ရခိုင်မှ ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းတချို့ ကုန်တင်၍သာ ပြေးဆွဲနေရ

21 Aug 2021

လက်ရှိဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းတွင် ရခိုင်မှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများမှာ ကုန်စည်များကိုသာ အဓိကထားကာပြေးဆွဲနေရကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

ရခိုင်မှ ပြည်မသို့ ဂဏန်းတင်ပို့သည့်လုပ်ငန်းများ လျော့နည်းလာ

21 Aug 2021

ရခိုင်ပြည်နယ်အတွင်းမှ ပြည်မနှင့် တရုတ်နိုင်ငံကို ဂဏန်းအဓိကတင်ပို့နေသည့်လုပ်ငန်းရှင်များမှာ လက်ရှိ Covid-19 ကြောင့် လုပ်ငန်းကိုယာယီရပ်နားထားလိုက်ရပြီး တစ်ချို့မှာ လုပ်ငန်းမပျက်သွားရန်အတွက် အနည်းငယ်လုပ်ကိုင်ခြင်းများသာရှိသည်ဟု ဂဏန်းလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၇ လခန့်အတွင်း သေဆုံးသူ ၁၀၀၀ ကျော်နှင့် ဖမ်းဆီးခံခဲ့ရသူ ၇၀၀၀ ကျော်အထိရှိလာကြောင်း AAPP ထုတ်ပြန်

21 Aug 2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀၇ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၇၃၇၂ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သွားရောက်သည့် လှေတစ်စီး မောင်တောတွင်ဖမ်းမိ

21 Aug 2021

ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သွားရောက်သည့် လှေတစ်စီးကို သြဂုတ် ၂၀ ရက်နေ့က မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ရခိုင်ကမြို့နယ်လေးခုကို လာမည့်ရက်ပိုင်းအတွင်း ရွှေပြည်တန်အမြန်ရေယာဉ် စတင်ပြေးဆွဲမည်

21 Aug 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အခြားမြို့နယ်များကို ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့က ပြေးဆွဲမှုယာယီရပ်ဆိုင်းထားခဲ့ပြီး လက်ရှိတွင်ကိုဗစ်ကူးစက်မှုအခြေအနေလျော့ကျလာသည့်အတွက် ခရီးတိုလမ်းကြောင်းများကို သြဂုတ်လ ၂၄ ရက်နေ့မှစတင်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူထံမှသိရသည်။

ANP ပါတီမှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်း ပါတီမှ နှုတ်ထွက်စာတင်ထား

20 Aug 2021

ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းမှာ ပါတီမှ နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

ရခိုင်က ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားသော လူဦးရေ ၉၀၀၀၀ ကျော်ကို ဒုတိယအကြိမ်ထိုးသွားမည်

20 Aug 2021

ရခိုင်ပြည်နယ်တွင် တရုတ်မှလှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ဆေးထိုးထားသူ လူဦးရေ ၉၀၀၀၀ ကျော်ကို ဒုတိယအကြိမ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG ကိုပြောသည်။

ကိုဗစ်ရောဂါသက်သာ၍ ဆေးရုံမှဆင်းလာသည့်လူနာများ အချိန်အတိုင်းတာတစ်ခုထိ အနားယူရန်လိုအပ်

20 Aug 2021

ကိုဗစ်ရောဂါကူစက်ခြင်းခံရပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းလာသည့်လူနာများမှာ အချိန်အတိုင်းတာတစ်ခုထိ အနားယူရန်လိုအပ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုသည်။

ရခိုင်က မြို့နယ်နှစ်ခုတွင် ကိုဗစ်ရောဂါပိုးတွေ့သူနှင့် သေဆုံးသူဦးရေ လျှော့ကျခြင်းမရှိသေး

20 Aug 2021

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူအရေအတွက်မှာ ယခုတပတ်အတွင်းလျော့နည်းလာသော်လည်း ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျှော့နည်းသွားခြင်းမရှိသေးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှုကိုစောင့်ကြည့်ပြီး ရခိုင်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ဖွင့်လှစ်မည်ဟုဆို

20 Aug 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ပြီး ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက DMG သို့ပြောသည်။

မြောက်ဦးခရိုင်တွင် စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များကို လူငယ်အဖွဲ့အစည်းများမှ အခြေခံစားသောက်ကုန်များထောက်ပံ့

19 Aug 2021

မြောက်ဦးခရိုင်တွင် ကိုဗစ်ကာလ၌ စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များနှင့် လက်လုပ်လက်စားများကို အထောက်အပံ့ဖြစ်စေရန် လူငယ်အဖွဲ့အစည်းများက အခြေခံစားသောက်ကုန်များထောက်ပံ့ပေးနေကြောင်း သိရသည်။

ရခိုင်ကတောင်သူများတွင် ဆန်ဈေးနှင့် ဓာတ်မြေသြဇာဈေးနှုန်း မညီမျှဖြစ်နေ

19 Aug 2021

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်းများမှာ ယခင်နှစ်များထက် နှစ်ဆခန့်မြင့်တက်လျက်ရှိနေခြင်းကြောင့် တောင်သူများ အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်အတွင်း stay at home တစ်ပတ်ထပ်တိုးကြောင်း ULA ထုတ်ပြန်

19 Aug 2021

ရခိုင်ပြည်အတွင်း Stay at home ကာလကို တစ်ပတ်ထပ်တိုးသတ်မှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်တွေမြို့ပေါ်က စစ်ရှောင်စခန်းများတွင် အခြေခံစားသောက်ကုန်များလိုအပ်နေ

18 Aug 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအခက်အခဲရှိနေပြီး အခြေခံစားသောက်ကုန်များလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ဘူးသီးတောင်မြို့တွင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့၍ စခန်းကိုလော့ဒေါင်းချ

18 Aug 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၌ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စခန်းကို lockdown ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသော လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်သွားသော်လည်း ရခိုင်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်

18 Aug 2021

လက်ရှိဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်းတိုင်းငယ်အဆင့်သို့မရောက်မီ အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်သွားပြီဖြစ်ကြောင်းနှင့် အဆိုပါ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခဲ့သည့်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နောက်နှစ်ရက်အထိမိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

အရပ်သားအစိုးရ ဖြုတ်ချခံရပြီး ၆ လခွဲအတွင်း သေဆုံးသူ ၁၀၀၀ ပြည့်ပြီဟု အေအေပီပီပြော

18 Aug 2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် သေဆုံးရသူစုစုပေါင်းသည် သြဂုတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ၁၀၀၀ ပြည့်သွားပြီဖြစ်ကြောင်း အေအေပီပီ၏ ပြောကြားချက်အရ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လှေနစ်မြုပ်၍ ပျောက်ဆုံးနေသူ ၃ ဦးအနက် အမျိုးသမီးနှစ်ဦး၏ အလောင်းကိုရှာတွေ့

18 Aug 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးကျေးရွာမှ မျှစ်သွားခူး၍ပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့က လှေနစ်မြုပ်ကာပျောက်ဆုံးနေသူ ၃ ဦးအနက် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ရခိုင်ပြည်နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှုများပြားလာ

18 Aug 2021

ရခိုင်ပြည်နယ်ရှိ သစ်တောသယံဇာတများမှာ ကုန်ခမ်းစပြုလာပြီဖြစ်ပြီး အချိန်မီထိန်းသိမ်းမှုများလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သော်လည်း လက်ရှိနိုင်ငံရေးမတည်ငြိမ်သည့်ကာလတွင် တရားမဝင်သစ်ခိုးထုတ်မှုများမှာ ပိုများလာနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်ကဆိုသည်။

ကျောက်တော်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

17 Aug 2021

ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာမှ နွားကျောင်းနေသည့် ဒေသခံတစ်ဦးမှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်က မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

Showing 4,561-4,580 of 8,351 items.