ရခိုင်တိုက်ပွဲ တစ်နှစ်တာအတွင်း အရပ်သား ၇၀၀ ကျော် သေဆုံး

Admin 18 Nov 2024

သေဆုံးမှုဖြစ်စဉ်များမှာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်။

ရခိုင်တွင် တစ်နှစ်အတွင်း အရပ်သား ၇၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး 

Admin 18 Nov 2024

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦးပါဝင်သည်။ ၁၉၈ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၅၀၅ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဆိုသည်။

သံတွဲတွင် စစ်ဘေးရှောင် တစ်သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ 

Admin 18 Nov 2024

ကူညီထောက်ပံ့မှုနည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။ 

အလုပ်ရပ်ထားသဖြင့် ‘ ဝ ’ ပြည်တွင် ရခိုင်အလုပ်သမား ၅၀၀ ကျော် အခက်ခဲဖြစ်နေ

Admin 16 Nov 2024

တရုတ် - မြန်မာနယ်စပ် ‘ဝ’ ဒေသရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားမှုကြောင့် ‘ဝ’ ပြည်ရောက် ရခိုင်ဒေသခံ ဆောက်လုပ်ရေးအလုပ်သမား ၅၀၀ ကျော်မှာ အလုပ်ရပ်နားထားရကြောင်း သိရသည်။

အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀၀ ခန့် AA ထံ လက်နက်ချ

Admin 16 Nov 2024

တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသူများ ရှိသလို အများစုမှာ စစ်မတိုက်လိုသဖြင့် လက်နက်ချမည်ဟု AA ထံ ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ 

ရခိုင်စစ်ရေးတစ်နှစ်အတွင်း ၅ နှစ်အောက်ကလေး သေဆုံးဒဏ်ရာရရှိသူ ၂၀ ကျော်ရှိ 

Admin 16 Nov 2024

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားရန် အသိပညာပေးမှုများ လိုအပ်နေကြောင်း မိဘများက ပြောဆိုကြသည်။ 

တောင်ကုတ်ဒေသခံ ပရဟိတသမားကို စစ်ကောင်စီသတ်ဖြတ်

Admin 16 Nov 2024

ဦးစိုးမြင့်မှာ တောင်ကုတ်မြို့လယ်ရှိ ကိုင်းရှည်တံတားနှင့် အနီးပတ်ဝန်းကျင်ကို မိမိအသိစိတ်ဖြင့် နေ့စဉ် သန့်ရှင်းရေးလုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိနေပြီဖြစ်ကာ ရခိုင်ပြည်သူများက နှလုံးလှပရဟိတဆုကို ချီးမြှင့်ထားသူလည်း ဖြစ်သည်။

စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်တွင် ကလေးလုပ်သား များပြားလာ 

Admin 16 Nov 2024

ရခိုင်ဒေသအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ကလေးသူငယ်အများစုမှာ ကုန်ထမ်းခြင်း၊ ရေခဲချောင်းရောင်းခြင်း၊ ကားရေဆေးခြင်း စသည့် ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေကြရသည်။

တောင်ကုတ်တွင် တိုက်ပွဲပြင်းထန်နေ

Admin 15 Nov 2024

AA မြို့ပေါ်သို့ ထိုးဖောက်ဝင်ရောက်လာ၍ ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အချိန်ထဲ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

လေကြောင်းပစ်ခတ်ခံရ၍ ဂွဒေသခံ ကလေးငယ်နှစ်ဦး အပါအဝင် ၇ ဦးသေဆုံး

Admin 15 Nov 2024

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲ တစ်နှစ်တာကာလ စစ်ကောင်စီလက်ချက်ကြောင့် အဆောက်အအုံ ၁၅၀ ကျော်ပျက်စီး 

Admin 14 Nov 2024

ပျက်စီးသွားသည့် အ‌ဆောက်အအုံများမှာ တက္ကသိုလ်ကျောင်းဆောင်၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံများအပြင် ဈေများပါဝင်ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်ပျက်စီး သွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမ်း တပ်တောင်မြို့တွင် လက်နက်ကြီးကျ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ 

Admin 14 Nov 2024

အမ်းမြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ နိုဝင်ဘာ ၁၂ ရက်တွင် တပ်တောင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လျှပ်စစ်ရုံးနှင့် အမှတ် (၂) ရပ်ကွက်ရှိ တိုက်နယ်ဆေးရုံးအနီး ကျရောက်ပေါက်ကွဲခဲ့၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ရခိုင်က မြို့လေးခုကို ထပ်မံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ‌ရောက်နေပြီဟု AA ပြော

Admin 14 Nov 2024

ရခိုင်ပြည်အတွင်းက မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကို ထပ်မံသိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲတစ်နှစ်ပြည့်တွင် ထုတ်ပြန် သည်။

တောင်ကုတ်မြို့ပေါ်သို့ AA ထိုးဖောက်လာ၍ တိုက်ပွဲဖြစ်ပွားနေ 

Admin 13 Nov 2024

အာရက္ခတပ်တော်က စကခ (၅) တည်ရှိရာ တောင်ကုတ်မြို့ပေါ်အထိ ထိုးဖောက်ဝင်ရောက်လာ၍ ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတစ်နှစ်တာအတွင်း ရခိုင်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း ၉ ဆထိ မြင့်တက်

Admin 13 Nov 2024

AA ထိန်းချုပ်ထားသည့် မြို့နယ်တချို့တွင် စားသောက်ကုန်နှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် စည်းကမ်းသတ်မှတ်ထားသော်လည်း လိုက်နာမှု အားနည်းနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင် 

Admin 13 Nov 2024

သေဆုံးဒဏ်ရာရသူများထဲ သံတွဲမြို့နယ်တွင် ၁၈၈ ဦးဖြင့် အများဆုံးဖြစ်ပြီး မောင်တောမြို့နယ်တွင် ၁၆၅ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ 

Admin 13 Nov 2024

AA ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့တွင်းအထိ ထိုးဖောက် တိုက်ခိုက်လာနေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင် 

Admin 13 Nov 2024

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ရဲကင်းစခန်းပတ်ဝန်းကျင်ရှိ ဒေသခံနေအိမ် အလုံး ၅၀ ထက်နည်းကို ဖြိုဖျက်ပြီးနောက် ရဲကင်းစခန်းကို တိုးချဲ့ကာ ခံတပ်အဖြစ် အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီ ပစ်မှတ်ထားနေ

Admin 13 Nov 2024

စစ်ကောင်စီသည် ရခိုင်ဒေသတိုက်ပွဲများတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အအုံ၊ အရပ်သားနေထိုင်ရာများအား လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာနေသည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်နှင့် ရှေ့ဆက်အလားအလာ

Admin 13 Nov 2024

တစ်နှစ်တာတိုက်ပွဲအတွင်း AA သည် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

Showing 141-160 of 8,275 items.