အမေရိကန်ဆေးရုံများ၌ ကိုရိုနာကူးစက်လူနာ ၉၆ သန်းအထိ ကုသပေးနိုင်အောင် ပြင်ဆင်

Foreign Desk 07 Mar 2020

အမေရိကန်က ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၉၆ သန်းအထိ လက်ခံကုသပေးနိုင်အောင် ပြန်ဆင်နေကြတယ်ဆိုပြီး ဒီနေ့ တက်လာတဲ့ Daily Mail သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံတွင်း သေဆုံးသူဦးရေဟာ ငါးသိန်းနီးပါးအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့ အစီရင်ခံစာ တစ်စောင်ကိုလည်း ဒီသတင်းဌာနက ကိုးကားဖော်ပြထားပါသေးတယ်။

သမ္မတထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကြော်ငြာအား Facebook ဖြုတ်ချ

Foreign Desk 07 Mar 2020

Facebook လူမှုကွန်ယက်သည် အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကြော်ငြာတစ်ခုအား ကြော်ငြာခွင့်မပြုဘဲ ပြန်လည်ဖြုတ်ချခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

ကိုရိုနာတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၈.၃ ဘီလျံ အမေရိကန်အစိုးရ သုံးမည်

Foreign Desk 06 Mar 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အရေးပေါ် ဒေါ်လာ ၈.၃ ဘီလျံ သုံးစွဲမည့် ဥပဒေတစ်ရပ်အား အမေရိကန်လွှတ်တော်တွင် ကြာသပတေးနေ့၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

အမေရိကန်တွင် လေဆင်နှာမောင်းများကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး

Foreign Desk 04 Mar 2020

အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် အင်္ဂါနေ့အစောပိုင်းက တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းများကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။

ပါကစ္စတန်တွင် ရထားနှင့်ကား တိုက်မိ၍ လူ ၂၀ ထက်မနည်း သေဆုံး

Foreign Desk 02 Mar 2020

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ဒေသတွင် အမြန်နှုန်းဖြင့် ခုတ်မောင်းလာသော ရထားတစ်စင်းနှင့် ခရီးသည်များတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိုက်မိပြီး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အိန္ဒိယတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ

Foreign Desk 29 Feb 2020

ဒီဆေးကို အမေရိကန်အစိုးရနဲ့ အမျိုးသား ဓာတ်မတည့်မှုနဲ့ကူးစက်ရောဂါတိုက်ဖျက်ရေး အဖွဲ့ထံ ပေးပို့ထားပြီလို့လည်း ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြချက်တွေအရ သိရပါတယ်။

နယူးဒေလီတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား ပဋိပက္ခများဖြစ်ပွားပြီး ၁၃ ဦးသေဆုံး၊ ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံးဖြစ်

Foreign Desk 26 Feb 2020

အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား ပဋိပက္ခများဖြစ်ပွားကာ ၁၃ ဦးထိသေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံးပဋိပက္ခအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း ဘီဘီစီက ဖော်ပြထားသည်။

နယူးဒေလီအဓိကရုဏ်းများကြောင့် သေဆုံးသူ ၂၀ ရှိပြီ

Foreign Desk 26 Feb 2020

နယူးဒေလီတွင် ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများကြောင့် သုံးရက်အတွင်း သေဆုံးသူ ၂၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်သည့် မဟာသီယာကို မလေးဘုရင်က ယာယီဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေး

Foreign Desk 25 Feb 2020

မလေးရှားနိုင်ငံ၏လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် တနင်္လာနေ့တွင် ရာထူးမှ နှုတ်ထွက်စာကို ဘုရင်ထံ တင်သွင်းခဲ့ရာ ဘုရင်ဖြစ်သူက နှုတ်ထွက်မှုကိုလက်ခံခဲ့သော်လည်း ဝန်ကြီးချုပ်သစ်မရွေးချယ်ရသေးမီထိ ၎င်းကိုပင် ယာယီဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေးအပ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးအဆင့်သတိပေးချက်ထုတ်ပြန်၊ အီတလီနှင့် အီရန်တွင်လည်း ကူးစက်မှုဆက်လက်မြင့်တက်

24 Feb 2020

တောင်ကိုရီးယားအာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်သတိပေးချက်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အမြင့်ဆုံးအဆင့်ထိတိုးမြှင့်သတ်မှတ်လိုက်ရကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျာမနီတွင် လက်ယာအစွန်းရောက်ဂိုဏ်းသားဟု ယူဆရသူတစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦးသေဆုံး

Foreign Desk 21 Feb 2020

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့တွင် ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၉) က လက်ယာအစွန်းရောက်တစ်ဦးဟု ယူဆရသည့် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦးအထိသေဆုံးခဲ့ရကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသဖြင့် မြို့နေလူထု နှစ်သန်းခွဲအား အိမ်တွင်း၌နေရန် ဒယ်ဂုမြို့တော်ဝန် တိုက်တွန်း

Foreign Desk 21 Feb 2020

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂုမြို့၌ မြို့တော်ဝန်သည် မြို့နေလူထု ၂.၅ သန်းအား ပြင်ပသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ဘဲ အိမ်တွင်း၌သာ နေထိုင်ပေးကြရန် ကြာသပတေးနေ့တွင် တိုက်တွန်းလိုက်သည်။

အိန္ဒိယ၌ ငှက်ကောင်ရေ သိသိသာသာ ကျဆင်း

Foreign Desk 20 Feb 2020

ငှက်များ၏သဘာဝကို စောင့်ကြည့်လေ့လာသူ ၁၅၀၀၀ ကျော်၏ စူးစမ်းလေ့လာချက်များဖြင့် အိန္ဒိယရှိငှက်များ အခြေအနေ အစီရင်ခံစာအား ပြုစုခဲ့ခြင်းဖြစ်ပြီး လေ့လာခဲ့သောငှက်ကောင်ရေ ၈၆၇ ကောင်ရှိသည်။

ဘန်ကောက်တွင် ဈေးဝယ်စင်တာတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး

Foreign Desk 19 Feb 2020

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဈေးဝယ်စင်တာတစ်ခုအတွင်း လူတစ်ဦး၏ သေနတ်နှင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

အမုန်းစကားများအား မကိုင်တွယ်နိုင်လျှင် ပိုမိုတင်းကြပ်သည့်စည်းကမ်းများ လာမည်ဟု ဖေ့စ်ဘုတ်အား ဥရောပသမဂ္ဂ ခြိမ်းခြောက်

Foreign Desk 18 Feb 2020

နည်းပညာကုမ္ပဏီကြီးများသည် အမုန်းစကားများနှင့် သတင်းမှားများအား အပြည့်အဝ မထိန်းချုပ်နိုင်လျှင် ဥရောပ၌ ပိုမိုပြင်းထန်သည့် စည်းကမ်းနှင့် ဒဏ်ခတ်မှုများ ကြုံလာရဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂ၏ နည်းပညာမူဝါဒပိုင်းဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

အစ္စရေးအခြေချအိမ်ရာများနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ ၁၁၂ ခုအား ကုလ စာရင်းထုတ်ပြန်

Foreign Desk 14 Feb 2020

နိုင်ငံတကာဥပဒေကြောင်းအရ တရားမဝင်ကြောင်း သတ်မှတ်ထားသည့် အစ္စရေးအခြေချအိမ်ရာ လုပ်ငန်းများနှင့် ပတ်သက်နေသော ကုမ္ပဏီ ၁၁၂ ခုအား ကုလသမဂ္ဂက စာရင်းထုတ်ပြန်လိုက်သည်။ အဆိုပါ စာရင်းတွင် Airbnb, Booking.com နှင့် Motorola Solutions တို့ကဲ့သို့ နိုင်ငံတကာကုမ္ပဏီကြီးများလည်း ပါဝင်နေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ကိုရိုနာလူနာအဖြစ် သတ်မှတ်သည့်စနစ်အား ပြောင်းလဲလိုက်ပြီးနောက် သေဆုံးသူဦးရေ ထိုးတက်

Foreign Desk 13 Feb 2020

လူနာများအား ရေတွက်သည့်စနစ်ကို ပြောင်းလဲလိုက်ပြီးနောက် တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက်သည် ရုတ်ချည်းမြင့်တက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု လပိုင်းအတွင်း အရှိန်လျော့သွားဖွယ်ရှိ

Foreign Desk 12 Feb 2020

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုမှာ ဧပြီလခန့်အရောက်တွင် အရှိန်လျော့ကျရပ်တန့်သွားဖွယ်ရှိကြောင်း တရုတ်ဆေးဖက်ဆိုင်ရာအကြီးတန်းအကြံပေးတစ်ဦးက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

အီရန်ဒုံးကျည်ကြောင့် ဦးနှောက်ထိခိုက်မှု ခံစားနေရသူ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၉ ဦးအထိ မြင့်တက်

Foreign Desk 11 Feb 2020

အီရန်ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကြောင့် ခံစားရသည့် ရောဂါလက္ခဏာများသည် အချို့တပ်ဖွဲ့ဝင်များထံတွင် ချက်ချင်းမပေါ်ဘဲ တစ်နှစ် နှစ်နှစ်ခန့် ကြာနေနိုင်သေးကြောင်းလည်း အီရတ်ရှိ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ပြောကြားသည်။

လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ကာဇက်စတန်မှ ဒုက္ခသည်များထွက်ပြေး

Foreign Desk 10 Feb 2020

ကာဇက်လူမျိုးများနှင့် တရုတ်နိုင်ငံမှလာသော မွတ်ဆလင်အုပ်စုဖြစ်သည့် ဒွန်ဂန်လူမျိုးစုတို့ကြား ပဋိပက္ခဖြစ်ပွားခြင်းဖြစ်ပြီး စတင်ဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ အတိအကျမသိရသေးပေ။

Showing 1,481-1,500 of 1,643 items.