ရခိုင်တွင် ယာဉ်လိုင်စင်များလုပ်မပေးသေးဘဲ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေဟု ဒေသခံများဝေဖန်နေ

19 Sep 2022

ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် ယာဉ်လိုင်စင်များလုပ်ပေးခြင်းမရှိသေးဘဲ လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့်အပေါ် ဒေသခံပြည်သူများက ဝေဖန်မှုများရှိနေကြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်နက်ကြီးကျည်ကျရောက်မှု စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်စွပ်စွဲ

18 Sep 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘင်ဒရိုဘင်ခရိုင်၊ ခေါင်းတုံးဒေသအတွင်းသို့ စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပြန်အလှန်စွပ်စွဲကြသည်။

တောင်ကုတ်မြို့မှ ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

18 Sep 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသော တောင်ကုတ်မြို့တွင် ဒေသခံ ၂ ဦးကို မြန်မာစစ်တပ်က  နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွာကြောင်း ဒေသခံများထံမှသိရသည်။

AA နှင့်ဆက်စပ်ပြီး အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ဦးဖေသန်းကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခံရ

18 Sep 2022

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို DMG သတင်းဌာနတွင် "အခု ရှုံးထွက်တိုက်ပွဲဖြစ်တယ်၊ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ပြတ်ပြတ်သားသားတိုက်ပွဲ"ဟု AA နှင့်ဆက်စပ်ပြီး အင်တာဗျုးဖြေဆိုမှုကြောင့် တပ်မတော်အကြည်အညိုပျက် စေမှုပုဒ်မ- ၅၀၅(က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) တိုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရခိုင်ရှိ ကုန်းလမ်းနှင့် ရေလမ်းကြောင်းများကို မြန်မာစစ်တပ်က ရက်တာရှည်ပိတ်ထား၍ ဒေသခံများအခက်အခဲဖြစ်နေ

17 Sep 2022

ရခိုင်ပြည်အတွင်းရှိ အချက်အချာကျသည့် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းအချို့ကို မြန်မာစစ်တပ်က ရက်တာရှည်ပိတ်ထားသဖြင့် ဒေသခံများ၏ လူမှုဘဝထိခိုက်နေရကြောင်း သိရသည်။

DKBA ဌာနချုပ်အနီး တိုက်ပွဲတွင် ဒေသခံများ သေဆုံးဒဏ်ရာရ၊ လူပေါင်းထောင်ချီထွက်ပြေး

17 Sep 2022

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ-ဝေါလေမြိုင်ကားလမ်းရှိ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA) ဌာန ချုပ်အနီးတွင် စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးရှိ တောင်နီကျေးရွာမှ ဒေသခံတစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းရန် စစ်ကောင်စီက စီစဉ်နေ

17 Sep 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို လာမည့်အောက်တိုဘာလအတွင်း နေရပ်ပြန်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကာ လတ်တလောတွင် နေရပ်ပြန်၊မပြန်ကိစ္စနှင့်ပတ်သက်ပြီး စာရင်းကောက်ယူနေကြောင်း သိရသည်။

“အဆုံးအဖြတ်တိုက်ပွဲ” အချိန်ကျရောက်လာပြီဟု AA ဒု-စစ်ဦးစီးချုပ်ပြော

17 Sep 2022

မြန်မာစစ်တပ်နှင့် AA တို့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ ယခုအချိန်တွင် တိုက်ပွဲအရှုံးအနိုင်ကို ဆုံးဖြတ်တော့မည့် အဆုံးသတ်တိုက်ပွဲကာလ ကျရောက်လာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောဆိုလာသည်။

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ကျေးရွာကိုစွန့်ခွာခဲ့ရသည့် တမာခေါကျေးရွာသားများ အကူအညီလိုအပ်နေ

17 Sep 2022

စစ်ကောင်စီကဖိအားပေး၍ ကျေးရွာမှပြောင်းရွှေ့ထွက်ပြေးခဲ့ရသည့် ပဲခူးတိုင်း၊ မုန်းမြို့နယ် တမာခေါကျေးရွာမှ ဒေသခံ(၃၀၀)ကျော်မှာ လက်ရှိတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

စစ်တပ်က စစ်ဆေးမှုများရှိ၍ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာသားများ ထွက်ပြေး

16 Sep 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်မင်္ဂလာကျေးရွာကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စစ်ဆေးမှုများရှိသည့်အတွက် ဒေသခံများမှာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု ( ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

16 Sep 2022

မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ င/စရိုင်းချောင်းအုပ်စု၊ မြစ်နားရွာမှ အသက် ၃၀ အရွယ် ကိုအောင်ချမ်းသာ တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက INGO/NGO များကို ခရီးသွားလာခွင့်ကန့်သတ်

16 Sep 2022

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ဘေးရှောင်များကိုကူညီရာတွင် အဓိကကျသည့် INGO/NGO အဖွဲ့အစည်းများကို ခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

တောင်ကုတ်တွင် မြန်မာစစ်တပ်၏ ထောက်ပို့ရေယာဉ်တစ်စီးကို AA က လက်နက်ကြီးဖြင့်ပစ်ခတ်

16 Sep 2022

တောင်ကုတ်မြို့ ချောင်းဝသို့ဝင်လာသည့် မြန်မာစစ်တပ်၏ ထောက်ပို့သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့(စက်တင်ဘာလ ၁၆ ရက်) နေ့လည် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပရဟိတသမား ကိုအမ်းသားကြီးစီးနင်းလာသည့်ကားကို စစ်တပ်က ဖမ်းဆီးရန်ကြိုးစား

16 Sep 2022

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန်သွားသည့် ပရဟိတသမား ကိုအမ်းသားကြီး၏ ကားကို ယနေ့(စက်တင်ဘာလ ၁၆ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ တပ်သားများက သေနတ်များဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရန်ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကပြောသည်။  

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်နှင့် ကျောက်ဖြူမှ ဒေသခံများ မိသားစုနှင့်အဆက်အသွယ်မရ

16 Sep 2022

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ ဒေသခံ တစ်ဦးနှင့် ကျောက်ဖြူမြို့မှ ဒေသခံ(၇)ဦးတို့မှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရသဖြင့် မိသားစုအနေဖြင့် စိုးရိမ်နေရကြောင်းပြောဆိုသည်။

ကျောက်တော်၊ အပေါက်ဝရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွား

16 Sep 2022

ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) ညနေပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မွန်ပြည်နယ်မှ လူငယ်များ ပြည်ပထွက်ခွာမှုမြင့်တက်

15 Sep 2022

မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မွန်ပြည်နယ်မှ ကျေးလက်နှင့်မြို့ပြရှိ လူငယ်များမှာ အလုပ်လုပ်ကိုင်ရန် ပြည်ပထွက်ခွာမှု များပြားလာနေကြောင်း ဒေသခံများနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

ဆုံးရှုံးထားသည့်စခန်းများ ပြန်ရရေး မောင်တောနှင့် ပလက်ဝတွင် မြန်မာစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေဟု AA ပြော

15 Sep 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်က ဆုံးရှုံးလိုက်ရသည့်တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် ယခုရက်ပိုင်းအတွင်း အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။

ရခိုင်တွင် တိုက်ပွဲပြန်ဖြစ်လာသဖြင့် သဘင်လောကသားများ မျှော်လင့်ချက်ကင်းမဲ့နေ

15 Sep 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသောကြောင့် ရခိုင်ပြည်အတွင်းရှိ ဇာတ်သဘင်လောကသားများမှာ ဇာတ်ကပြမှု ရပ်နားထားရမည်ကိုစိုးရိမ်၍ မျှော်လင့်ချက် ကင်းမဲ့နေကြသည်ဟုဆိုသည်။

ရခိုင်တွင် ကုန်လမ်း၊ ရေလမ်းသွားလာသည့် ယာဉ်များကို ULA/AA က စစ်ဆေးမည်ဟုပြော

15 Sep 2022

စစ်ကောင်စီက အရပ်ဘက်သုံးယာဉ်များကိုအသုံးပြုကာ စစ်အင်အားဖြည့်တင်းနေသည့်အတွက် ကုန်းလမ်း၊ ရေလမ်းသွားလာသည့်ယာဉ်များကို စစ်ဆေးသွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

Showing 2,641-2,660 of 8,345 items.