လူနေရပ်ကွက်အတွင်း စက်သုံးလောင်စာဆီဆိုင်ဆောက်လုပ်မှုကို တားမြစ်ပေးရန် ဒေသခံများလိုလား

29 Oct 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ လူနေရပ်ကွက်ဖြစ်သော ကိုင်ရှည်ရပ်ကွက်အတွင်း စက်သုံးဆီဆိုင်နှင့်ဆီသိုလှောင်ကန် တည်ဆောက်နေမှုကို ဒေသအာဏာပိုင်များအနေဖြင့် တားမြစ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများကပြောဆိုသည်။

အကြမ်းဖက်မှုဖြင့်အမှုဖွင့်ခံထားရသည့် မြောက်ဦးမှ လူငယ်စာရေးဆရာကို ဒုတိယအကြိမ်ရမန်ယူ

29 Oct 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှာ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ကာ ယနေ့(အောက်တိုဘာလ ၂၉ ရက်)နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ရမန်ယူခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ ၁၀ မိုင်ပတ်လည်ရှိ ကျေးရွာအချို့မှာ လျှပ်စစ်မီးရရှိရန် ကြန့်ကြာနေ

29 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ၁၀ မိုင်ပတ်လည်အကွာရှိ ကျေးရွာအချို့မှာ လျှပ်စစ်မီးရရှိရန် အချိန်ကြန့်ကြာနေကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်မှုနှင့် တစ်နှစ်ကျော်ကြာတရားရင်ဆိုင်နေရသည့် တောင်ကုတ်ဒေသခံ ကိုသန်းနိုင် ကျန်းမာရေးမကောင်းသဖြင့် မိသားစုစိုးရိမ်

29 Oct 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ အကြမ်းမှုတိုက်ဖျက်ရေးဥပဒေဖြင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ဦးသန်းနိုင်မှာ ကျန်းမာရေးမကောင်းသဖြင့် မိသားစုမှ စိုးရိမ်မှုရှိနေကြသည်။

ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း အမှုဖွင့်တိုင်ကြားမှု ၁၂ မှုသာရှိ

29 Oct 2021

ရခိုင်ပြည်နယ်ရှိ (၁၇)မြို့နယ်တွင် မော်တော်ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှု ယခုနှစ် ၉ လအတွင်း ၁၂ မှုသာရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အခြေခံပညာစာသင်ကျောင်းများ နိုဝင်ဘာလ ၁ ရက်နေ့ ပြန်ဖွင့်မည်

29 Oct 2021

ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာစာသင်ကျောင်းများကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

လက္ကာကျေးရွာသား ၂၀ ကျော်ကိုစွဲဆိုထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

28 Oct 2021

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်ကို စွဲဆိုထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအမှုကို လာမည့် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် မင်းထီး Law Firm အဖွဲ့မှ သိရသည်။

ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ပုံမှန်ထက်များပြား

28 Oct 2021

ရာသီအပြာင်းအလဲကြောင့် လက်ရှိအချိန်တွင် ရာသီတုပ်ကွေးကူးစက်မှုများရှိလာပြီး စစ်တွေမြို့မှဆေးခန်းများတွင် လာရောက်ပြသသည့်လူနာ ပိုမိုများပြားလာကြောင်း သိရသည်။

ရခိုင်မှ ဇာတ်သဘင်များ ယခုနှစ်တွင် ပြန်လည်ဦးမော့လာဟုဆို

28 Oct 2021

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့စစ်တပ်တို့အကြား (၂)နှစ်ကျော်တိုက်ပွဲကြောင့် ရပ်နားထားရသည့် ရခိုင်မှ ဇာတ်သဘင်များမှာ ယခုနှစ်တွင် ပြန်လည်ဦးမော့လာကြောင်း ဇာတ်တည်ထောင်သူများက ဆိုသည်။

စစ်ကောင်စီထံမှ ခရီးသွားလာခြင်း ခွင့်ပြုချက်မရရှိသဖြင့် WFP ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းထားရ

28 Oct 2021

စစ်ကောင်စီထံမှ ခရီးသွားလာခြင်း ခွင့်ပြုချက်မရှိသည့်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အနေဖြင့် ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများကို ရပ်ဆိုင်းထားရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကိုဗစ်ကြောင့် ရခိုင်ပြည်သူများ ပြည်ပသွားလာမှု နည်းပါး

28 Oct 2021

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ထက်ဝက်နီးပါးလျော့နည်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)မှ သိရသည်။

ရခိုင်ပြည်နယ်မှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရ

28 Oct 2021

ရခိုင်ပြည်နယ်တွင် ယခုနှစ်လူသတ်မှုမှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီးမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီညွှန်ကြား

27 Oct 2021

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်ကကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်မဲပိုပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ညွှန်ကြားလိုက်သည်။

စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို မနက်ဖြန်ပြန်ဖွင့်မည်

27 Oct 2021

ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှုပြတိုက်တို့ကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ရွှေဈေးထိုးကျပေမယ့် ဝယ်သူနည်း

27 Oct 2021

စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့သည့် ရွှေဈေးမှာ လက်ရှိအချိန်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းကျော်သာ ရှိသော်လည်း ရွှေဝယ်ယူသူမှာ နည်းပါးလျက်ရှိသည်။

ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေသူ များပြား

27 Oct 2021

ကိုဗစ်ကာလတွင် ခရီးသွားလုပ်ငန်းများ ထိခိုက်မှုရှိခဲ့သော်လည်း  သီတင်းကျွတ်လမှစတင်ကာ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေသူအရေအတွက် မြင့်တက်လာခဲ့သည်။

ဖမ်းဆီးခံထားရသူ ၅၀၀၀ ကျော်ကို လွှတ်ပေးမည်ဟု စစ်ကောင်စီပြောသော်လည်း လွတ်မြောက်သူ ၄၀၀၀ ကျော်သာရှိဟု AAPP ထုတ်ပြန်

27 Oct 2021

နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံထားရသူ (၅၆၃၆) ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီမှပြောဆိုထားသော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့အထိ စာရင်းကောက်ယူမှုအရ လွတ်မြောက်သူ (၄၀၆၅)ဦးသာရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မင်းပြားမြို့နယ် လေးမြို့မြစ်ကမ်းဘေးရှိ လက်မ(ရခိုင်ရွာ)မှာ နှစ်စဉ်ကမ်းပါးပြိုကျမှုနှင့် ကြုံတွေ့နေရ

27 Oct 2021

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လေးမြို့မြစ်ကမ်းဘေးရှိ လက်မ(ရခိုင်)ကျေးရွာတွင် နှစ်စဉ်ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များပျက်စီးမှုဖြစ်ပေါ်နေသဖြင့် ကမ်းထိန်းနံရံပြုလုပ်ရန်လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

စစ်တွေမြို့နယ်မှ နန္ဒဝန်ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ်ရန် စိစစ်နေ

27 Oct 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူအများသွားရောက်အပန်းဖြေနေသည့် နန္ဒဝန်ဥယျာဉ်အား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စိစစ်မှုများပြုလုပ်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ ပြောကြားသည်။

တင်းမကျေးရွာသား နေရပ်ပြန်ရေးအစီအစဉ် ခွင့်ပြုချက်မရ၍ နောက်ဆုတ်လိုက်ရ

27 Oct 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများမှာ မိမိနေရပ်တွင်ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် ကျေးရွာသို့သွားရောက်မည့်ကိစ္စကို ခွင့်ပြုချက်မရ၍ နောက်ဆုတ်လိုက်ရကြောင်း သိရသည်။

Showing 4,261-4,280 of 8,345 items.