ရခိုင်တွင် တိုက်ပွဲပြင်းထန်နေသော မြို့နယ်များ၌ ဆေးဝါးအခက်အခဲနှင့်ကြုံနေရ 

Admin 01 Jul 2024

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေသည့် တောင်ကုတ်မြို့နယ်တွင် ဇွန်လပထမပတ်မှစ၍ မြို့အဝင် အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ ဆေးဝါးပြတ်တောက်မှုနှင့် ရင်ဆိုင်နေကြရသည်။ 

သံတွဲအကျဉ်းထောင်ရှိ အကျဉ်းသားများ၏ လုံခြုံရေးစိုးရိမ်နေရ 

Admin 01 Jul 2024

သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီတပ်စွဲထားသဖြင့် အကျဉ်းသားများမှာ တိုက်ပွဲကြားမြေစာပင်ဖြစ်သွားနိုင်၍ ပြန်လွှတ်ပေးရန် (သို့မဟုတ်) လုံခြုံမည့်နေရာများသို့ ရွှေ့ပြောင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။ 

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ

Admin 01 Jul 2024

စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးကြဲချမှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ One Love Hotel၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ်(၂၀) ခန့် ပျက်စီးသွားခဲ့သည်။ 

ဂွတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူရှိလာ 

Admin 01 Jul 2024

ဇွန်လ ၂၉ ရက်က ရဟိုင်ကွင်းကျေးရွာမှ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးမှာ အဖော်သုံးဦးနှင့်အတူ သစ်ခုတ်ပြီးပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ကာ သေဆုံးသွားခဲ့သည်။ 

ရခိုင်တွင် ဇွန်လအတွင်း အရပ်သား ၁၄၀ နီးပါး ထိခိုက်သေဆုံး

Admin 01 Jul 2024

စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကြောအတွင်း နှိပ်စက်ခံရမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

မီဇိုရမ်-ပလက်ဝ-ရခိုင် လမ်းကြောင်းတွင် သောင်တင်နေသည့် ကုန်သည်များကို ပြန်ပို့ရန်စီစဉ်နေ

Admin 29 Jun 2024

ပိတ်မိနေသည့်ကုန်သည်များအား ဇွန် ၃၀ ရက်တွင် နေရပ်သို့ပြန်ပို့ရန်စီစဉ်နေပြီး ကုန်ပစ္စည်းများကိုလည်း သယ်ယူခွင့်မရကြောင်း ကုန်သည်များက ပြောသည်။

ရခိုင်က မြို့နယ်သုံးခုတွင် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

Admin 28 Jun 2024

ပဋိပက္ခများပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ရပ်တန့်လိုက်ရခြင်းဟု ဆိုသည်။ 

ရခိုင်တွင် သန်းခေါင်စာရင်းကောက်ရန် စစ်ကောင်စီ ပြင်ဆင်နေ

Admin 28 Jun 2024

ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဦးဆောင်သောအဖွဲ့သည် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လူထုအသိပေးကြော်ငြာဆိုင်းဘုတ် စိုက်ထူမှုအခမ်းအနားကို စစ်တွေမြို့ တွင် ပြုလုပ်ခဲ့သည်။ 

DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်မှုအပါ် ကန့်ကွက်ရှုတ်ချခြင်း

Admin 28 Jun 2024

DMG သတင်းထောက် ကိုထက်အောင် နှင့် ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင် တို့ကို စစ်ကောင်စီ၏ စစ်တွေမြို့နယ်တရားရုံးမှ ယနေ့  ဇွန်လ ၂၈ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်လိုက်သည်။

ဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူရွာသား ၁၅၀ ကျော်နှင့် အဆက်အသွယ်မရသည်မှာ တစ်လခန့်ကြာလာ 

Admin 27 Jun 2024

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးကာ လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကာ ကျေးရွာသား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

မွတ်ဆလင် ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ AA ပို့ဆောင်

Admin 27 Jun 2024

မွတ်ဆလင်များမှာ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်းတို့ကို AA တပ်ဖွဲ့ဝင်များက ကား၊ သုံးဘီးများဖြင့်ခေါ်ယူပြီး လုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီဖမ်းသွားသည့် အမြင့်ကျွန်းရွာသား ၄၆ ဦးအတွက် မိသားစုဝင်များစိုးရိမ်နေ

Admin 27 Jun 2024

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်မှာ ကားလေးစီးဖြင့် အမြင့်ကျွန်းရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒေသခံများကို ရွာအလယ်ကွင်းပြင်တွင် မျက်နှာစည်းကာစုထားပြီး အသက် ၁၈ နှစ်မှ ၄၀ ကျော်အရွယ်ရှိ အမျိုးသား  ၄၆ ဦးကို ဖမ်းဆီးသွားသည်။

မြန်မာနိုင်ငံရှိ စီမံကိန်းများကို ကာကွယ်ပေးရန် စစ်ကောင်စီကို အိန္ဒိယတောင်းဆို

Admin 27 Jun 2024

မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၏ အီရန်ခရီးစဥ်ကအပြန် အိန္ဒိယတွင် ခရီးတစ်ထောက်ဝင်နားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

WFP ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းဖျက်ဆီးခြင်းကိစ္စ စစ်ကောင်စီငြင်း

Admin 27 Jun 2024

စစ်ကောင်စီက မောင်တောမြို့ရှိ မွတ်ဆလင်များအား ဆန်ရိက္ခာထောက်ပံ့ပေးခြင်းကို အစောပိုင်းတွင် ၎င်းတို့ ထောက်ပံ့သယောင် ဝါဒဖြန့်ခဲ့ပြီး ယခုအခါမှ WFP ရိက္ခာများဖြစ်သည်ကို ဝန်ခံလာခြင်း ဖြစ်သည်။ 

သံတွဲ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ 

Admin 26 Jun 2024

ယနေ့ နံနက်ပိုင်းမှစ၍ ခလရ (၅၅) တပ်ရင်းကို AA က တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းအထန်ခုခံနေသဖြင့် ငပလီကမ်းခြေတစ်လျှောက် တိုက်ပွဲပြင်းထန်နေသည်။ 

စစ်ကောင်စီမှာယူထားသော စားကုန်၊ စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်းတန်ချိန် နှစ်ထောင်ကျော် စစ်တွေသို့ရောက်ရှိ 

Admin 26 Jun 2024

“ရခိုင်ပြည်ပြန်လည်ထူထောင်ရေး” အတွက်ဟုဆိုကာ ဆန်၊ စက်သုံးဆီ၊ စားသောက်ကုန်၊ တည်ဆောက်ရေးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ၂,၀၈၃ ဒသမ ၄၄ တန်ချိန်မှာ စစ်တွေအိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 

ရှမ်းမြောက်နှင့် မန္တလေးတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်

Admin 26 Jun 2024

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ စစ်ကောင်စီနှင့် TNLA တို့ကြား ဇွန် ၂၅ ရက်နေ့တွင် တိုက်ပွဲဖြစ်မှုနှင့်အတူ ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။ 

ရခိုင် - ဧရာဝတီ နယ်စပ်ဂိတ်နှင့် ကျေးရွာများတွင် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်

Admin 26 Jun 2024

ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းအစပ် ဗေဒါစစ်ဆေးရေးဂိတ်၊ ဂွ - ငါးသိုင်းချောင်းလမ်းမကြီးနှင့် ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် အင်အားတိုးချဲ့ပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။ 

နေရပ်စွန့်ခွာ ကျောက်ဖြူဒေသခံများ မြို့သို့ပြန်ဝင်နေကြ  

Admin 26 Jun 2024

ကျောက်ဖြူနှင့် စစ်တွေမြို့ရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန် အာရက္ခတပ်တော်(AA)က သတိပေးပြီးနောက် ကျောက်ဖြူမြို့နေလူထု တစ်ဝက်ခန့်မှာ ဘေးလွတ်မည့်နေရာများသို့ တိမ်းရှောင်ခဲ့ကြသည်။ 

စစ်တွေမြို့နယ်တွင် ကျေးရွာ ၁၄ ရွာမှ ဒေသခံများကို နှင်ထုတ်ပြီး စစ်ကောင်စီ ခံစစ်ပြင်ထား

Admin 26 Jun 2024

စစ်ကောင်စီက မြို့အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ ပြောင်းရွှေ့နေထိုင်စေခြင်းမှာ စိုးရိမ်စရာအခြေအနေဖြစ်ပြီး AA ထိုးစစ်ဆင်လာပါက လူသားဒိုင်အဖြစ်ထားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။

Showing 661-680 of 8,275 items.