တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ဆုံရန် စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်

22 Apr 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဧပြီလ ၂၂ ရက်)တွင် ပြောကြားလိုက်သည်။

မောင်တောမြို့နယ်တွင် ပြောင်းရွှေ့နေထိုင်နေသည့် မြိုတိုင်းရင်းသားများ ရေအခက်အခဲဖြစ်နေ

22 Apr 2022

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းတူကျေးရွာအနီးတွင် ရွှေ့ပြောင်းနေထိုင်နေကြသည့် မြိုတိုင်းရင်းသားလူဦးရေ ၄၀၀ ခန့်မှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု နေထိုင်သူများထံမှသိရသည်။

မာန်အောင်တွင် ယခုနှစ် သီဟိုဋ်စေ့ဖြစ်ထွန်းမှုကျဆင်း

22 Apr 2022

မာန်အောင်မြို့နယ်အတွင်းတွင်စိုက်ပျိုးထားသည့် သီဟိုဋ်ပင်များမှာ ယခုနှစ်တွင် သီးနှုန်းဖြစ်ထွန်းမှုကျဆင်းခဲ့ကြောင်း သီဟိုဋ်စိုက်ပျိုးရေးလုပ်ကိုင်သူများထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၉၀၀ ကျော်ပျက်စီးခဲ့

21 Apr 2022

ရခိုင်ပြည်နယ်တွင် ရုတ်တရက်တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ် ၉၀၀ ခန့်ပျက်စီးသွားခဲ့ကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးကို ၈၆ ရာနှုန်း ထိုးနှံပြီး

21 Apr 2022

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၈၆ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အမ်းမြို့နယ်အနီးတွင် မွတ်ဆလင် ၁၅ ဦးနှင့် ချင်းလူမျိုး ၃ ဦးတို့ ဖမ်းဆီးခံရ

21 Apr 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အထက်မထိန်ကျေးရွာအနီးရှိ တောအုပ်ထဲတွင် မွတ်ဆလင် ၁၅ ဦးနှင့် ၎င်းတို့ကိုခေါ်ဆောင်လာသည့် ပွဲစား ချင်းလူမျိုး ၃ ဦးတို့ ဖမ်းဆီးခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။

နှစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသားများအမှု အပြီးသတ်လျှောက်လဲချက်ပေးရန် ရုံးချိန်းထပ်ရွှေ့

21 Apr 2022

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို ယနေ့(ဧပြီလ ၂၁ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုခဲ့သော်လည်း တရားသူကြီးမရောက်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေထံမှသိရသည်။

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံနှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

21 Apr 2022

မောင်တောဒေသခံနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ဈ)ဖြင့် ယနေ့(ဧပြီလ ၂၁ ရက်)တွင် မောင်တောခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မိသားစုဝင်ထံမှသိရသည်။

ရခိုင်တွင် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ခြင်းမှာ မိုးတိမ်တောင်များကြောင့်ဟု မိုးဇလဆို

21 Apr 2022

ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော် မြို့နယ်များတွင် ယမန်နေ့(ဧပြီလ ၂၀ ရက်)နေ့လည်ပိုင်းက အချိန်အခါမဟုတ်မိုးသက်လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ဈေးဆိုင်ခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်အချို့နှင့် စစ်ဘေးရှောင်စခန်းများ ပျက်စီးခဲ့ရပြီး အချို့ဒေသများတွင် လူသေဆုံးမှုများလည်းရှိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့်တိုက်ပွဲများကြောင့် ကရင်နီဒေသမှ နေအိမ်တစ်ထောင်ခန့်ပျက်စီးမှုရှိဟုဆို

21 Apr 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ဒေသတွင် ဖြစ်ပွားလာသောတိုက်ပွဲများအတွင်း (ဧပြီလ ၂၀ ရက်)နေ့အထိ နေအိမ်ပေါင်းတစ်ထောင်ကျော် ပျက်စီးမှုရှိခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)အဖွဲ့မှ ထုတ်ပြန်သည်။

မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှားရန် ရှေ့/သုကအမိန့်ထုတ်

21 Apr 2022

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိုဖယ်ရှားပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားထားကြောင်း သိရသည်။

ရခိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းအမြောက်အများပျက်စီး၊ အရေးပေါ်အကူအညီများလိုအပ်နေ

20 Apr 2022

မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် ယနေ့(ဧပြီလ ၂၀ ရက်)နေ့လည်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်၊ စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံမှ ရှေးဟောင်းလက်ရာအချို့ အခိုးခံရ

20 Apr 2022

ကမ္ဘာ့အမွေအနှစ်(UNESCO)စာရင်းဝင်ဖြစ်သည့် ပုဂံဒေသရှိ ဘုရားနှစ်ဆူ၏ ပလ္လင်တွင်တန်ဆာဆင်ထားသော ရှေးဟောင်းလက်ရာများ ခိုးယူခံရကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းတာဝန်ရှိသူထံမှ သိရသည်။

KNU တပ်မဟာ (၅)နှင့် (၆)တို့၌ ယခုလအတွင်း တိုက်ပွဲအကြိမ်ရေ ၂၃၀ နီးပါးဖြစ်ပွား၊ ဒေသခံ ၁၆ ဦး ထိခိုက်သေဆုံးခဲ့

19 Apr 2022

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅)နှင့် တပ်မဟာ(၆)နယ်မြေတို့၌ ယခုဧပြီလ လက်ရှိအချိန်ထိ တိုက်ပွဲအကြိမ်ရေ(၂၃၀)နီးပါးဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၆ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကေအန်ယူသတင်းအရင်းအမြစ်များထံမှ သိရသည်။

သင်္ကြန်ကာလ ရခိုင်သို့ဝင်ရောက်သည့် ပြည်တွင်း၊ပြည်ပခရီးသည်ဦးရေ တစ်သောင်းခွဲကျော်ရှိခဲ့

19 Apr 2022

တည်ငြိမ်နေသည့်ရခိုင်ပြည်သို့ ယခုနှစ်သင်္ကြန်ကာလတွင် ပြည်တွင်း၊ပြည်ပခရီးသွားဝင်ရောက်မှုဦးရေမှာ တစ်သောင်းခွဲကျော်အထိရှိခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အမ်းမြို့တွင် စစ်တပ်ကဖိအားပေးမှုကြောင့် နေအိမ်ဖြိုဖျက်ပေးလိုက်ရသူ ၃၀ ခန့် အခက်အခဲဖြစ်နေ

19 Apr 2022

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မြို့သစ်အနီး တောင်ကုန်းပေါ်တွင်နေထိုင်ကြသည့် နေအိမ် ၅ လုံးကို စစ်တပ်ပိုင်မြေ၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ စစ်တပ်ကဖိအားပေးမှုကြောင့် ယမန်နေ့(ဧပြီလ ၁၈ ရက်)က နေအိမ်ဖြိုဖျက် ပေးလိုက်ရသည့်အတွက် လူဦးရေ ၃၀ ခန့်မှာ နေထိုင်ရေး၊ စားသောက်ရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ရခိုင်တွင် စက်သုံးဆီများကို အကန့်အသတ်ဖြင့်ရောင်းချရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထား

19 Apr 2022

နိုင်ငံအနှံ့တွင် စက်သုံးဆီအခက်အခဲများနှင့်ရင်ဆိုင်နေရချိန်တွင် ရခိုင်ပြည်တွင်လည်း ယနေ့(ဧပြီလ ၁၉ ရက်‌)ကစတင်ပြီး စက်သုံးဆီများကို အကန့်အသတ်ဖြင့်ရောင်းချရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရသည်။

စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ပေးရာတွင် AA သံသယဖြင့် ဖမ်းဆီးခံရသူများမပါဝင်သဖြင့် မိသားစုဝင်များစိတ်ပျက်

19 Apr 2022

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်ကို စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ ပါဝင်လာခြင်းမရှိသဖြင့် မိသားစုဝင်များက စိတ်ပျက်နေကြသည်။

ရန်ကုန်တွင် စက်သုံးဆီများကို ခွဲတမ်းဖြင့်သာ ဝယ်ယူနေရ

19 Apr 2022

ရန်ကုန်က မြို့နယ်အချို့တွင် စက်သုံးဆီဆိုင်များ၌ ဆီပြတ်လတ်မှုကြောင့် ယနေ့(ဧပြီလ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ကာ ဆီများကို ခွဲတမ်းဖြင့်သာရောင်းချလျက်ရှိကြောင်း သိရသည်။

Showing 3,441-3,460 of 8,345 items.