တောင်-မြောက် နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး

Foreign Desk 16 Jun 2020

မြောက်ကိုရီးယားသည် တောင်-မြောက်နှစ်နိုင်ငံ နယ်စပ်ရှိ မြောက်ကိုရီးယားဘက်ခြမ်းတွင် ရှိသော နှစ်နိုင်ငံဆက်ဆံရေးရုံးအား အင်္ဂါနေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်။

ချီလီတွင် ကျန်းမာရေးဝန်ကြီးသစ် ပြောင်းလဲခန့်အပ်

Foreign Desk 14 Jun 2020

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှုနှင့်အတူ ချီလီသမ္မတ ဆီဘက်စ်ရှင်းပီနဲရားသည် ကျန်းမာရေးဝန်ကြီး ဟိုက်မဲမာညာလစ် နေရာတွင် ဝန်ကြီးသစ်တစ်ဦး အစားထိုးခန့်ထားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာရပ် ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မည်

Foreign Desk 13 Jun 2020

အာရပ်စော်ဘွားများပြည်ထောင်စုက အင်္ဂါဂြိုဟ်သို့ ပထမဆုံး စေလွှတ်မည့် အာကာသယာဉ်ကို သီတင်းပတ် အနည်းငယ်အတွင်း လွှင့်တင်တော့မည်ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘရာဇီးတွင် အစိုးရက ကိုဗစ်-၁၉ အချက်အလက်အားလုံးကို ပယ်ဖျက်ပြီး သေဆုံးသူစာရင်းကို ဖုံးကွယ်

Foreign Desk 07 Jun 2020

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး လနှင့်ချီမှတ်သားထားသည့် အချက်အလက်များအား ဘရာဇီးတာဝန်ရှိသူများက စနေနေ့တွင် အများပြည်သူ မကြည့်ရှုနိုင်အောင် ပယ်ဖျက်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားထားသည်။

ဟောင်ကောင်တွင် လူစုလူဝေးတားမြစ်မိန့်ကို ဆန့်ကျင်ပြီး တီယန်နန်မင်နှစ်ပတ်လည် အခမ်းအနားအတွက် လူထောင်ချီစုဝေး

Foreign Desk 05 Jun 2020

ဟောင်ကောင်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်မိန့်အား ဆန့်ကျင်ကာ လူထောင်ပေါင်းများစွာသည် ၁၉၈၉ တီယန်နန်မင်ရင်ပြင် အရေးအခင်း နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား အတွက် စုရုံးရောက်ရှိခဲ့ကြသည်။

ဘရာဇီးနှင့် မက္ကစီကိုနိုင်ငံများတွင် ကိုရိုနာကြောင့်သေဆုံးသူအရေအတွက် စံချိန်တင်မြင့်တက်

Foreign Desk 04 Jun 2020

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၁၃၄၉ ဦးအထိရှိခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ထရမ့်က စစ်အင်အားသုံးမည်ဟု ခြိမ်းခြောက်သော်လည်း အမေရိကန်မြို့ကြီးများတွင် အကြမ်းဖက်မှုများ မြင့်တက်

Foreign Desk 03 Jun 2020

လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသော်လည်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဆူပူအကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ ရှိနေသည်မှာ ခုနစ်ရက်အထိ ရှိလာပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုရိုနာကပ်ဘေးကြောင့် ကမ္ဘာ့ကလေး ၈၆ သန်းခန့် ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်

Foreign Desk 29 May 2020

ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးဂယက်ကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားရမည့် ကလေးအရေအတွက်သည် ၈၆ သန်းအထိ ရှိနိုင်ကြောင်း Save the Children နှင့် UNICEF အဖွဲ့တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်ပြီ

Foreign Desk 27 May 2020

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် မေလ ၂၇ ရက်နေ့တွင် တစ်သိန်းပြည့်သွားပြီဖြစ်ကြောင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနေသည့် Worldometer ဝက်ဘ်ဆိုက်တွင်ဖော်ပြချက်အရ သိရသည်။

ကိုဗစ်လူနာကွယ်လွန်ရင် အခေါင်းအဖြစ်ပြောင်းသုံးလို့ရတဲ့ ခုတင်တွေ တီထွင်

Foreign Desk 27 May 2020

ကိုလံဘီယာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ကိုဗစ်လူနာတွေအတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် ခုတင်တစ်မျိုး တီထွင်လိုက်ပါတယ်။ သူတီထွင်လိုက်တဲ့ ခုတင်တွေဟာ လူနာကွယ်လွန်သွားရင် အခေါင်းအဖြစ် ပြောင်းလဲအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကုသဆေး ဘင်္ဂလားဒေ့ရှ်တွင် ထုတ်လုပ်ရောင်းချမည်

Foreign Desk 26 May 2020

ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီ ဘက်ဇင်ကိုက မိမိတို့သည် အသက်သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကုသပေးသည့်ဆေးဝါးအား ပထမဆုံးစတင်ရောင်းချသည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘက်ဇင်ကိုသည် ဂျီလက် သုတေသနကုမ္ပဏီ၏ ဆေးကို တရားဝင်လိုင်စင်ခံယူပြီး ရောင်းချမည်ဖြစ်သည်။

ဟောင်ကောင်တွင် တရုတ်၏ လုံခြုံရေးအဆိုပြုချက်ကို ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်

25 May 2020

တရုတ်အစိုးရသည် ပြီးခဲ့သည့်အပတ်က အငြင်းပွားဖွယ်ရာ လုံခြုံရေးဥပဒေတစ်ရပ်ကို အဆိုပြုတင်သွင်းခဲ့သည်။ ထိုဥပဒေအရ ဟောင်ကောင်၌ နိုင်ငံတော်သစ္စာဖောက်မှု၊ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု၊ နိုင်ငံတော်အပေါ် အကြည်အညိုပျက်စေမှု တို့ဖြင့် အရေးယူခွင့်ရှိလာမည်ဖြစ်သည်။

အမေရိကန်ရေတပ် လေဆာလက်နက် အောင်မြင်စွာစမ်းသပ်ပစ်ခတ်

Foreign Desk 24 May 2020

အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် အင်အားပြင်းလေဆာလက်နက်သစ် တစ်မျိုးအား စမ်းသပ်ခဲ့ပြီး ပျံဝဲနေသည့်ဒရုန်းယာဉ်တစ်စီးကို အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စီအန်အန်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကိုရိုနာပိုးသတ်ဆေးဖြန်းခြင်းသည် လူကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း WHO သတိပေး

Foreign Desk 23 May 2020

နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လမ်းများပေါ်တွင် ပိုးသတ်ဆေးဖြန်းနေကြခြင်းသည် ဗိုင်းရပ်စ်အား မရှင်းလင်းနိုင်ရုံသာမက အများပြည်သူ၏ ကျန်းမာရေးကိုပင် အသက်အန္တရာယ်ဖြစ်စေနိုင်ခြေ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

အင်အားပြင်းမုန်တိုင်း အန်ဖန်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်တွင် ၂၄ ဦးထက်မနည်း သေဆုံး

Foreign Desk 21 May 2020

 ဗုဒ္ဓဟူးနေ့ညပိုင်းက တိုက်ခတ်သွားတဲ့ အားပြင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အန်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိခဲ့ပါတယ်။

ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း ဘဏ္ဍာငွေထောက်ပံ့ခဲ့သူ တရားခံပြေးအား ပြင်သစ်နိုင်ငံတွင် ဖမ်းမိ

Foreign Desk 18 May 2020

၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိက အလိုရှိသော တရားခံပြေးများထဲမှ အသက် ရှင်လျက်ကျန်ရှိသူတစ်ဦးဖြစ်သည့် ဖလီစီယန်ကဘူဂါ ကို ပြင်သစ်အစိုးရက စနေနေ့တွင် ဖမ်းဆီးရမိ ခဲ့သည်။ ၂၅ နှစ်ခန့် ကြာထွက်ပြေး လွတ်မြောက်ပြီးနောက် ယင်းသည် နိုင်ငံတကာ ခုံရုံးတွင် ရုံးတင် စစ်ဆေးခံရတော့မည်ဖြစ်သည်။

တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်နှုန်း ပြန်လည်မြင့်တက်

Foreign Desk 09 May 2020

မြို့တော် ဆိုးလ်ရှိ အီတေဝန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားသည် စစ်ဆေးမှုမခံယူမီတွင် နိုက်ကလပ်သုံးခုသို့ သွားရောက်လည်ပတ်ခဲ့သည်ကို သိရှိခဲ့ရပြီးနောက် အစိုးရက နိုက်ကလပ်များအား တစ်လကြာ ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဗင်နီဇွဲလား အကျဉ်းထောင်တွင်း ဆူပူမှုကြောင့် ၄၇ ဦးထက်မနည်းသေဆုံး

Foreign Desk 05 May 2020

“အခုဖြစ်နေတာက အစောင့်တွေကြောင့်ပဲ။ သူတို့က အကျဉ်းသား မိသားစုဝင်တွေ ထောင်ထဲသို့ ပို့ပေးတဲ့   စားစရာတွေကို အကျဉ်းသားတွေ လက်ထဲရောက်အောင် မပို့ပေးတာကြောင့်ပဲ” ဟု ထောင်ထဲတွင် အသိရှိသော ရာစီကာ ဂျီမန်နက်စ်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂ သိန်းကျော်ပြီ

Foreign Desk 26 Apr 2020

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် ဧပြီ ၂၆ ရက် တနင်္ဂနွေနေ့တွင် နှစ်သိန်းကျော်သွားပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ တနင်္ဂနွေ နေ့လယ်ပိုင်းအထိ သေဆုံးသူဦးရေမှာ ၂၀၃,၃၀၈ ဦးဖြစ်သည်။

ကိုရိုနာအရေးနှင့် စင်ကာပူရွှေ့ပြောင်းလုပ်သားများ၏ ဒုက္ခ

မေမိုး 10 Apr 2020

ကျန်းမာရေးနှင့်မညီညွတ်သော အလုပ်သမားဆောင်များ၏ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပြီးနောက် စင်ကာပူအာဏာပိုင်များသည် ထိုနေရာများကို အကူအညီပေးမှုများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အလုံးစုံပိတ်ဆို့ခံထားရသော အလုပ်သမားများအား အစားအစာများ ထောက်ပံ့ခြင်းနှင့်အတူ အဆောင်သန့်ရှင်းရေး လုပ်ငန်းများအား တိုးမြှင့်လုပ်ကိုင်ပေးခဲ့သည်။

Showing 1,441-1,460 of 1,643 items.