ရခိုင်က မြို့လေးခုကို ထပ်မံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ‌ရောက်နေပြီဟု AA ပြော

Admin 14 Nov 2024

ရခိုင်ပြည်အတွင်းက မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကို ထပ်မံသိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲတစ်နှစ်ပြည့်တွင် ထုတ်ပြန် သည်။

တောင်ကုတ်မြို့ပေါ်သို့ AA ထိုးဖောက်လာ၍ တိုက်ပွဲဖြစ်ပွားနေ 

Admin 13 Nov 2024

အာရက္ခတပ်တော်က စကခ (၅) တည်ရှိရာ တောင်ကုတ်မြို့ပေါ်အထိ ထိုးဖောက်ဝင်ရောက်လာ၍ ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတစ်နှစ်တာအတွင်း ရခိုင်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း ၉ ဆထိ မြင့်တက်

Admin 13 Nov 2024

AA ထိန်းချုပ်ထားသည့် မြို့နယ်တချို့တွင် စားသောက်ကုန်နှင့်ပတ်သက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် စည်းကမ်းသတ်မှတ်ထားသော်လည်း လိုက်နာမှု အားနည်းနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင် 

Admin 13 Nov 2024

သေဆုံးဒဏ်ရာရသူများထဲ သံတွဲမြို့နယ်တွင် ၁၈၈ ဦးဖြင့် အများဆုံးဖြစ်ပြီး မောင်တောမြို့နယ်တွင် ၁၆၅ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ 

Admin 13 Nov 2024

AA ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့တွင်းအထိ ထိုးဖောက် တိုက်ခိုက်လာနေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင် 

Admin 13 Nov 2024

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ရဲကင်းစခန်းပတ်ဝန်းကျင်ရှိ ဒေသခံနေအိမ် အလုံး ၅၀ ထက်နည်းကို ဖြိုဖျက်ပြီးနောက် ရဲကင်းစခန်းကို တိုးချဲ့ကာ ခံတပ်အဖြစ် အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။

ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီ ပစ်မှတ်ထားနေ

Admin 13 Nov 2024

စစ်ကောင်စီသည် ရခိုင်ဒေသတိုက်ပွဲများတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အအုံ၊ အရပ်သားနေထိုင်ရာများအား လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာနေသည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်နှင့် ရှေ့ဆက်အလားအလာ

Admin 13 Nov 2024

တစ်နှစ်တာတိုက်ပွဲအတွင်း AA သည် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

မာန်အောင်ကျွန်းတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ဆောင်ရွက်

Admin 12 Nov 2024

နိုဝင်ဘာလဆန်းပိုင်းမှစ၍ မြို့တွင်းကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ မြို့အဝင်နှင့် မြို့ပတ်ပတ်လည်တွင် လုံခြုံရေးယူခြင်း စသည့်တို့ကို လုပ်ဆောင်လာနေ‌ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက် 

Admin 12 Nov 2024

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ - BNI မှတ်တမ်းအရ အောက်တိုဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၇၃ ကြိမ်ရှိသည့်အနက် ရခိုင်ဒေသတွင် အများဆုံးဖြစ်ပြီး (၂၃) ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

ဂွမြို့နှင့် ၁၃ မိုင်အကွာတွင် တိုက်ပွဲပြင်းထန်နေ 

Admin 12 Nov 2024

ဆပ်သွားရွာအနီးတွင် နိုဝင်ဘာ ၁၀ ရက်မှစ၍ ယနေ့ နိုဝင်ဘာ ၁၂ ရက်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့်ပါ ခုခံလျက်ရှိသည်။

အမ်းတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်နိုင်ခဲ့ကြောင်း AA အတည်ပြု 

Admin 12 Nov 2024

အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် (နပခ) သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့သဖြင့် ထိမှန်သွားခဲ့ကြောင်း အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြုသည်။

ရခိုင် မြစ်ချောင်းများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မြင့်တက်နေ 

Admin 11 Nov 2024

ရေချိုအရင်းအမြစ်ရှိသည့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မြင့်တက်နေပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသဖြင့် အချိန်မီတားဆီးရန် လိုအပ်နေသည်။ 

အမ်း လက်နက်သိုလှောင်ရုံကို AA တိုက်ခိုက် 

Admin 11 Nov 2024

နပခဌာနချုပ်အနီးရှိ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများ အဓိက သိုလှောင်သည့်နေရာကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းအချိန်တွင် AA က RPG ဖြင့် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲပျက်စီးမှုများရှိခဲ့သည်။ 

ရခိုင်တွင် စက်သုံးဆီဈေးနှုန်း ကျင်ဆင်းလာသော်လည်း ယာဉ်ငှားရမ်းခများ မြင့်တက်နေဆဲ 

Admin 11 Nov 2024

အငှားယာဉ်စရိတ် မြင့်တက်မှုကြောင့် ဈေးသည်အချို့မှာ ခြေလျင်လျှောက်ပြီး မြို့ပေါ်သို့ သွားရောက် ရောင်းချကြသလို အလုပ်အကိုင်အဆင်မပြေမှု၊ စားဝတ်နေရေးခက်ခဲမှုတို့ကြောင့် ဒေသခံအများစုမှာလည်း မြို့တွင်းနေရာအများအပြားကို ခြေလျင်လျှောက်၍ သွားလာနေကြသည်။

ရခိုင်စစ်ရေးကြားက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ 

Admin 11 Nov 2024

တိုက်ပွဲမဖြစ်မီက ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိခဲ့သော်လည်း လက်ရှိတွင် ငွေကြေးအခက်အခဲ၊ ဆေးဝါးရှားပါးမှုကြောင့် ကိုယ်ဝန်နှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေကြသည်။

ရခိုင်တောင်သူများ မိုးစပါးရိတ်သိမ်းရန် အခက်အခဲရှိနေ 

Admin 11 Nov 2024

ရခိုင်က တောင်သူများမှာ ဓာတ်မြေဩဇာ ဈေးမြင့်တက်မှု၊ စက်သုံးဆီဈေးမြင့်တက်မှု စသည့် သွင်းအားစုစရိတ်ကြီးမားမှု အခက်အခဲအမျိုးမျိုးကြားမှ ထွက်ယက်စိုက်ပျိုးထားသော မိုးစပါးများအား ရိတ်သိမ်းရန် အခက်အခဲများ ရှိနေပြန်သည်။ 

ရခိုင်တွင် စစ်ဘေးရှောင် ၇ သိန်းနီးပါး တိုးလာ 

Admin 09 Nov 2024

စစ်ဘေးရှောင် ၉၈ ရာခိုင်နှုန်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တကျော့ပြန်ရခိုင်စစ်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုးလာခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ 

ထိုင်းတွင် အ‌ထောက်အထားမဲ့ နေထိုင်သူများကို ငွေဒဏ်အပြင် နေထိုင်ခွင့် ပိတ်ပင်မည် 

Admin 09 Nov 2024

လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်အညီ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ နေထိုင်ခွင့်သက်တမ်းတိုးမှုများကို ဆောက်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးသို့လာရောက် သက်တမ်းတိုးရန် မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

တောင်ကုတ် ခမရ - ၃၄၆ နှင့် ၅၄၄ တပ်ရင်းသိမ်းတိုက်ပွဲ ပြင်းထန်နေ 

Admin 09 Nov 2024

တောင်ကုတ်မြို့နှင့် ၁ မိုင်ခန့်အကွာရှိ ခမရ - ၃၄၆၊ ခမရ - ၅၄၄ တပ်ရင်းတို့ကို AA က နိုဝင်ဘာ ၇ ရက်မှစ၍ ထိုးစစ်ဆင်နေပြီး ယနေ့အချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

Showing 201-220 of 8,323 items.