ကရင်နီဒေသတွင် သြဂုတ်လအတွင်း တိုက်ပွဲ(၄၆)ကြိမ်ဖြစ်ပွား၊ ဒေသခံ (၅)ဦးသေဆုံး

03 Sep 2022

ကယား(ကရင်နီ)ပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေး တပ်(KNDF) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၄၆)ကြိမ်ဖြစ်ပွားခဲ့ကာ ဒေသခံ(၅)ဦး ထိခိုက်သေဆုံးခဲ့ပြီး ဆေးခန်းနှင့် လူနေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စက်တင်ဘာ ၁ နေ့တွင် KNDF မှ သတင်းထုတ်ပြန်သည်။

AA သိမ်းပိုက်ထားသည့် မောင်တောမိုင်တိုင်(၄၀)စခန်းကို မြန်မာစစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်

03 Sep 2022

ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလိုသည့် မွတ်ဆလင် ၁၉ ဦး ဂွမြို့နယ်တွင် ဖမ်းဆီးခံရ

03 Sep 2022

ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။

ရခိုင်တွင် ပြည်သူများ စားဝတ်နေရေးကျပ်တည်းနေချိန် ညမထွက်ရအမိန့်ကို သက်တမ်းတိုးထုတ်ပြန်သည့်အပေါ် ဒေသခံများကဝေဖန်ကြ

03 Sep 2022

ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် ယမန်နေ့ကစတင်ပြီး ညမထွက်ရ ပုဒ်မ-၁၄၄ အမိန့်ကို ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သောကြောင့် ဒေသခံများကဝေဖန်နေကြသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝဒေသခံ ၅၀၀ ကျော် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးရ

02 Sep 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အိန္ဒိနယ်စပ်အနီးတွင် မြန်မာစစ်တပ်က ဂျတ်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခတ်မှုကြောင့် မြိတ်ဝကျေးရွာမှဒေသခံ ၅၀၀ ကျော်မှာ ကျေးရွာအတွင်း နေထိုင်၍မရတော့သဖြင့် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကြောင်းဝင်လာ၍ထွက်ပြေးသည့် မြောက်ဦးဒေသခံများ စစ်ကြောင်းပြန်သွားသော်လည်း ရွာသားအချို့ နေရပ်မပြန်ရဲကြသေး

02 Sep 2022

မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာအတွင်းသို့ ယနေ့(စက်တင်ဘာလ ၂ ရက်) နံနက်ပိုင်းပိုင်းက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဟောင်းနှင့် ဝန်ကြီးဟောင်းတစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

02 Sep 2022

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရွေးကောက်ပွဲဆိုင်ရာရာဇသတ်ကြီးဥပဒေဖြင့် ယနေ့(စက်တင်ဘာလ ၂ ရက်)တွင် စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း နေပြည်တော်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှသိရသည်။

အမ်းတွင် မြန်မာစစ်တပ်က စီးနင်းလိုက်ပါလာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ

02 Sep 2022

မအီမြို့မှ အမ်းမြို့သို့ထွက်ခွာလာသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ကားမှာ စက်တင်ဘာလ ၁ ရက်၊ညနေ ၃ နာရီခန့်က မြေနီရွာနှင့် တလိုင်းတောင်ရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

AA ကသိမ်းပိုက်ထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်ရရှိရေးလုပ်ဆောင်နေဟု စစ်ကောင်စီဆို

02 Sep 2022

ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု ( ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ)

01 Sep 2022

 

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ(၁၃)ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများနောက်ပိုင်းမှစ၍ အထိနာခဲ့သော မြန်မာစစ်တပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း(မြောက်ဘက်ပိုင်း)လမ်းတွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ခဲ့သည်။

မောင်တော ခမောင်းဆိပ်ပရဟိတကျောင်း မီးရှို့ခံရမှု မြန်မာစစ်တပ်လက်ချက်ဟု AA ပြော

01 Sep 2022

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်း၊ လူနေအဆောင်နှင့် ထမင်းစားဆောင်တို့ကို သြဂုတ်လ ၃၀ ရက်နေ့တွင် မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)ကပြောဆိုသည်။

ပလက်ဝမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

01 Sep 2022

ပလက်ဝမြို့နယ်၊ စည်းမဝကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့(စက်တင်ဘာလ ၁ ရက်) နံနက် ၁၀ နာရီခန့်တွင် မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

မောင်တောနှင့် ပလက်ဝတွင် တိုက်ပွဲပြင်းထန်နေကြောင်း AA ပြော

01 Sep 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လက်ရှိ နေရာအနှံ့တွင်စစ်ရေးတင်းမာမှုများရှိနေပြီး ရခိုင်ပြည်နယ်၊ မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်တွေမှ မိန်းကလေးငယ်သေဆုံးမှု ကျူးလွန်သူကို ပြည်သူသိအောင်ပြစ်ဒဏ်ချမှတ်ပေးရန် မိသားစုဝင်များတောင်းဆို

01 Sep 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားခဲ့ရသည့် မိန်းကလေးငယ်အမှုမှ ကျူးလွန်သူကို ပြည်သူလူထုသိမြင်အောင် ပြစ်ဒဏ်ချမှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

စစ်တွေတွင် စားသုံးဆီတစ်ပိဿာကို ၅၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေ

01 Sep 2022

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ၊ ဝင်္ကဘာကွင်းတွင် စားသုံးဆီတစ်ပိဿာကို ၅၅၀၀ ကျပ်ဖြင့် အခြေခံလူတန်းစားများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့(စက်တင်ဘာလ ၁ ရက်)တွင် ရောင်းချပေးနေကြောင်း သိရသည်။

စစ်တွေမှ မိန်းကလေးငယ်သေဆုံးမှုတွင် ကျူးလွန်သူမှာ ဆိုင်ပိုင်ရှင်နှင့်နီးစပ်သူ တစ်ဦးဖြစ်ကြောင်းဆို

31 Aug 2022

စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ ဆိုင်ခန်းတစ်ခုအတွင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးသွားသည့်မိန်းကလေးငယ်အမှု ကျူးလွန်သူတရားခံကိုဖော်ထုတ်နိုင်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကင်းဆိပ်ရွာလက်နက်ကြီးကျမှုကို လက်တုန့်ပြန်သည့်အနေဖြင့် မိုင်တိုင်(၄၀)အနီးရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ဟု AA ဆို

31 Aug 2022

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (သြဂုတ်လ ၃၁ ရက်)တွင် ထုတ်ပြန်ထားသည်။

ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေဟုဆို

31 Aug 2022

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှု တဖြည်းဖြည်းအားနည်းလာသည်ဟု စခန်းတွင်နေထိုင်သူများနှင့် စခန်းတာဝန်ရှိသူတို့ကပြောသည်။

မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်က AA ကို လေကြောင်းဖြင့် တိုက်ခိုက်နေ

31 Aug 2022

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကြောတစ်လျှောက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြန်မာစစ်တပ်က ရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။

ကျောက်တော်တွင် ပညာရေးဝန်ထမ်းများအတွက် လစာထုတ်လာသည့် ငွေကျပ်သိန်း ၃၀ ကျော် အလုခံရ

31 Aug 2022

ခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ယနေ့(ဩဂုတ်လ ၃၁ ရက်) နေ့လည် ၁၂ နာရီကျော်ခန့်တွင် ပညာရေးဝန်ထမ်းတစ်ဦးထံမှ ငွေကျပ်သိန်း ၃၀ ကျော် အလုခံလိုက်ရကြောင်း သိရသည်။

Showing 2,721-2,740 of 8,345 items.