ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအချို့ကို ရုပ်သိမ်းပေးရန် ဆောင်ရွက်နေဟုဆို
31 Aug 2021
ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အမှုအချို့ကို ရုပ်သိမ်းပေးရန် ဆောင်ရွက်နေကြောင်း ယနေ့သြဂုတ် ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။