လူနည်းစု၏လောဘက ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးဝါးစေသည်ဟု ပုပ်ရဟန်းမင်းကြီး ဝေဖန်
18 Nov 2019
ချမ်းသာကြွယ်ဝသူ လူနည်းစု၏ မတော်လောဘကြောင့် ဆင်းရဲသူများ အတိဒုက္ခ ပိုမိုခံစားနေရသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်က တနင်္ဂနွေနေ့တွင် ဝေဖန်လိုက်သည်။ အလုပ်လက်မဲ့များ အိမ်ရာမဲ့များနှင့် အတူစားသောက်သည့် စားပွဲဝိုင်းတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။