ရဝမ်ဒါတွင် လူသုံးသောင်းခန့်အား သတ်ဖြတ်မြှုပ်နှံထားသည့် ဆည်တစ်ခု တွေ့ရှိ

Foreign Desk 07 Apr 2020

ယခုဆည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ၁၉၉၄ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သဖြင့် အကျဉ်းချခံရပြီး ပြန်လည်လွတ်မြောက်လာသူများထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဆည်အနီးတွင် နေထိုင်သူများထံမှလည်း အချက်အလက်များ ရရှိခဲ့သည်။

သီရိလင်္ကာတွင် အကျဉ်းသား ၃၀၀၀ ခန့် ပြန်လွှတ်ပေး

07 Apr 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သိရိလင်္ကာနိုင်ငံ၌ နိုင်ငံတစ်ဝန်းတွင် အကျဉ်းသားဦးရေ ပြည့်ကြပ်နေသည့် အကျဉ်းထောင်များမှ အကျဉ်းသား ၂၉၀၀ နီးပါး ပြန်လွှတ်ပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မက္ကဆီကို လူဆိုးဂိုဏ်း ပဋိပက္ခအတွင်း ၁၉ ဦးထက်မနည်း သေဆုံး

06 Apr 2020

မက္ကဆီကိုနိုင်ငံ၊ ချီဟွာဟွာပြည်နယ် မြောက်ပိုင်းတွင် လူဆိုးဂိုဏ်းဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောကြားလိုက်သည်။

စပိန်တွင် Lockdown ကြောင့် ပြည်သူ ၉ သိန်းခန့် အလုပ်လက်မဲ့ဖြစ်

Foreign Desk 03 Apr 2020

စပိန်တွင် အိမ်ပြင်မထွက်ရအမိန့်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူ ၉ သိန်းနီးပါးရှိကြောင်း အာဏာပိုင်များက ဧပြီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

သြစတြေးလျ သတင်းစာ ၆၀ ပုံနှိပ်ထုတ်ဝေမှု ရပ်ဆိုင်းမည်

03 Apr 2020

ရူးပတ်မားဒေါ့ (Rupert Murdoch) ပိုင် သြစတြေးတေးလျ ထိပ်တန်းမီဒီယာတစ်ခုဖြစ်သော News Corp သည် ဒေသတွင်း ပုံနှိပ်ထုတ်ဝေနေသည့် သတင်းစာ ၆၀ ဝန်းကျင်ခန့်ကို ထုတ်ဝေမှု ရပ်ဆိုင်းတော့မည်ဟု ဗုဒ္ဓဟူးနေ့(ဧပြီလ ၁ ရက်)က ကြေညာလိုက်သည်။

ကိုရိုနာကောလာဟလကြောင့် ထိုင်းတွင် ထောင်ဆူပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

Foreign Desk 29 Mar 2020

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘူရီရမ်ဒေသအကျဉ်းထောင်တွင် တနင်္ဂနွေနေ့လယ်ပိုင်းက ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားပြီး အကျဉ်းသား အများအပြား ထွက်ပြေးလွတ်မြောက်သွားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေချိန် မြောက်ကိုရီးယားတွင် ဒုံးကျည်စမ်းသပ်ပစ်ခတ်

Foreign Desk 29 Mar 2020

မြောက်ကိုရီးယားသည် မတ်လ ၂၉ ရက် တနင်္ဂနွေနေ့တွင် ပဲ့ထိန်းဒုံးဟု ယူဆရသော ဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများက ပြောကြားလိုက်သည်။

အီရန်တွင် COVID-19 ဗိုင်းရပ်စ်သေသည်ဟုယုံကြည်ပြီး မီသနောအရက်ပြန် သောက်သုံးကြရာမှ ၃၀၀ ထက်မနည်းသေဆုံး

Foreign Desk 28 Mar 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါများအား ပျောက်ကင်းစေနိုင်သည်ဟူသည့် ကောလာဟလကြောင့် အီရန်နိုင်ငံတွင် မီသနောအရက်ပြန် သောက်သုံးကြရာမှ သေဆုံးသူ ၃၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း အီရန်မီဒီယာများတွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ကိုရိုနာကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

Foreign Desk 27 Mar 2020

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။

ပါရာဒိုက်စ်မြို့ မီးလောင်ကျွမ်းမှုအတွက် တာဝန်ရှိကြောင်း အမေရိကန်လျှပ်စစ်ကုမ္ပဏီ ဝန်ခံ

Foreign Desk 24 Mar 2020

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ ပါရာဒိုက်စ်မြို့ မီးလောင်ကျွမ်းမှုအတွက် မိမိတို့ကုမ္ပဏီတွင် တာဝန်ရှိကြောင်း ကယ်လီဖိုးနီးယားရှိ လျှပ်စစ်ကုမ္ပဏီတစ်ခုက ဝန်ခံပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို အာဖဂန်အကျပ်အတည်း အဖြေညှိရန် ကဘူးသို့ရောက်ရှိ

Foreign Desk 24 Mar 2020

ဝန်ကြီးပွန်ပီယိုသည် အာဖဂန်တွင် နိုင်ငံရေးဖြစ်စဉ်များ ရှုပ်ထွေးနေသည့်အပြင် တာလီဘန်လက်နက်ကိုင်များအရေးလည်း ပြင်းထန်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံခေါင်းဆောင်များ၏ ခရီးစဉ်များကို ရပ်နားထားချိန်၌ ကဘူးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည် အမေရိကန် အောင်မြင်စွာစမ်းသပ်

Foreign Desk 21 Mar 2020

အမေရိကန်နိုင်ငံသည် အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည် ပုံစံတူအား သောကြာနေ့တွင် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟာဝိုင်အီမှ ဒေသစံတော်ချိန် မတ်လ ၁၉ ရက် ညဉ့် ၁၀ နာရီ ၃၀ တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ကူး နှစ်သိန်းခွဲ၊ သေ တစ်သောင်း (ကိုရိုနာအရေး နောက်ဆုံးရ ကမ္ဘာ့သတင်းများ)

Foreign Desk 20 Mar 2020

နဂိုကျန်းမာရေမကောင်းသူများ ထံတွင်မူ ပြင်းထန်သောရောဂါလက္ခဏာများ တွေ့ရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူဦးရေမှာ လက်ရှိအချိန်အထိ ၈၆,၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်ပြည်မှဖြစ်သည်။

ဖိလစ်ပိုင်တွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အပစ်ရပ်ကြောင်း အစိုးရကြေညာ၊ သူပုန်များဘက်က ငြင်းပယ်

Foreign Desk 20 Mar 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်နိုင်ရန်အတွက် ကွန်မြူနစ်ပြောက်ကျားများနှင့် မိမိတို့ဘက်က အပစ်အခတ်ရပ်စဲကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာဒေးက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

ပဋိပက္ခဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ ထိရောက်မည်မဟုတ်

Foreign Desk 19 Mar 2020

စစ်ပွဲဖြစ်ပွားရာဒေသများ၊ ဒုက္ခသည်စခန်းများကဲ့သို့ အန္တရာယ်မကင်းသောနေရာများ၌ နေထိုင်နေရသူများသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိဘဲ လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်မည့်အနေအထားတွင် ရှိနေကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ပြောကြားလိုက်သည်။

အမေရိကန်တွင် ကိုရိုနာကာကွယ်ဆေး စမ်းသပ်သုံးစွဲမှု တနင်္လာနေ့စတင်မည်

Foreign Desk 16 Mar 2020

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးအား တနင်္လာနေ့တွင် စတင်စမ်းသပ် သုံးစွဲမည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရန် စပိန်နှင့်ပြင်သစ်တွင် နိုင်ငံလုံးချီတားမြစ်မိန့်များ ထုတ်ပြန်

Foreign Desk 15 Mar 2020

လူဦးရေ ၄၆ သန်းခန့်ရှိသည့် စပိန်နိုင်ငံတွင် တစ်နိုင်ငံလုံးနီးပါး အိမ်ပြင်ထွက်ခွင့်ကို တားမြစ်ထားကာ အလုပ်သွားရန်၊ ဆေးဝါးနှင့် အစားအစာဝယ်ယူရန် လောက်သာ သွားလာခွင့်ပေးထားသည်။

ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်၊ တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ

Foreign Desk 13 Mar 2020

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း တဟုန်ထိုးမြင့်တက်လာနေပေမယ့် တရုတ်အပါအဝင် အာရှနိုင်ငံတချို့မှာတော့ ကူးစက်နှုန်းဟာ သိသိသာသာလျော့ပါးလာနေပါတယ်။ ဒီအကြောင်း သတင်းဌာနတချို့မှာ ဖော်ပြထားတာတွေကို ကောက်နုတ်တင်ပြပေးပါမယ်။

ဥရောပသမဂ္ဂအနေဖြင့် ရွှေ့ပြောင်းဒုက္ခသည်အရေး ဟိုလိုလိုဒီလိုလို လုပ်နေခြင်းကို ရပ်တန့်ရမည်ဟု တူရကီပြော

Foreign Desk 11 Mar 2020

တူရကီနိုင်ငံအတွင်းသောင်တင်နေသည့် သန်းနှင့်ချီသော ရွှေ့ပြောင်းဒုက္ခသည်များအရေးဖြေရှင်းရန်နှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂအနေဖြင့် တူရကီကို ဟိုလိုလို၊ ဒီလိုလိုလုပ်နေခြင်းကို ရပ်တန့်သင့်ပြီဟု ယင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး ပြောကြားလိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာပိုးကူးစက်ခံထားရသူ သုံးဦး စတင်တွေ့ရှိ

Foreign Desk 08 Mar 2020

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးတွေ့ရှိထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် သုတေသနအဖွဲ့ (IEDCR) က အတည်ပြုပြောကြားလိုက်သည်။ ။

Showing 1,461-1,480 of 1,643 items.