ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဟုပြော

08 Sep 2021

စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကို မရရှိသရွှေ့ ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ဆရာတော်၏ရုပ်ထုအား လာရောက်ပူဇော်ခဲ့သည့် ရခိုင်ပြည်သူများက ပြောဆိုသည်။

ဖမ်းဆီးခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များ အမြန်ဆုံးပြန်လွတ်ရေးအတွက် ဆောင်ရွက်သွားမည်ဟု PPSTပြော

08 Sep 2021

စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုအား အမြန်ဆုံးဆွေးနွေးအဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပလက်ဝတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ရန် ကန့်သတ်ထားသည့်အတွက် ဒေသခံများအခက်ကြုံ

08 Sep 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကိုဗစ်ကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ကြရန် ကန့်သတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။

အာဆီယံအထူးသံအမတ်၏ (၄)လကြာ အပစ်ရပ်ပေးရန် တောင်းဆိုမှုကို ကြိုဆိုကြောင်း PPST ယာယီခေါင်းဆောင်ပြော

08 Sep 2021

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံအမတ် မစ္စတာအီရာဝန်ယူဆွဖ်က မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များအားလုံး (၄)လအကြာ အပစ်ရပ်ပေးရန်တောင်းဆိုမှုကိုကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ပြောကြားသည်။

ရွှေဈေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ရွှေပေါင်သူများပြား

08 Sep 2021

NUG အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းအဆမတန်မြင့်မားလာပြီး ၁၆ ပဲ တစ်ကျပ်လျှင် ငွေကျပ် ၁၈ သိန်းအထိ စံချိန်တင်မြင့်တက်လာခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးတွင် တပ်ဦးမှပါဝင်သွားမည်ဟု မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများကြေညာ

07 Sep 2021

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် တပ်ဦးမှပါဝင်သကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးတွင်လည်း ထိပ်ဆုံးမှပါဝင်သွားမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများမှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကိုဗစ်ကြောင့်ထိခိုက်မှုများခဲ့သည့် ကျော့ပိုက်လုပ်ငန်းရှင်များ လာမည့်ကျော့ပိုက်ရာသီတွင် လုပ်ငန်းစတင်နိုင်ရန်မျှော်လင့်

07 Sep 2021

ကိုဗစ်ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းနှစ်ခုလုံးတွင် လုပ်ငန်းရပ်နားထားရသည်အထိ ထိခိုက်မှုများခဲ့သော ရခိုင်ပြည်နယ်အတွင်းမှ ကျော့ပိုက်လုပ်ငန်းများအနေဖြင့် စက်တင်ဘာလကုန်တွင်စတင်မည့် ကျော့ပိုက် လုပ်ငန်းရာသီတွင် လုပ်ငန်းစတင်နိုင်ရန်မျှော်လင့်နေကြသည်။

ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိနေဆဲဖြစ်သည့်အတွက် မပေါ့ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူပြော

06 Sep 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာသော်လည်း ရောဂါပိုးကူးစက်မှုများ တွေ့ရှိနေဆဲဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် မပေ့ါဆရန်နှင့် မိမိအသိစိတ်ဖြင့်နေထိုင်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အသိပေးပြောကြားသည်။

ရခိုင်မှ ကိုဗစ်မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ(Delta)ပိုးတွေ့ရှိသူ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရ

06 Sep 2021

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ခံနေရသူအချို့၏ ကူးစက်ခံရသည့်ပိုး၏ ဗီဇအားစစ်ဆေးရာတွင် ဗီဇပြောင်းကူးစက်မြန် ဒဲယ်လ်တာ(Delta)ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် ကျောက်တော်က မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်၍ပြော

06 Sep 2021

ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကို လက်မခံကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြောကြားခဲ့ကြောင်း ယင်းရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်ဖွင့်နိုင်ရန်စီစဉ်နေဟုဆို

06 Sep 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်ကောင်စီမှ စီစဉ်နေကြောင်း သိရသည်။

ရခိုင်မှ စစ်ဘေးရှောင်ဦးရေတစ်သောင်းကျော် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်

06 Sep 2021

ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်မှာ ပြီးခဲ့သည့်သြဂုတ်လအတွင်းက မိမိတို့အစီအစဉ်ဖြင့်နေရပ်ပြန်သွားကြကြောင်း သိရသည်။

ရခိုင်က ပြည်သူများထံတွင် ကိုဗစ်ရောဂါပိုးရှိ/မရှိ ရှောင်တခင် စစ်ဆေးမှုများရှိနေ

06 Sep 2021

ရခိုင်ပြည်နယ်အတွင်းက ပြည်သူလူထုများထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအခြေအနေကို သိရှိနိုင်ရန်အတွက် ကျပန်းအနေဖြင့် ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သံတွဲမြို့နယ် ပုစွန်ဖြေကျေးရွာတွင် စစ်တပ်ကဝင်ရောက်နေ၊ လူငယ် ၁၀ ဦးကို စစ်တပ်ကတောင်းသည်မှာ မဟုတ်ကြောင်းပြော

06 Sep 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေရွာအတွင်းတွင် စစ်တပ်ကဝင်ရောက်ပြီး နေထိုင်နေသည်မှာ ၂ ရက်မျှရှိနေပြီဖြစ်ကြောင်း ပုစွန်ဖြေကျးရွာအုပ်စုအုပ်ချုပ်ရေးမှူးကပြောသည်။

ဂွမြို့နယ်မှ သက်ငယ်မုဒိမ်းမှုအား အမှုပိတ်သိမ်းရာတွင်မပါဝင်စေရန် အကြောင်းကြားထားပြီး ဆက်လက်တရားရင်ဆိုင်မည်ဟုဆို

05 Sep 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာတွင် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်အား ပထွေးဖြစ်သူမှ အဓ္ဓမပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုအား အမှုပိတ်သိမ်းရာတွင်မပါဝင်စေရန် အကြောင်းကြားထားပြီး ဆက်လက်တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကျူးလွန်ခံရသည့်ကလေး၏ မိခင်ကပြောသည်။

အဒူလာကိန်းဓါးမြအဖွဲ့ထံ ဖမ်းဆီးခံ ပဒင်းအုပ်ချုပ်ရေးမှူး ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့် လွတ်မြောက်လာ

04 Sep 2021

မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးမြအဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့်စက်တင်ဘာလ ၃ ရက်နေ့ နံနက်အာရုဏ်တွင် လွတ်မြောက်လာကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာနေဟု မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

04 Sep 2021

မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ပြည်တွင်းစစ်မီးသည်လည်း ပိုမိုတောက်လောင်လာနေသည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) မဟာမိတ်သုံးဖွဲ့က ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် ဆင်မုဆိုးရန်ကိုကာကွယ်ရန် ကင်းလှည့်သွားမည်

04 Sep 2021

ရခိုင်ပြည်နယ်၏တစ်ခုတည်းသော ဆင်ဘေးမဲ့တောဖြစ်သည့် ရခိုင်ရိုးမဆင်ဘေးမဲ့တောရှိ တောဆင်ရိုင်းများကို ဆင်မုဆိုးများရန်မှကာကွယ်ရန်အတွက် ဘေးမဲ့တောအနီးတစ်ဝိုက်ရှိ ကျေးရွာ များမှဒေသခံများနှင့်ပူးပေါင်းကာ ကင်းလှည့်သွားမည်ဖြစ်ကြောင်း ဆင်နှင့်လူပဋိပက္ခလျှော့ချရေးစီမံကိန်းတာဝန်ခံ ဦးအောင်မျိုးနိုင်ကပြောသည်။

ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဆမီးမြို့ဒေသခံများ စားသောက်ရေးအခက်ကြုံနေရ

04 Sep 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အတွက် ရိက္ခာသယ်ယူပို့ဆောင်နေသည့်လမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲများဖြင့်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

Showing 4,481-4,500 of 8,350 items.