မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း

Admin 25 Jan 2023

မြောက်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးသည့် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)သို့ လွှဲပြောင်းလိုက်သည်။  

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို

Admin 25 Jan 2023

သမဂ္ဂဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး အချို့သော ဆရာ၊ ဆရာမက အားပေးလက်ခံကြသော်လည်း တစ်ချို့သော ကျောင်းများတွင် သမဂ္ဂဖွဲ့စည်းမှုကို သတိပေးပြောကြားမှုများ ရှိနေသည်။

ရခိုင်တွင် ငါးပုစွန်အစာထုတ်လုပ်သည့် စက်ရုံများ ပေါ်ပေါက်လာစေရန် မွေးမြူရေးသမားများ လိုလားနေ

Admin 25 Jan 2023

ငါး၊ပုစွန် အစာများမှာ ပြည်မနှင့် ပြည်ပနိုင်ငံများမှ မှာယူရကာ လက်ရှိတွင် အစာဈေးနှုန်းများ မြင့်တက်လျက်ရှိနေကြောင်း ရခိုင်ပြည်အတွင်းက ငါး၊ပုစွန်မွေးမြူနေသူများက ပြောသည်။

ရခိုင်တွင် သင်္ဘောသီးဈေးကွက် ရှိသော်လည်း စိုက်ပျိုးသူနည်းပါးနေသေး

Admin 24 Jan 2023

ရခိုင်ဒေသက သင်္ဘောသီးထွက်ရှိသော်လည်း ပြည်နယ်အတွင်းစားသုံးရန်အထိ လုံလောက်မှုမရှိသောကြောင့် လိုအပ်သည့် သင်္ဘောသီးများကို ပြည်မဘက်က မှာယူတင်သွင်းနေရသည်။

ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့

Admin 24 Jan 2023

ပြီးခဲ့သည့် ၂၀၂၂ ခု တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့ကြောင်း DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ပြည်သူအားလုံး လွတ်လပ်စွာမဲပေးနိုင်ရန် ဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော

Admin 24 Jan 2023

ဟန်ပြလုပ်သည့် ရွေးကောက်ပွဲအပေါ် လွတ်လပ်ခြင်းဆိုသည့်ခေါင်းစဉ်နှင့် ပြည်သူများပါဝင်လာအောင် စည်းရုံးခြင်းဟု ရခိုင်က နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

စစ်ကောင်စီအစီအစဉ်ဖြင့် မောင်တောသို့ရွှေ့ပြောင်းလာသည့် မြိုလူမျိုး ၆၀၀ ကျော် လူမှုစီးပွားခက်ခဲနေ

Admin 24 Jan 2023

မြိုလူမျိုး ၆၀၀ ကျော်နေထိုင်ရန်အတွက် ကျောက်ပန္ဒူကျေးရွာအနီးတွင် “မြိုယုရွာ”အမည်ဖြင့် ကျေးရွာသစ်တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြည်နယ်စစ်ကောင်စီက နေရာချပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှုကြောင့် ရခိုင်ဒေသထွက် အုန်းသီးများ ဈေးကောင်းရနေ

Admin 24 Jan 2023

ယခင်က အုန်းသီးတစ်လုံးကို ငွေကျပ် ၄၀၀ ခန့်ရရှိခဲ့သော်လည်း ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝယ်ယူမှုကြောင့် အုန်းသီးတစ်လုံးကို ငွေကျပ် ၈၀၀ ခန့်အထိ ဈေးကောင်းရရှိနေသည်။

တိုက်ပွဲကြောင့် ထားဝယ်မှ ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရ

Admin 23 Jan 2023

ထားဝယ် အရှေ့တောနယ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနှင့် မိုင်းအန္တရာယ်တို့ကြောင့် ဒေသခံများမှာ ကွမ်းသီးခြံသို့သွားလာရန် စိုးရိမ်မှုများရှိနေကြသည်။

AA နှင့်ဆက်စပ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် အိုင်ဒင်ကျေးရွာသားနှစ်ဦး ချုပ်ရက်စေ့၍ လွတ်မြောက်လာ

Admin 23 Jan 2023

အိုင်ဒင်ကျေးရွာမှ ကိုမောင်စောအေးမှာ ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ကိုနေလင်းဌေးတို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့တို့တွင် ချုပ်ရက်စေ့၍ စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

စစ်တွေက ဒုက္ခသည်စခန်းများတွင် လူဦးရေတိုးလာသဖြင့် နေထိုင်ရေးကျပ်တည်းလာကြောင်းပြော

Admin 23 Jan 2023

ဒုက္ခသည်စခန်းမှ ၁၀ ပေပတ်လည်ရှိသည့် အခန်းတစ်ခုအတွင်း မိသားစုဝင် ၁၀ ဦးကျော်အထိ နေထိုင်နေကြရသဖြင့် နေအိမ်များ တိုးချဲ့ဆောက်လုပ်ပေးရန် ဒုက္ခသည်များက လိုလားနေကြသည်။

ဒုက္ခသည်စခန်းထဲတွင် ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းနေကြရသူများ (ဓာတ်ပုံအက်ဆေး)

Admin 23 Jan 2023

ဒုက္ခသည်စခန်းများတွင် ယခင်ကထက် လူဦးရေတိုးပွားလာ၍ မိသားစုဝင်များနေထိုင်ရန် အခက်အခဲရှိနေကြပြီး နေအိမ်များ တိုးချဲ့ဆောက်လုပ်ပေးရန် မွတ်ဆလင်ဒုက္ခသည်များက လိုလားနေကြသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရခိုင်နိုင်ငံရေးပါတီများ သဘောထား ဘယ်လိုရှိလဲ

Admin 22 Jan 2023

ရခိုင်ပြည်အတွင်းရှိ နိုင်ငံရေးပါတီများထဲမှ စစ်ကောင်စီမှကျင်းပလာမည့် ရွေးကောက်ပွဲကို ဝင်မပြိုင်ဟု ဆုံးဖြတ် ထားသည့် ပါတီများရှိသလို ဝင်ပြိုင်ကြမည့် ပါတီများလည်းရှိနေသည်။

မွေးရာပါ စအိုပေါက်မပါသည့် ကလေးတစ်ဦး ခွဲစိတ်ကုသရန် အကူအညီလိုအပ်နေ

Admin 21 Jan 2023

မွေးရာပါစအိုပေါက်မပါသည့်အတွက် ၂၀၂၀ ပြည့်နှစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အစာဟောင်းအူမကြီးကို အပြင်သို့ထုတ်ခဲ့ရကာ လက်ရှိတွင်လည်း ထိုအူမကြီးမှတဆင့် အလေးစွန့်ထုတ်မှုကို ပြုလုပ်နေရသည်။

ရခိုင်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြားမှု အားနည်းနေဆဲ

Admin 21 Jan 2023

စစ်အာဏာသိမ်းမှု၏ အကျိုးဆက်နှင့် တကျော့ပြန်တိုက်ပွဲတို့ကြောင့် စီးပွားရေးကျပ်တည်းကာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဒဏ်ကို ယနေ့အထိ ရင်ဆိုင်နေကြရပြီး အလုပ်သမားများမှာလည်း ရပိုင်ခွင့်အခွင့်အလမ်းများ ဆုံးရှုံးနေရသည်။

စစ်ကောင်စီခေါင်းဆောင်နှင့် ထိုင်းကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံခြင်းမှာ ဆက်ဆံရေးခိုင်မာအောင် စစ်ကောင်စီကချဉ်းကပ်ခြင်းဟု နိုင်ငံရေးလေ့လာသူများ သုံးသပ်

Admin 20 Jan 2023

ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်း‌ခြေရှိ Jasmine ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အိန္ဒိယနိုင်ငံထဲတွင် ခိုလှုံနေသည့် ပလက်ဝမှ စစ်ဘေးရှောင်ကလေး ၂၀၀ ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရ

Admin 20 Jan 2023

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ကလေး ၂၀၀ ကျော်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်။

ရခိုင်တိုက်ပွဲတွင် ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များကို နွေဦးတော်လှန်ရေးမှ ဆေးလောကသားများက ဆေးကုသပေးခဲ့ကြောင်း AA ဒု-တပ်ချုပ်ပြော

Admin 20 Jan 2023

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် Online မှပြုလုပ်ခဲ့သည့် “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသားများ၏ အခန်းကဏ္ဍ”အစီအစဉ်တွင်  AA ဒုတိယစစ်ဉီးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်က လူဦးရေ ၁ ဒသမ ၇ သန်းမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသေးကြောင်း UNOCHA ထုတ်ပြန်

Admin 19 Jan 2023

ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်း ၅၈ ဖွဲ့၏ စစ်တမ်းအရ မြန်မာနိုင်ငံမှ လူဦးရေ ၁၇ ဒသမ ၆ သန်းမှာ အသက်မွေးဝမ်းကျောင်း၊ အစားအစာရရှိရေးနှင့် လုံခြုံမှုအစရှိသည့် အကူအညီများကို အဓိကလိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Showing 2,041-2,060 of 8,340 items.