ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့နည်းပါက အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြော

30 Sep 2021

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန် ကော်မတီဖွဲ့စည်း

30 Sep 2021

ရခိုင်ပြည်နယ်အတွင်းရှိ ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဝမ်ဖိုက်ဒီရေတောစောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေးကော်မတီတစ်ခုကို စက်တင်ဘာ ၂၉ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် စစ်ကောင်စီခေါ်ပြော

30 Sep 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီး၌ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် စစ်ကောင်စီမှ ၂ ကြိမ်တိတိ ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။

မာန်အောင်တွင် စက်သုံးဆီတစ်ဂါလံ တစ်သောင်းကျပ်အထိ ဈေးမြင့်တက်နေ

29 Sep 2021

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်
ကာ စက်သုံးဆီတစ်ဂါလံကို တစ်သောင်းကျပ်ဖြင့် ရောင်းချနေရကြောင်း ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ဥများစားသုံးခြင်းနှင့် မဆင်မခြင်ငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်လိပ်များ မျိုးတုန်းမည့်အရေးနှင့်ကြုံနေရ

29 Sep 2021

လိပ်ဥများကို စားသုံးမှုများနှင့် မဆင်မခြင်ငါးဖမ်းမှုများကြောင့် မြန်မာနိုင်ငံရှိ ပင်လယ်လိပ်များ မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက DMG သို့ပြောသည်။

စက်သုံးဆီများကို သတ်မှတ်ထားသည့် စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ကြောင်းထုတ်ပြန်

29 Sep 2021

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သတ်မှတ်ထားသည့်စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်မှ ၁၈ နှစ်အောက်ရှိ လူဦးရေ ၆ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟုဆို

29 Sep 2021

မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ်မှ အသက် ၁၈ နှစ်အောက်ရှိသည့် လူဦးရေ ၆ သန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ကိုဗစ်တတိယလှိုင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်စီးပွားရေးမှာ ယခင်ကိုဗစ်ကာလများထက် နှစ်ဆခန့်ကျဆင်းသွားဟု စီးပွားရေးလုပ်ငန်းရှင်များခန့်မှန်း

29 Sep 2021

COVID-19 တတိယလှိုင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်၏စီးပွားရေးမှာ ယခင်ကိုဗစ်ကာလများထက် စီးပွားရေးနှစ်ဆခန့် ကျဆင်းလာနေကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

ရခိုင်က IDPs စခန်းနှင့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မြို့နယ် ၁၂ မြို့နယ်တွင်ပြီးစီး

29 Sep 2021

ရခိုင်ပြည်နယ်မှ IDPs စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် (Sinovac)ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိရာ လက်ရှိ ၁၂ မြို့နယ်တွင် ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ရှိသည့်အနက် ၅၇ လုံးကို ဖွင့်ခွင့်ပြုထား

29 Sep 2021

ရခိုင်ပြည်နယ်တွင်ရှိသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ကို ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရပြီး လက်ရှိတွင် ၅၇ လုံးကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုင်ငံတဝှမ်း ဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးလွတ်ပေးရန် BNI တောင်းဆို

28 Sep 2021

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၇ လကျော်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် သတင်းမီဒီယာသမားစုစုပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကာ ယင်းတို့အနက် ၄၇ ဦးမှာ ယနေ့ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည့်အတွက် ယင်းသတင်းသမားများကိုအမြန်ဆုံးလွှတ်ပေးရန် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် Burma News International(BNI)က တောင်းဆိုလိုက်သည်။

ဂျပန်နိုင်ငံမှ ပန်းအလှပင်များကို ကျောက်ဖြူမြို့တွင် စိုက်ပျိုးလျက်ရှိ

28 Sep 2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကားလမ်းနံဘေးတွင် ဂျပန်နိုင်ငံထွက် ပန်းအလှပင်များကို စိုက်ပျိုးလျက်ရှိကြောင်း ယင်းပန်းပင်များ ဦးဆောင်စိုက်ပျိုးနေသူများထံမှ သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

28 Sep 2021

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ်(Video Conferencing)ဖြင့် ယနေ့(စက်တင်ဘာလ ၂၈ ရက်)တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဂွချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်ဟုဆို

28 Sep 2021

လက်ရှိဆောက်လုပ်နေသည့်ကာလဖြစ်သည့် ဂွ-မန်ကျည်းငူ ကိုဆက်သွယ်ထားသော ဂွချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် များစွာအကျိုးရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။

မြောက်ဦးမြို့လယ်ရှိ လမ်းပျက်စီးနေမှုကို ကျောက်၊ သဲများနှင့်သာ ပြုပြင်နေမှုအပေါ် ဒေသခံများဝေဖန်

28 Sep 2021

UNESCO စာရင်းဝင်ရန်ကြိုးပမ်းနေသည့် မြောက်ဦးမြို့၌ မြို့လယ်လမ်းများပျက်စီးနေမှုကို စည်ပင်မှ ကျောက်၊ သဲများနှင့်သာပြုပြင်နေမှုအပေါ် ဒေသခံများ ဝေဖန်ပြောဆိုကြသည်။

ငါးလတာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီထုတ်ပြန်

28 Sep 2021

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား ‌နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ငါးလတာအပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေရှိဟုဆို

27 Sep 2021

လတ်တလောတွင် ဒေါ်လာဈေမြင့်တက်နေမှုကြောင့် ရန်ကုန်ဖက်တွင် ဆီဈေးနှုန်းများမြင့်တက်နေပြီး ရန်ကုန်မှရခိုင်သို့ ဆီသယ်ယူသည့်ကားစရိတ်များမှာလည်း မြင့်တက်လာနေသဖြင့် ရခိုင်တွင် စက်သုံးဆီဈေးများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူများ ထပ်တွေ့ကြောင်းဆို

27 Sep 2021

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုတွင် ကိုဗစ်ပိုးတွေ့ရှိမှုလျော့ကျလာနေသော်လည်း ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ဆက်ရှိနေကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ သုံးဦးကို ထောင်ဒဏ်ချမှတ်

27 Sep 2021

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဆန္ဒပြခဲ့သူသုံးဦးကို ဂွမြို့နယ်တရားရုံးမှ ယနေ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါ်လာဈေးဆက်တိုက်မြင့်တက်နေမှုကြောင့် ပုဇွန်ရောင်းဝယ်ရေးဈေးကွက်မှာလည်း ပုံမှန်ထက်ဈေးမြင့်တက်နေ

27 Sep 2021

လက်ရှိတွင်ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ရခိုင်ဒေသမှ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပုဇွန်ဈေးနှုန်းများမှာလည်း ပုံမှန်ထက်ဈေးမြင့်တက်နေသည်ဟု ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

Showing 4,381-4,400 of 8,345 items.