ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရမ်းဗြဲဒေသခံ ၃ ဦးအမှု အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များတောင်းဆို

14 Oct 2021

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားရင်ဆိုင်နေကြရသော ရမ်းဗြဲဒေသခံ ၃ ဦးအမှုကို အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ရခိုင်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာ နည်းပါးလာသည်နှင့်အမျှ လူမှုစီးပွားရေးလည်း ထိခိုက်မှုရှိလာနေ

14 Oct 2021

ရခိုင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ နည်းပါးလာနေသည်နှင့်အမျှ ပြည်သူများ၏ လူမှုစီးပွားရေးအပေါ်တွင် သက်ရောက်မှုများစွာ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၅၀ ကျော် မျိုးတုံးမည့်အရေးနှင့်ကြုံတွေ့နေရ

13 Oct 2021

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်၊ ဌာနေငှက်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၅၀ ကျော်မှာ မျိုးတုံးမည့်အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်ဖွယ်ရှိ

13 Oct 2021

ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတို့ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ဖွယ် ရှိနေကြောင်း သိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့တွေ့ဆုံပွဲ ဖျက်သိမ်း

13 Oct 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန်ယူစွတ်နှင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတချို့ တွေ့ဆုံမည့်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ပွဲတက်ရောက်မည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်း ပြင်ပဖြေမည့် ကျောင်းသား/သူများ ကိုဗစ်ဆေးထိုးရာတွင် မပါမည်ကို စိုးရိမ်နေ

13 Oct 2021

တက္ကသိုလ်ဝင်တန်း ပြင်ပမှဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့်အထဲတွင် မပါမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့ တွေ့ဆုံပွဲ နောက်ဆုတ်

11 Oct 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန်ယူစွတ်နှင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတချို့ ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့တွင် တွေ့ဆုံမည့်အစီအစဉ်အား နောက်ဆုတ်လိုက်ရကြောင်း ဆွေးနွေးပွဲတက်ရောက်မည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

မာန်အောင်ကျွန်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

11 Oct 2021

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က DMG သို့ပြောသည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ မဖြစ်သင့်ကြောင်း မိသားစုပြော

11 Oct 2021

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာမဖြစ်သင့်ကြောင်း ၎င်း၏မိသားစုဝင်များက ပြောကြားလိုက်သည်။

တောင်ယာလုပ်ကိုင်သူများ မြေသြဇာဝယ်သုံးရန် အခက်အခဲဖြစ်နေ

11 Oct 2021

ဒေါ်လာဈေးမငြိမ်သက်မှုများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာဝယ်ယူမသုံးစွဲနိုင်တော့ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးသို့ အယူခံတင်သွင်းထား

11 Oct 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ် ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးတွင် အယူခံတင်သွင်းထားကြောင်း ရှေ့နေ့များထံမှ သိရသည်။

ကြက်စာဈေးတက်ပြီး ကြက်ဥဈေးမရ၍ ကြက်မွေးမြူသူများ အရှုံးပေါ်

11 Oct 2021

ရခိုင်ပြည်နယ်အတွင်းက ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများမှာ ကြက်စာဈေးနှုန်းတက်ပြီး ကြက်ဥဈေးမရသဖြင့် အရှုံးပေါ်နေကြကြောင်း သိရသည်။

ရေလမ်းခရီးတစ်ခုတည်းကို အားထားနေရသည့် လေးမြို့ချောင်းဒေသခံများ ဆီဈေးတက်၍ အခက်အခဲဖြစ်

11 Oct 2021

ရေလမ်းခရီးတစ်ခုတည်းဖြင့် သွားလာကာ လုပ်ကိုင်စားသောက်နေရသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းအထက်ပိုင်းမှဒေသခံများမှာ စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

သမိုင်းဝင် ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာရောက်ကြောင်း အေအေပြော

11 Oct 2021

ရခိုင်ပြည်နယ်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းများရှိနေသေးကြောင်း ဒေသခံများကပြောဆိုပြီး ယင်းသို့ဘုရားပုထိုးများ၌ တပ်စွဲနေထိုင်ခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်း(Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

စစ်တပ်ကဖမ်းဆီးတရားစွဲဆိုထားသည့် သတင်းသမား ၅၀ ကျော်ကိုပြန်လွှတ်ပေးရန် Myanmar Press Freedom In-Depth တောင်းဆို

10 Oct 2021

မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၈ လကျော်အတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သတင်းသမား (၅၄)ဦးကို ပြန်လွှတ်ပေးရန် Myanmar Press Freedom In-Depth မှ ယနေ့အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရခိုင်မှ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဝါးတင်ပို့ရောင်းချခြင်းမရှိခဲ့

10 Oct 2021

ရခိုင်ပြည်နယ်မှထွက်ရှိသော ဝါးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါးတင်ပို့ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် (NSPNC)နှင့် နိုင်ငံရေးပါတီများတွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးဆွေးနွေးခဲ့

10 Oct 2021

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးမှုတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

သံတွဲမှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

10 Oct 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို အောက်တိုဘာလ ၉ ရက် ညနေ ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်တွင် ကိုဗစ်ကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ရောက်နေပြီဖြစ်သဖြင့် စာသင်ကျောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဖွင့်ရန် အသင့်ပြင်ထားဟုဆို

09 Oct 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သဖြင့် စာသင်ကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုဖွင့်ရန် အသင့်ပြင်ထားကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

ဆားချက်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၃ နှစ်ကျော်ကြာမြင့်လာသည့်အတွက် ဆရာဝန်ချပေးရန် ဒေသခံများလိုလား

09 Oct 2021

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်အားထားနေရသည့် ဆားချက်တိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့် ဆရာဝန်ပြောင်းရွှေ့သွားပြီးနောက် နောက်ထပ်ဆရာဝန်မရှိသည်မှာ ၃ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

Showing 4,321-4,340 of 8,345 items.