်မာစစ်တပ်က အင်အားထပ်တိုးချထားမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ယူနက်စကိုဝင်ရေးတွင် အဟန့်အတားမဖြစ်စေရန် မြောက်ဦးမြို့ပေါ်မှ စစ်ဘေးရှောင်စခန်းများကို လျော့ချရန်လိုဟု ရှေး/သုပြော

10 Feb 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်ရောက်နိုင်ရေးတွင် ရှေးဟောင်းနယ်မြေအတွင်း ယာယီနေထိုင်နေသည့်စစ်ဘေးရှောင်များမှာ အဟန့်အတားသဖွယ်ဖြစ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများကပြောသည်။

ပလက်ဝမှ ကိုတင်ထွန်းအောင်အမှုတွင် တရားလိုနှင့် လိုပြသက်သေတို့ကို စတင်စစ်ဆေး

10 Feb 2022

စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားလိုနှင့် လိုပြသက်သေတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီမှ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်မှုအပေါ် တိုင်းရင်းသားလက်နက်အဖွဲ့အချို့ မဆုံးဖြတ်ရသေး

10 Feb 2022

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်နှင့်ပတ်သက်၍ တက်၊မတက်ကို အတိအကျမဆုံးဖြတ်ရသေးဘဲ ဆွေးနွေးနေဆဲသာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က ပြောဆိုကြသည်။

မဲနှစ်ကြိမ်ပေးမှုဖြင့် အမ်းမြို့မှဒေသခံတစ်ဦး ‌ပြစ်ဒဏ်ချမှတ်ခံရ

10 Feb 2022

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးခဲ့သည်ဟုဆိုကာ အမ်းမြို့မှ အမျိုးသမီးတစ်ဦးကို ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)တွင် အမ်းမြို့နယ်တရားရုံးမှ ငွေဒဏ် တစ်သိန်းကျပ် ချမှတ်လိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ပင်းတယမြို့ EPC ရုံးတွင် ဗုံးပေါက်ကွဲ

10 Feb 2022

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက EPC ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

KNU မှ သတိပေးစာထုတ်ပြန်ပြီးနောက် ဖာပွန်မြို့အတွင်းမှ အရပ်ဘက်ဝန်ထမ်း ရာချီထွက်ခွာ

10 Feb 2022

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှဝန်ထမ်းများအားလုံး ဖာပွန်မြို့အတွင်းမှထွက်ခွာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)မှ သတိပေးစာထုတ်ပြန်ပြီးနောက် အရပ်ဘက်ဝန်ထမ်း ရာနှင့်ချီထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

စစ်ပွဲကာလများတွင် အရပ်သားများကိုအသုံးမချကြရန် ရခိုင်ဒေသခံများတိုက်တွန်း

09 Feb 2022

လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲကာလများတွင် အရပ်သားများကို လူသားဒိုင်းကာပြုလုပ်ခြင်း၊ အရပ်သားများကို အသုံးချခြင်းတို့ကိုရှောင်ရှားကြရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံတို့က တိုက်တွန်းပြောဆိုကြသည်။

ကျောက်တန်းမြို့နယ်တွင် ရခိုင်ကလာသည့် မွတ်ဆလင် ၄၀ ကျော် ဖမ်းဆီးခံရ

09 Feb 2022

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ယမန်နေ့(ဖေဖော်ဝါရီလ ၈ ရက်)က မွတ်ဆလင် ၄၈ ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ကျောက်ဆိပ်ရွာသား ၅ ဦးအမှုတွင် တရားခံပြသက်သေများကို စတင်စစ်ဆေး

09 Feb 2022

ရက္ခိုင့်တပ်‌တော်(AA)နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို ယနေ့(ဖေဖော်ဝါရီ ၉ ရက်နေ့)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားခံပြသက်သေ (၄)ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

AA နှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်က လုံခြုံရေးတင်းကျပ်

09 Feb 2022

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်က ကားလမ်းတစ်လျှောက်တွင် လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများထံမှသိရသည်။

Showing 3,781-3,800 of 8,345 items.