လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရာရွှေ့ပြောင်းရ

07 Jan 2022

ကယားပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယမန်နေ့(ဇန်နဝါရီ ၆ ရက်)မှစပြီး မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့်ဒေသခံများမှာ စခန်းရွှေ့ပြောင်းမှုများပြုလုပ်နေရကြောင်း ကရင်နီ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

တက္ကသိုလ်ုဝင်တန်းစာမေးပွဲဖြေဆိုခွင့် လျှောက်ထားရက် ထပ်မံတိုးမြှင့်

07 Jan 2022

လာမည့်မတ်လအတွင်းတွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ဇန်နဝါရီလ ၁၅ ရက်နေ့အထိ နောက်ဆုံးထားပြီး တင်သွင်းလျှောက်ထားနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယမန်နေ့(ဇန်နဝါရီလ ၆ ရက်နေ့)က ထုတ်ပြန်ထားသည်။

ဖုန်းဆင်းကတ်တစ်ကတ်ကို ကုန်သွယ်လုပ်ငန်းခွန် နှစ်သောင်းကျပ် စစ်ကောင်စီကကောက်ခံမည်

07 Jan 2022

ဖုန်းဆင်းကတ်များဝယ်ယူမည်ဆိုပါက ဆင်းကတ်တစ်ကတ်လျှင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ငွေကျပ်နှစ်သောင်းစီ ကောက်ခံသွားမည်ဟု စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဒေသဖွံ့ဖြိုးရေးကိုဦးဆောင်လုပ်ကိုင်နေသည့် လူငယ်များကို ဖမ်းဆီးလာခြင်းမှာ မတရားဖိနှိပ်လာခြင်းဟု ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်ထုတ်ပြန်

07 Jan 2022

ဒေသဖွံ့ဖြိုးရေးတွင်ဦးဆောင်လုပ်ကိုင်နေကြသည့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအပါဝင် ရခိုင်ပြည်အတွင်းမှလူငယ်များကို PDF နှင့်ဆက်စပ်သည့်ဟုဆိုကာ ဖမ်းဆီးလာခြင်းမှာ မတရားဖိနှိပ်လာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများ-ကွန်ရက်(AAYON)က ယနေ့ထုတ်ပြန်လိုက်သည်။

ရခိုင့်ကံကြမ္မာဖန်တီးနိုင်ရေးအတွက် နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ALP ထုတ်ပြန်

DMG 06 Jan 2022

ရခိုင့်ကံကြမ္မာကိုဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားနေကြသည့် ရခိုင့်လက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့်လက်တွဲကာ လက်နက်ကိုင်လမ်းစဉ်ကိုလက်ကိုင်ထားပြီး နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP)က ယနေ့(ဇန်နဝါရီလ ၆ ရက်)တွင် ထုတ်ပြန်လိုက်သည်။

မြန်မာမှ ထိုင်းနိုင်ငံသို့ စစ်ဘေးတိမ်းရှောင်နေသူများအတွက် နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့ရန် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်လိုအပ်နေ

DMG 06 Jan 2022

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များကို မြန်မာနိုင်ငံနယ်စပ်မှဖြတ်ကျော်ပြီး ကယ်ဆယ်ရေးစခန်းများသို့ကူညီထောက်ပံ့ရန် ထိုင်းအာဏာပိုင်ထံမှ တရားဝင်ခွင့်ပြုပေးရန်လိုအပ်နေကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းပြန်တက်သူ လေးပုံတစ်ပုံသာရှိ

DMG 06 Jan 2022

မြန်မာနိုင်ငံတစ်ဝန်းမှာ ဇန်နဝါရီလ ၆ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ စစ်တွေတက္က္ကသိုလ်တွင် ကျောင်းပြန်တက်သူဦးရေမှာ လေးပုံ တစ်ပုံခန့်သာ ရှိခဲ့သည်။

နှစ်နှစ်ခန့်ကြာဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသားများအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မတင်သင့် အမိန့်ချမည်

DMG 06 Jan 2022

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ(၅)ဦးကို လာမည့်ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စွဲချက်တင်သင့်၊မတင်သင့်အမိန့်ချမှတ်မည်ဟု သိရသည်။

စစ်တွေတွင် ဘေးတွဲနှင့်သုံးဘီးဆိုင်ကယ်များမောင်းနှင်မည့် လမ်းအချို့ကို သတ်မှတ်မည်

DMG 06 Jan 2022

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ မောင်းနှင်သွားလာရမည့်လမ်းအချို့ကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရ သည်။

ဆောင်းသီးနှံစိုက်ပျိုးသူများ အရှုံးပေါ်

DMG 06 Jan 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြင့်တက်လာခဲ့သော စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဆီမြေသြဇာဈေးနှုန်းကြောင့် တောင်သူများမှာ စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဝင်ငွေမကာမိဘဲ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

Western News မှ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးတွင် ၁၂၄-က ဖြင့် ဦးတိုက်လျှောက်ခံထားရ

DMG 05 Jan 2022

ရခိုင်ပြည် အခြေစိုက် Western News မှ သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးတွင် အမြင့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချက်မှတ်နိုင်သည့် ၁၂၄-က ဖြင့် ဦးတိုက်လျှောက်ခံထားရကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက အတည်ပြုပြောသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှ နေအိမ်များ အရေးပေါ်ပြုပြင်ရန် လိုအပ်နေ

DMG 05 Jan 2022

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်များနေထိုင်သည့် နေအိမ်အချို့မှာ လူနေထိုင်၍မရနိုင်အောင်ထိ ပျက်စီးယိုယွင်းနေသဖြင့် အရေးပေါ်ပြန်လည် ပြုပြင်ပေးရန်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းရေယာဉ်အစီးရေ ၄၅၀၀ ကျော် ငါးဖမ်းဆီးခွင့်ပြုထား

DMG 05 Jan 2022

ရခိုင်ကမ်းရိုးတန်းတွင် တရားဝင်မှတ်ပုံတင်ထားသော ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ် ၄၅၀၀ ကျော်ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးသွေးဝယ်လိုအား မြင့်တက်နေ

DMG 05 Jan 2022

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေမှုကြောင့် မီးသွေးများ ဝယ်လိုအားမြင့်တက်လာနေသည်။

Western News မှ သတင်းဖော်ပြမှုကြောင့် တရားစွဲဆိုရန် တရားရုံးသို့ဦးတိုက်လျှောက်ထားသည့်ကိစ္စ ပြည်နယ်စစ်ကောင်စီက တိတိကျကျပြောဆိုခြင်းမရှိ

DMG 05 Jan 2022

ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနမှ သတင်းဖော်ပြမှုတစ်ခုနှင့်ပတ်သက်ပြီး တရားစွဲဆိုရန်အတွက် တရားရုံးတွင်ဦးတိုက်လျှောက်ထားကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များကိုပြောသည်။

ကျိုက်ထိုတွင် နိုင်ငံရေးအမှုနှင့်ဖမ်းဆီးခံရသူ များလာ

DMG 05 Jan 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခြင်းကို ခံရသူ များပြားလာနေပြီး ပြီးခဲ့သည့်လေးလအတွင်း ဖမ်းဆီးခံရသူ ၃၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း စစ်ကောင်စီပြော

DMG 04 Jan 2022

ရခိုင်ပြည်နယ်တွင် ကိုဗစ်လုံးဝပျောက်သွားသည့်အခြေအနေမဟုတ်သည့်အတွက် ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောခွင့်ရသူကပြောသည်။

ရခိုင်က မြို့နယ်တစ်ချို့တွင် မြန်မာစစ်တပ်က ခရီးသွားဒေသခံများကို စစ်ဆေးမှုရှိလာ

DMG 04 Jan 2022

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များသည် ဒေသခံများ အဓိကအားထားသွားလာနေသည့် ကားလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ ခရီးသွားများကို စစ်ဆေးမှုများရှိလာကြောင်း သိရသည်။

စစ်တွေမြို့မှ ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်များကိုဖယ်ရှားမည်ဟု ပြည်နယ်စစ်ကောင်စီ၏ပြောဆိုချက်အပေါ် ဘေးတွဲနှင့်သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ စိုးရိမ်

DMG 04 Jan 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။

ရခိုင်က ပြည်သူအားလုံးကို ဧပြီလအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် စီစဉ်နေ

DMG 04 Jan 2022

ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ပြည်သူအားလုံးကို လာမည့် ဧပြီလအတွင်း ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးရန်ရည်မှန်းထားသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Showing 3,941-3,960 of 8,345 items.