လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်ဒေသခံများ ထွက်ပြေးနေရ

29 Aug 2022

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ယာဉ်တန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

28 Aug 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ၊ ဘူးရွက်မညိုးကျေးရွာနှင့် အောက်သားကန်ကျေးရွာကြားတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ ယနေ့(သြဂုတ်လ ၂၈ ရက်) ညနေ ၃ နာရီအချိန်ခန့်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာ ၆ ရွာမှဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြောက်ဦးတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၂ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

28 Aug 2022

မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် သြဂုတ်လ၂၈ရက်နေ့၊ ညနေပိုင်း ၄နာရီအချိန်က လက်နက်ကြီးကျည်ကျရောက်၍ ဒေသခံ၂ဦး သေဆုံးပြီး ၃ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။

ရခိုင်မှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ငွေကျပ် ၁၀ ဘီလီယံ ထုတ်ချေးရန်စီစဉ်နေဟုဆို

28 Aug 2022

ရခိုင်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် ၁၀ ဘီလီယံထုတ်ချေးသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က DMG သို့ပြောသည်။

စစ်တွေတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲပြုလုပ်

28 Aug 2022

စစ်တွေမြို့ အာရီယာန်ခန်းမ၌ ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီမှ ၈ နာရီအထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲကို ရခိုင်မျိုးဆက်သစ်အသင်း(AOANG)မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ဖုန်းဖြင့်ခြိမ်းခြောက်ပြီး ငွေတောင်းသည့်ဖြစ်စဉ် များပြားလာ

27 Aug 2022

မွန်ပြည်နယ်၊ မော်လမြိုင်၊ မုဒုံ စသည့်မြို့ပေါ်များတွင် ယခုရက်ပိုင်အတွင်း အမည်မသိသူများက ဖုန်းဖြင့်ခြိမ်းခြောက်ကာ ငွေတောင်းယူသည့်ဖြစ်စဉ်များ ပိုမိုပြားလာနေသည့်အတွက် ပြည်သူများ စိုးရိမ်စရာဖြစ်လာနေကြောင်း မြို့ခံများကပြောသည်။

သံတွဲမြို့နယ်တွင် တစ်ပတ်အတွင်း မွတ်ဆလင် ၅၃ ဦးဖမ်းဆီးခံရ

27 Aug 2022

ရန်ကုန်သို့ သွားရောက်ရန်ကြိုးပမ်းနေသည့် မောင်တောမြို့နယ်မှ မွတ်ဆလင်(၅၃)ဦးကို သံတွဲမြို့နယ်အတွင်းတွင် ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ခုဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု PPST ပြော

27 Aug 2022

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ခုဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ပြောကြားလိုက်သည်။

မြန်မာစစ်တပ်က ခေါ်ဆောင်သွားသည့် မောင်တောဒေသခံ ၇ ဦး အိမ်ပြန်မရောက်သေး

27 Aug 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့်ကာလတွင် ခမောင်းဆိပ်ကျေးရွာနှင့် မင်းခမောင်းကျေးရွာတို့မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်ကခေါ်ဆောင်သွားခဲ့ရာ လက်ရှိအချိန်ထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။

ရခိုင် စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်ရိက္ခာပြတ်လပ်နေ

27 Aug 2022

ရခိုင်ပြည်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်ရိက္ခာပြတ်လပ်နေသောကြောင့် စစ်ဘေးရှောင်များ စားသောက်ရေးအခက်အခဲဖြစ်နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မောင်တောမြောက်ပိုင်းတွင် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးကြီးတစ်ဦးသေဆုံး

27 Aug 2022

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း၊ မင်းကြီးကျေးရွာအတွင်းကို ယနေ့(သြဂုတ်လ ၂၇ ရက်)တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

တိုက်ပွဲများကြောင့် မြဝတီ-ဥကရစ်ထ-ဝေါလေကားလမ်းကို စစ်ကောင်စီကပိတ်ထား

26 Aug 2022

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါလေမြိုင် မြို့ သုံးထပ်ကွေ့လမ်းမအပိုင်း၌ ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းမှုကြောင့် မြဝတီ-ဥကရစ်ထ-ဝေါလေ ကားလမ်းမကို လက်ရှိတွင် ဒေသခံလမ်းသွားလမ်းလာမှုကို လုံးဝပိတ်ထားကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့တည်နှစ်(၅၉၂)ပြည့် အထိမ်းအမှတ်အဖြစ် လူငယ်များစုပေါင်းမီးထွန်း

26 Aug 2022

ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့ကိုတည်ထားသည်မှာ (သြဂုတ်လ ၂၆ ရက်နေ့)ဆိုလျှင် နှစ်ပေါင်း (၅၉၂)ရှိပြီးဖြစ်ပြီး ယနေ့တွင် မြောက်ဦးလူငယ်များကစုပေါင်းကာ မီးထွန်းပွဲများကျင်းပကြသည်။

မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေသဖြင့် ရာနှင့်ချီသောဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

26 Aug 2022

မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီးတွင် ယနေ့(သြဂုတ်လ ၂၆ ရက်) နေ့လယ် ၂ နာရီအချိန်ခန့်မှစတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

လယ်ယာသွင်းအားစု စရိတ်ကြီးမားမှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့တွင် စွန့်ပစ်လယ်မြေများပြားလာ

26 Aug 2022

စက်သုံးဆီနှင့် ဓာတ်မြေသြဇာ စသည့် လယ်ယာသွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့မှ တောင်သူများမှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ လယ်ယာများကိုစွန်ပစ်ထားမှု ပိုမိုများပြားလာနေကြောင်း တောင်သူများထံမှ သိရသည်။

စားနပ်ရိက္ခာထောက်ပံ့မှုများကို ကန့်သတ်ခြင်းများမလုပ်ရန် စစ်ဘေးဒုက္ခသည်များတောင်းဆို

26 Aug 2022

စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် ဆောင်ရွက်နေကြသည့် ပြည်တွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ကောင်စီအနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်းများမပြုလုပ်ဘဲ လွတ်လပ်စွာကူညီခွင့်ပြုပေးရန် ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များက တောင်းဆိုကြသည်။

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေဒေသခံတစ်ဦး ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

26 Aug 2022

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် စိတ်ဝေဒနာရှင်တစ်ဦးသည် ကျန်းမာရေးမကောင်း၍ စစ်တွေအကျဉ်းထောင်အတွင်းတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်မြောက်ပိုင်းက မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ထုတ်ပြန်ချက်များကို စစ်ကောင်စီမှ ပြင်းထန်စွာပယ်ချ

26 Aug 2022

ရခိုင်ပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းကဖြစ်ပွားခဲ့သည့် မွတ်ဆလင်အရေးဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ထုတ်ပြန်ကြေညာချက်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သြဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တွေတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စတင်ဖမ်းဆီးနေ

26 Aug 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့(သြဂုတ်လ ၂၅ ရက်)မှစတင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များကို စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ရသေ့တောင်နှင့် မောင်တောမှ ဒေသခံတို့ စစ်ဘေးရှောင်ရချိန် စပါးခင်းများပျက်စီးမှုရှိနေ

26 Aug 2022

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ဒေသခံများမှ စစ်ဘေးရှောင်တိမ်းနေကြရပြီး ၎င်းတို့စိုက်ပျိုးထားခဲ့သည့်စပါးခင်းများမှာ လက်ရှိတွင် ပျက်စီးမှုများရှိလာနေကြောင်း သိရသည်။

Showing 2,761-2,780 of 8,345 items.