ဆီးရီးယားရေနံမြေများသို့ အမေရိကန်တပ်များတပ်စွဲထားမှု နိုင်ငံတကာဥပဒေနှင့်မညီဟု ရုရှားပြော

Foreign Desk 26 Oct 2019

ယခုဆီးရီးယားရေနံမြေများတွင် အမေရိကန်တို့ တပ်စွဲထားခြင်းနှင့် ထပ်မံအင်အားတိုးမြှင့်မည့် အစီအစဉ်တို့နှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သောကြေညာချက်တွင် အမေရိကန်တို့သည် ဆီးရီးယားရေနံမြေ လုံခြုံရေးအတွက်အမှန်တကယ် စိုးရိမ်၍မဟုတ်ဘဲ ရေနံမှောင်ခိုသမားများကို ကာကွယ်လိုခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု တိုင်ကြားသော ကျောင်းသူကို မီးရှို့သတ်မှုတွင်ပါဝင်သူ ၁၆ ဦးအား သေဒဏ်ချမှတ်

Foreign Desk 25 Oct 2019

နူဆရတ်သည် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကို ရဲထံမတိုင်ကြားဘဲနှုတ်ပိတ်နေရန် သူမ၏အတန်းဖော်များနှင့် ဒေသတွင်းသြဇာရှိသူများ၏ ခြိမ်းခြောက်မှုကို ငြင်းဆန်ခဲ့သဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက်တွင် တာဝန်ရှိသူများက သူမအသတ်ခံရမှုကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့အသစ်တွင် ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်များ ထည့်သွင်းဖွဲ့စည်း

Foreign Desk 24 Oct 2019

အောက်တိုဘာ၊ ၂၃ ရက်တွင်ထုတ်ပြန်လိုက်သော ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့သစ်တွင် ပြီးခဲ့သောရွေးကောက်ပွဲ ၂ ကြိမ်စလုံး၌ ဂျိုကိုဝီဒိုဒို၏ပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ဟောင်း မစ္စတာပရာဘိုဝိုဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သလို ဒီဂျစ်တယ်ငွေပေးချေရေးလုပ်ငန်း Gojak ပူးတွဲတည်ထောင်သူ မစ္စတာ နာဒီယမ်မာခရင်မ် လည်း ပညာရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သည်ကို တွေ့ရသည်။

ဟောင်ကောင်ဆန္ဒပြမှုများ ပေါ်ပေါက်စေခဲ့သော တရားခံလွှဲပြောင်းရေးဥပဒေကို တရားဝင်ရုတ်သိမ်း

Foreign Desk 23 Oct 2019

ဟောင်ကောင်တွင် လနှင့်ချီ၍ဖြစ်ပွားနေသော ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်စေခဲ့သော အကြောင်းရင်းတစ်ရပ်ဖြစ်သည့် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကို ယခုအခါ ဥပဒေပြုလွှတ်တော်အမတ်များက တရားဝင်ရုတ်သိမ်းကြောင်း ကြေညာလိုက်ပြီဟု BBC နှင့်အခြားပြည်ပမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ဆည်တည်ဆောက်ရေးအတွက် လိုအပ်ပါက စစ်ပွဲဆင်နွှဲရန်ပင် အသင့်ရှိဟု အီသီယိုပီးယား၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သတိပေး

Foreign Desk 23 Oct 2019

အီသီယိုးပီးယားနိုင်ငံ၏ ပူပူနွေးနွေးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဝန်ကြီးချုပ်က အီဂျစ်နှင့်အငြင်းပွားလျက်ရှိသော ဆည်တည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်လာပါက စစ်ပွဲဆင်နွှဲရန်ပင် အသင့်ရှိသည်ဟု သတိပေးပြောကြားလိုက် ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်တွင် Facebook ပို့စ်တစ်ခုကို မကျေနပ်ရာမှ အဓိကရုဏ်းဖြစ်ပြီး ၄ ဦးသေဆုံး

Foreign Desk 22 Oct 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ဘိုလာခရိုင်ရှိ ဘိုရန်နက်ဒင်မြို့တွင် ထောင်နှင့်ချီသော မူစလင်များသည် တမန်တော်မိုဟာမက်ကိုစော်ကားသော Facebook ပို့စ်တစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်ပြီး လမ်းမများထက်သို့ထွက်ကာ ဆန္ဒပြကြရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ရွှေ့ပြောင်းရန် သဘောတူ

Foreign Desk 21 Oct 2019

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒုက္ခသည် ၁၀၀၀၀၀ ခန့်ကို ရွှံနှင့်နုန်းထူထပ်သော ယင်းကျွန်းငယ်လေးပေါ်သို့ ရွှေ့ပြောင်းပေးလိုနေသည်မှာ ကာလကြာရှည်ရှိပြီဖြစ်ပြီး ထိုကဲ့သို့ရွှေ့ပြောင်းခြင်းဖြင့် ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်လျက်ရှိသော နယ်စပ်ဒုက္ခသည်စခန်းများတွင် လူဦးရေအလွန်အကျွံထူထပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို လျှော့ချနိုင်မည်ဟု ပြောကြားထားသည်။

ကတ်တလန်ခွဲထွက်ရေးသမား ၅ သိန်းကျော် ချီတက်ဆန္ဒပြပြီးနောက် ဘာစီလိုနာတွင် အဓိကရုဏ်းများအရှိန်မြင့်တက်

Foreign Desk 19 Oct 2019

လွန်ခဲ့သော ၂ နှစ်ခန့်က မအောင်မမြင်ဖြစ်ခဲ့သော ကတ်တလန်ဒေသ လွတ်လပ်ရေးတောင်းဆိုလှုပ်ရှားမှုအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကတ်တလန်ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးအား စပိန်တရားရုံးတစ်ရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် မကျေနပ်ရာမှ ကတ်တလန်မြို့တော် ဘာစီလိုနာနှင့် အခြားဒေသများတွင် ပြီးခဲ့သောတစ်ပတ်အတွင်း ၅ ရက်ဆက်တိုက် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

"မျိုးချစ်စိတ်ကို အတင်းလုပ်ယူ၍ ရ၊ မရ" - ဟောင်ကောင်အရေးမှပေးသော တွေးစရာများ

Foreign Desk 18 Oct 2019

"ရွေးချယ်ခွင့်ရှိသည့်နေရာတိုင်းမှ ပြည်သူများသည် ရှီကျင့်ဖျင်၏တရုတ်ပြည်ကြီးအပေါ် ချစ်ခင်စိတ်ထက် ကြောက်ရွံ့ထိတ်လန့်စိတ်သာ ရှိကြလေသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာနိုင်သော အဆိုးဆုံးအခြေအနေများအတွက် မလေးရေတပ် အဆင့်မြှင့်တင်ရန် လိုအပ်

Foreign Desk 17 Oct 2019

အင်အားကြီးနိုင်ငံများက ၎င်းတို့၏ ရေပိုင်နက်ကို ထိပါးလာပါက မလေးရှားအနေဖြင့် ဆန့်ကျင်ကြောင်း ကြေညာချက်များ ထုတ်ပြန်နိုင်သော်လည်း ပဋိပက္ခတစ်ခုဖြစ်ပွားလာပါက မိမိပိုင်နက်ကို ကာကွယ်ရန်အတွက် လုံလောက်သောရေတပ်အင်အား မရှိခြင်းမှာ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအီဖူဒင်အက်ဘ်ဒူလာက ပြောကြားခဲ့ခြင်းဖြစ်သည်သည်။

နယ်စပ်တံတိုင်းကာရေး ကြေညာချက်အား တားဆီးမှုများကို သမ္မတထရမ့် ဗီတိုအာဏာသုံးပြီးပယ်ချ

Foreign Desk 17 Oct 2019

ပြီးခဲ့သောလအတွင်းက အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက ထရမ့်၏ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း ယခုအခါ ထရမ့်က ၎င်း၏ သမ္မတဗီတိုအာဏာကိုသုံး၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ခြင်းဖြစ်သည်။

ဆီးရီးယားထိုးစစ်အတွင်း ဥပမဒေမဲ့ကွပ်မျက်မှုများကို စုံစမ်းစစ်ဆေးရန် တူရကီအစိုးရကို ကုလတိုက်တွန်း

Foreign Desk 15 Oct 2019

ဆီးရီးယားတွင် တူရကီတို့၏ထိုးစစ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ၊ မြေပြင်တိုက်ခိုက်မှုများ၊ စနိုက်ပါပစ်ခတ်မှုများကြောင့် အရပ်သားများသေဆုံးရမှုများကိုပါ မှတ်တမ်းတင်ထားကြောင်း ကုလလူ့အခွင့်အရေးဌာနက ပြောကြားသည်။

အနောက်နိုင်ငံများနှင့် တင်းမာနေချိန်တွင် နျူကလီးယားစစ်ရေးလေ့ကျင့်ရန် ရုရှား စီစဉ်

Foreign Desk 14 Oct 2019

ရုရှားနျူကလီးယားတပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ယခုတစ်ပတ်အတွင်း လုပ်ဆောင်သွားရန် ရှိနေကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

မှားယွင်းအကျဉ်းချခံခဲ့ရသည့် သြစတေးလျနိုင်ငံသား နစ်နာကြေး ဒေါ်လာ ၄.၈ သန်းရရှိ

Foreign Desk 14 Oct 2019

သြစတေးလျတွင် လူသတ်မှုဖြင့် ၁၉ နှစ်ကြာ မှားယွင်း အကျဉ်းကျခံခဲ့ရသူ တစ်ဦးသည် နစ်နာကြေး သြစတေးလျဒေါ်လာ ၇ သန်း (အမေရိကန် ဒေါ်လာ ၄.၈ သန်း) ရရှိသွားကြောင်း BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တူရကီထိုးစစ်ကြောင့် IS အကျဉ်းသားများအား ကာ့ဒ်တပ်ဖွဲ့ ဦးစားပေးစောင့်ကြည့်နိုင်တော့မည်မဟုတ်

Foreign Desk 13 Oct 2019

တူရကီတပ်များ၏ ထိုးစစ်ဒဏ်ကိုခံနေရသော ကာ့ဒ်တပ်ဖွဲ့က ၎င်းတို့၏ဖမ်းဆီးထိန်းသိမ်းမှု အောက်တွင်ရှိနေသော IS အကြမ်းဖက်အဖွဲ့ဝင်အကျဉ်းသားများ လွတ်မြောက်မသွားအောင် ထိန်းသိမ်းခြင်းကို ဦးစားပေးအနေဖြင့် ဆက်လက်လုပ်ဆောင်နိုင်တော့ မည်မဟုတ်

ဂျပန်တွင် နှစ်ပေါင်း ၆၀ အတွင်းအပြင်းထန်ဆုံးမုန်တိုင်း စတင်တိုက်ခတ်

Foreign Desk 12 Oct 2019

ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်နိုင်သည့် ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်း ယနေ့ ဝင်ရောက်တိုက်ခတ် လူပေါင်း ၇ သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များ ညွှန်ကြား

အူဂါအရေးနှင့်ပတ်သက်၍ တရုတ်အရာရှိများအား အမေရိကန်က ဗီဇာကန့်သတ်မည်

Foreign Desk 10 Oct 2019

မွတ်ဆလင်များအား လူဦးရေထိန်းချုပ်မှုများ ဆောင်ရွက်ရာတွင် ပါဝင်နေသည့် တရုတ်အရာရှိများအပေါ် ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟု အမေရိကန်က ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားတွင် IS အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်မှုရှိသူက လုံခြုံရေးဝန်ကြီးကို ဓါးဖြင့်ထိုး

Foreign Desk 10 Oct 2019

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဝီရန်တိုသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဂျာဗားကျွန်းပေါ်ရှိ မြို့တစ်မြို့သို့ အလည်အပတ်သွားရောက်သည့် ခရီးစဉ်အတွင်း အမျိုးသားတစ်ဦး၏ ဓါးဖြင့်တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်တွင် အရပ်သား ၃၀ ခန့်သေဆုံး

Foreign Desk 09 Oct 2019

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းရှိ တာလီဘန်တို့၏ မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများဟု ယူဆရသည့်နေရာများကို အမေရိကန်တို့ကလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရသိရသည်။

ကုလသမဂ္ဂတွင် ဝန်ထမ်းလစာပေးချေရန် ငွေမလုံလောက်ခြင်းမျိုးကြုံရနိုင်

Foreign Desk 09 Oct 2019

ကုလသမဂ္ဂအဖွဲ့ကြီးသည် ၎င်း၏ဝန်ထမ်းများအား ရှေ့လအတွက် ဝန်ထမ်းလစာပေးချေရန်ပင် ငွေအလုံအလောက်မရှိသည့် အခြေအနေမျိုးရောက်ဖွယ်ရှိနေကြောင်း လက်ရှိ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က သတိပေးပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ...

Showing 1,601-1,620 of 1,643 items.