မာန်အောင်မှ တောင်ကုတ်သို့ အမြန်ရေယာဉ်ဈေး တစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ

26 Aug 2021

မာန်အောင်မြို့မှ တောင်ကုတ်မြို့သို့ ပြေးဆွဲနေသည့်အမြန်ရေယာဉ်ဈေးမှာ လူတစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ၍ ယခင်ထက် ငါးဆကျော်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က အမြန်ရေယာဉ်ဈေးမှာ လူတစ်ဦးလျှင် ၉၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ကိုဗစ်ကာလအတွင်း ပုံမှန်ထက်များစွာဈေးမြင့်တက်နေကြောင်း ဒေသခံများကဆိုသည်။

ဂွမြို့နယ်တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ရန် ဒေသန္တရအမိန့်ထုတ်

25 Aug 2021

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများအပြား၌ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာသော်လည်း ဂွမြို့နယ်တွင် ကျဆင်းမှုမရှိသေးသဖြင့် နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရ ဒေသန္တရအမိန့်ကို သြဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်တွင် Stay at Home ကာလသတ်မှတ်ခြင်းကို ပယ်ဖျက်ကြောင်း ULA ထုတ်ပြန်

25 Aug 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း (Stay at Home)ကာလ ထုတ်ပြန်သတ်မှတ်ခြင်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

AA ၏ တရားစီရင်ရေးနှင့် ကိုဗစ်ထိန်းချုပ်ရေးကိစ္စတို့ကို အသိပေးရန် ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ခေါ်ယူသတိပေးခြင်းမှာ မဖြစ်သင့်ကြောင်း AA ပြော

25 Aug 2021

ရက္ခိုင့်တပ်တော်(AA)ကပြုလုပ်သည့် တရားစီရင်ရေးကိစ္စများနှင့် ကိုဗစ်ထိန်းချုပ်ရေးစာများကပ်ပါက အသိပေးရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ သြဂုတ်လ ၂၃ နေ့က ခေါ်ယူသတိပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။

ရခိုင်တွင် ပရဟိတအလှူငွေများကို လိမ်လည်မှု ရက်ဆက်ဖြစ်ပွားခဲ့သဖြင့် သတိထားကြရန် ငွေလိမ်လည်ခံရသူများပြော

25 Aug 2021

ရခိုင်ပြည်နယ်အတွင်းက ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူများတွင် အလှူရှင်များထံမှ လှူဒါန်းထားသည့်အလှူငွေများကို လိမ်လည်ခံရသည့်ဖြစ်စဉ်များ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း လိမ်လည်ခံရသည့်ကာယကံရှင်များထံမှ သိရသည်။

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်ကအင်အားတိုးချဲ့နေမှုအပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း AA ပြော

24 Aug 2021

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်က အင်အားတိုးချဲ့နေသည့်အခြေအနေကို ရက္ခိုင့်တပ်တော်(AA)အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း ယနေ့ (သြဂုတ် ၂၄ ရက်)တွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောကြားသည်။

မြောက်ဦးယဉ်ကျေးမှုဒေသ ယူနက်စကိုဝင်ရာက်ရေး အဆိုပြုလွှာမူကြမ်းတင်သွင်းရန် အသင့်ဖြစ်

24 Aug 2021

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်(UNESCO)စာရင်းဝင်ရောက်နိုင်ရေးအတွက် လာမည့်စက်တင်ဘာလတွင်တင်သွင်းရမည့် အဆိုပြုလွှာမူကြမ်း ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်မျိုးကွဲ(Lambda)ပိုးတွေ့ရှိနေသဖြင့် ပြည်တွင်း၌ကူးစက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်ညွှန်ကြားထားဟုဆို

24 Aug 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်မျိုးကွဲ(Lambda)ပိုးသစ်တွေ့ရှိနေသဖြင့် ဘင်္ဂဒေ့ရှ်နိုင်ငံနှင့် ခိုးဝင်၊ ခိုးထွက်မရှိစေရေး တာဝန်ရှိသူများအား အထူးစီစစ်ကြပ်မတ်ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်။

ကိုဗစ်ကာလအတွင်း သံတွဲမြို့ ပုလဲရတနာဘကကျောင်းမှ ကျောင်းသားများစားသောက်ရေးအတွက် ရပ်ကွက်မှဆွမ်းများ ကောက်ခံကျွေးမွေးနေရ

24 Aug 2021

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာကျောင်းမှ ကျောင်းသားများစားသောက်ရေးအတွက် ရပ်ကွက်မှ ဆွမ်းများကောက်ခံကာ ကျွေးမွေးနေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲဆိုခံထားရသည့် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌကို ရုံးချိန်းထပ်ရွှေ့ဆိုင်း

24 Aug 2021

မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်ကို သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် စစ်ဆေးမေးမြန်းခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ရခိုင်က အကြမ်းဖက်ဥပဒေဖြင့်စွဲဆိုထားသည့်အမှုများ ပြန်လည်ရုပ်သိမ်းရေး တစ်စုံတစ်ရာထူးခြားမှုမရှိသေး

24 Aug 2021

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသောအမှုများကို ရုပ်သိမ်းပေးရေးမှာ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များနှင့် ရှေ့နေများထံမှ သိရသည်။

မီးရှို့ခံခဲ့ရသည့် ကျေးရွာနှစ်ရွာနှင့် သေဆုံးခဲ့သူနှစ်ဦးတို့အတွက် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရွာလုံးကျွတ်ဆီမီးထွန်း

23 Aug 2021

ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားအဖြစ် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများပြုလုပ်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်သားတစ်ဦး အသတ်ခံရပြီးသေဆုံး

23 Aug 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး(မွတ်ဆလင်)ကျေးရွာအနီးတွင် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်သားတစ်ဦး အသတ်ခံရပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ကျောက်တော်မှ ကျေးရွာနှစ်ရွာနှင့် သေဆုံးခဲ့သူနှစ်ဦးတို့အတွက် တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်

23 Aug 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်မှ ရေဘေးကြောင့်ပျက်စီးသွားသည့် ရွာချင်းဆက်တံတားအများစု ပြုပြင်ပြီးစီး

23 Aug 2021

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ရွာချင်းဆက်တံတား(၇)စင်းထဲမှ (၆)စင်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် မိုးနည်းနေသော်လည်း မြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လာပြီး ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးဇလတာဝန်ရှိသူပြော

23 Aug 2021

လက်ရှိရခိုင်ပြည်နယ်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စစ်ကောင်စီဟုသုံးနှုန်းပါက ဖမ်းဆီးအရေးယူရန် အပေါ်ကခိုင်းထားကြောင်း ရခိုင်စစ်ကောင်စီပြော

22 Aug 2021

စစ်ကောင်စီဟု သုံးနှုန်းရေးသားခြင်းများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက DMG နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ရခိုင်ရှိ ဒုက္ခသည်စခန်းများမှ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်

21 Aug 2021

ရခိုင်ပြည်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ (IDPs) နှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများ (IDPs) အတွင်း နေထိုင်သူများအနက် COVID -19 ကာကွယ်ဆေးမထိုးရသေးသူဦးရေ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက DMG သို့ သြဂုတ် ၂၁ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှု ၅၀ ရာခိုင်နှုန်းအောက်လျော့ကျမှသာ အခြေခံကျောင်းများကို ဖွင့်လှစ်မည်ဟုဆို

21 Aug 2021

မြန်မာနိုင်ငံရှိ အခြေခံကျောင်းများကို ကိုဗစ်ကူးစက်မှု ၅၀ ရာခိုင်နှုန်းအောက်လျော့ကျမှသာ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ သြဂုတ် ၂၁ရက်တွင် ပြောကြားချက်အရ သိရသည်။

Showing 4,541-4,560 of 8,351 items.