တရုတ်တွင်ပျံ့နှံ့နေသည့် ရောဂါဆန်းကြောင့် သေဆုံးသူ ၃ ဦးရှိပြီ
20 Jan 2020
တရုတ်တွင် ဆားစ်နှင့် ဆင်တူသည့် ကိုရိုနာရောဂါပိုးအသစ်ကြောင့် သေဆုံးသူ သုံးဦးရှိသွားပြီဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။ စနေနှင့် တနင်္ဂနွေ နှစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၁၃၆ ဦးအထိ ရှိကြောင်းလည်း ဝူဟန်အာဏာပိုင်များက အတည်ပြုထားသည်။